ဘိုဟီမီယန္စ္အသင္းနဲ႔ (၁)ဂိုးစီသေရက်ခဲ့ေပမယ့္ လူငယ္ေတြရဲ႕ေျခစြမ္းကို ဖရန္႔ခ္လမ္းပတ္ ေက်နပ္

[ZawGyi]
ခ်ယ္လ္ဆီးနည္းျပသစ္ဖရန္႔ခ္လမ္းပတ္ဟာ မေန႔ညက ကစားခဲ့တဲ့ ရာသီၾကိဳေျခစမ္းပြဲစဥ္မွာ ဘိုဟီမီယန္စ္ကလပ္အသင္းနဲ႔ (၁)ဂိုးစီ သေရက်ခဲ့ေပမယ့္လည္း လူငယ္ၾကယ္ပြင့္ေတြရဲ႕ေျခစြမ္းကို ခ်ီးက်ဴးသြားခဲ့ပါတယ္။

မီခ်ီဘတ္ရွဴယာရီရဲ႕ အေစာပိုင္းသြင္းဂိုးနဲ႔အတူ ျခေသၤ့ျပာတို႔ ဦးေဆာင္ႏိုင္ခဲ့ပေမယ့္ ပြဲျပီးဆံုးခါနီးမွာ အဲရစ္မိုေလက ေခ်ပဂိုးျပန္သြင္းသြားတဲ့အတြက္ ဂႏၳဝင္ကစားသမားၾကီးအဖို႔ ခ်ယ္လ္ဆီးနည္းျပဘဝ ပထမဆံုးပြဲစဥ္ကို သေရနဲ႔သာ ေက်နပ္ခဲ့ရတာပါ။

အဓိက ကစားသမားအမ်ားစု ရာသီၾကိဳေလ့က်င္းေရးအစီအစဥ္ေတြကို မပူးေပါင္းႏုိင္ေသးတဲ့အတြက္ ခ်ယ္လ္ဆီးအသင္းဟာ လူငယ္ၾကယ္ပြင့္ေတြနဲ႔သာ ပြဲထြက္ကစားခဲ့ရျပီး ဒရင့္ဝါးတား၊ ဘာကာယိုကိုနဲ႔ ဇူးမားတို႔လို ကစားသမားေတြလည္း ကစားခြင့္ရခဲ့ၾကပါတယ္။

ပြဲအခ်ိန္အမ်ားစုမွာ ခ်ယ္လ္ဆီးအသင္းက လႊမ္းမုိးကစားသြားႏိုင္ခဲ့ျပီး အမ္ပါဒူ၊ ေကာ္နာဂယ္လက္ဂ်ာနဲ႔ ေဘလီေဂးလ္ေမာတို႔လို လူငယ္ေတြ ေျခစြမ္းျပကစားႏုိင္ခဲ့တာကို ေတြ႕ခဲ့ရသလို အခြင့္အေရးေတြလည္း ဖန္တီးႏိုင္ခဲ့ေပမယ့္ အဆံုးသတ္ပိုင္း လိုအပ္ခ်က္ေလးေတြ ရိွခဲ့တာ ျဖစ္ပါတယ္။

” ၾကံ႕ခိုင္မႈပိုင္းက ကြ်န္ေတာ္တို႔ ေျဖရွင္းရဦးမယ့္ ကိစၥဗ်။ ကြ်န္ေတာ္တုိ႔ အေကာင္းဆံုး ၾကိဳးစားေနပါတယ္။ ရာသီၾကိဳေျခစမ္းပြဲစဥ္ျဖစ္ေပမယ့္လည္း ဖိအားေတြေအာက္မွာ သူတို႔ ဘယ္လိုေျဖရွင္းမလဲဆိုတာကို ကြ်န္ေတာ္ ျမင္ခ်င္ခဲ့ပါတယ္။ ”

” ပြဲက ပြဲေကာင္းတပြဲ ျဖစ္ခဲ့တယ္။ ကြ်န္ေတာ္တို႔ ႏိုင္ပြဲရခ်င္ခဲ့တယ္။ ဒါေပမယ့္လည္း ဒါက အေရးၾကီးကိစၥမဟုတ္ပါဘူး။ ကစားသမားတိုင္း ၾကံ႕ခိုင္မႈအျပည့္အဝ ျပန္ရဖို႔ပဲ လိုအပ္ပါတယ္။ အဲဒီအတြက္ သူတို႔ကို ေမာင္းရဦးမယ္။ စြမ္းေဆာင္ရည္အခ်ိဳ႕ အထူးသျဖင့္ လူငယ္ေလးေတြရဲ႕ ေျခစြမ္းကေတာ့ တကယ္ေကာင္းခဲ့ပါတယ္။ ”

