ေရာ္နယ္ဒိုကို စိတ္ပ်က္စရာ ကစားသမားလို႔ ေဝဖန္ခဲ့တဲ့ အသင္းေဖာ္ေဟာင္း

မန္ခ်က္စတာယူႏုိက္တက္ကစားသမားေဟာင္း ဂ်ိဳနသန္စပက္တာက ၎ရဲ႕အသင္းေဖာ္ေဟာင္းျဖစ္တဲ့ ခရစ္စတီယာႏုိေရာ္နယ္ဒိုရဲ႕အေၾကာင္းကို ေျပာၾကားခဲ့ၿပီး အိုးထရက္ဖုိ႔ဒ္အတြက္ စိတ္ပ်က္စရာကစားသမားတစ္ဦးလို႔ ေဝဖန္ ေျပာၾကားခဲ့ေၾကာင္း Daily Mail က ေရးသားခဲ့ပါတယ္။

ပရီးမီးယားလိဂ္ထိပ္သီးအသင္းျဖစ္တဲ့ မန္ခ်က္စတာယူႏုိက္တက္ကို ေရာ္နယ္ဒိုဟာ ဆယ္ေက်ာ္သက္လူငယ္ကစားသမားအျဖစ္နဲ႔ ေျပာင္းေရႊ႕ခဲ့တာျဖစ္ၿပီး ပထမဆံုးရာသီအနည္းငယ္ဟာ ေရာ္နယ္ဒိုအတြက္ အလြန္ခက္ခဲခဲ့ပါတယ္။ ေရာ္နယ္ဒိုရဲ႕အသင္းေဖာ္ေဟာင္းျဖစ္တဲ့ ဂ်ိဳနသန္စပက္တာကေတာ့ ေရာ္နယ္ဒိုဟာ ၿပီးျပည့္စံုတဲ့ထုတ္ကုန္ျဖစ္လာခ်ိန္မွာ အသင္းေဖာ္ေတြနဲ႔ ပရိသတ္ေတြကို စိတ္ပ်က္စရာ ျဖစ္ေစခဲ့ေၾကာင္း ေျပာၾကားခဲ့ပါတယ္။

“သူက စိတ္ပ်က္စရာကစားသမားျဖစ္ခဲ့ပါတယ္။ သူ႔မွာအရည္အခ်င္းေတြအမ်ားႀကီးရွိတာ ခင္ဗ်ား ျမင္ႏုိိင္ပါတယ္။ ဒါေပမယ့္ သူက အခုအထိ ၿပီးျပည့္စံုတဲ့ထုတ္ကုန္မျဖစ္ေသးပါဘူး။ သူ ဒီေန႔လိုကစားသမားျဖစ္လာဖုိ႔အတြက္ အမ်ားႀကီးအေၾကြးတင္ေနတယ္လုိ႔ ထင္ပါတယ္။ နည္းျပတစ္ဦးတည္းကိုပဲမဟုတ္ဘဲ သူ႔ရဲ႕ေဘးနားပတ္ပတ္လည္မွာ ရွိေနတဲ့ကစားသမားေတြကိုေရာပါ” လို႔ စပက္တာက ဆိုပါတယ္။

အသင္းေဖာ္ေတြက ေရာ္နယ္ဒို တိုးတက္လာဖို႔ ဘယ္လိုကူညီခဲ့ရတယ္ဆိုတာနဲ႔ ပတ္သက္ျပီး “ဆာအဲလက္စ္က သူ႔ေဘးနားမွာ ကူညီႏုိင္တဲ့ကစားသမားေတြ အသင္းမွာရွိေအာင္ ေကာင္းမြန္တဲ့အလုပ္ကို လုပ္ႏုိင္ခဲ့့ပါတယ္။ သူ႔ေဘးနားက ကစားသမားေတြအားလံုးကို ပိုေကာင္းမြန္တဲ့ကစားသမားျဖစ္ေအာင္ လုပ္ခဲ့ပါတယ္။ သူ႔