” အဲဒီအတြက္ ကြ်န္ေတာ္ အရမ္းေက်နပ္မိပါတယ္။ ကြ်န္ေတာ္တို႔ လိုခ်င္တဲ့လမ္းေၾကာင္းအတိုင္း၊ ကြ်န္ေတာ္တို႔ ျဖစ္ေစခ်င္တဲ့ပံုစံအတိုင္း သူတို႔ ကစားႏိုင္ခဲ့တဲ့အတြက္ ေက်နပ္မိပါတယ္။ ” လို႔ လမ္းပတ္က ေျပာၾကားခဲ့ပါတယ္။

Ref : Metro

[Unicode]
ချယ်လ်ဆီးနည်းပြသစ်ဖရန့်ခ်လမ်းပတ်ဟာ မနေ့ညက ကစားခဲ့တဲ့ ရာသီကြိုခြေစမ်းပွဲစဉ်မှာ ဘိုဟီမီယန်စ်ကလပ်အသင်းနဲ့ (၁)ဂိုးစီ သရေကျခဲ့ပေမယ့်လည်း လူငယ်ကြယ်ပွင့်တွေရဲ့ခြေစွမ်းကို ချီးကျူးသွားခဲ့ပါတယ်။

မီချီဘတ်ရှူယာရီရဲ့ အစောပိုင်းသွင်းဂိုးနဲ့အတူ ခြင်္သေ့ပြာတို့ ဦးဆောင်နိုင်ခဲ့ပမေယ့် ပွဲပြီးဆုံးခါနီးမှာ အဲရစ်မိုလေက ချေပဂိုးပြန်သွင်းသွားတဲ့အတွက် ဂန္ထဝင်ကစားသမားကြီးအဖို့ ချယ်လ်ဆီးနည်းပြဘဝ ပထမဆုံးပွဲစဉ်ကို သရေနဲ့သာ ကျေနပ်ခဲ့ရတာပါ။

အဓိက ကစားသမားအများစု ရာသီကြိုလေ့ကျင်းရေးအစီအစဉ်တွေကို မပူးပေါင်းနိုင်သေးတဲ့အတွက် ချယ်လ်ဆီးအသင်းဟာ လူငယ်ကြယ်ပွင့်တွေနဲ့သာ ပွဲထွက်ကစားခဲ့ရပြီး ဒရင့်ဝါးတား၊ ဘာကာယိုကိုနဲ့ ဇူးမားတို့လို ကစားသမားတွေလည်း ကစားခွင့်ရခဲ့ကြပါတယ်။

ပွဲအချိန်အများစုမှာ ချယ်လ်ဆီးအသင်းက လွှမ်းမိုးကစားသွားနိုင်ခဲ့ပြီး အမ်ပါဒူ၊ ကော်နာဂယ်လက်ဂျာနဲ့ ဘေလီဂေးလ်မောတို့လို လူငယ်တွေ ခြေစွမ်းပြကစားနိုင်ခဲ့တာကို တွေ့ခဲ့ရသလို အခွင့်အရေးတွေလည်း ဖန်တီးနိုင်ခဲ့ပေမယ့် အဆုံးသတ်ပိုင်း လိုအပ်ချက်လေးတွေ ရှိခဲ့တာ ဖြစ်ပါတယ်။

” ကြံ့ခိုင်မှုပိုင်းက ကျွန်တော်တို့ ဖြေရှင်းရဦးမယ့် ကိစ္စဗျ။ ကျွန်တော်တို့ အကောင်းဆုံး ကြိုးစားနေပါတယ်။ ရာသီကြိုခြေစမ်းပွဲစဉ်ဖြစ်ပေမယ့်လည်း ဖိအားတွေအောက်မှာ သူတို့ ဘယ်လိုဖြေရှင်းမလဲဆိုတာကို ကျွန်တော် မြင်ချင်ခဲ့ပါတယ်။ ”

” ပွဲက ပွဲကောင်းတပွဲ ဖြစ်ခဲ့တယ်။ ကျွန်တော်တို့ နိုင်ပွဲရချင်ခဲ့တယ်။ ဒါပေမယ့်လည်း ဒါက အရေးကြီးကိစ္စမဟုတ်ပါဘူး။ ကစားသမားတိုင်း ကြံ့ခိုင်မှုအပြည့်အဝ ပြန်ရဖို့ပဲ လိုအပ်ပါတယ်။ အဲဒီအတွက် သူတို့ကို မောင်းရဦးမယ်။ စွမ်းဆောင်ရည်အချို့ အထူးသဖြင့် လူငယ်လေးတွေရဲ့ ခြေစွမ်းကတော့ တကယ်ကောင်းခဲ့ပါတယ်။ ”

” အဲဒီအတွက် ကျွန်တော် အရမ်းကျေနပ်မိပါတယ်။ ကျွန်တော်တို့ လိုချင်တဲ့လမ်းကြောင်းအတိုင်း၊ ကျွန်တော်တို့ ဖြစ်စေချင်တဲ့ပုံစံအတိုင်း သူတို့ ကစားနိုင်ခဲ့တဲ့အတွက် ကျေနပ်မိပါတယ်။ ” လို့ လမ်းပတ်က ပြောကြားခဲ့ပါတယ်။

Ref : Metro



error: Content is protected !!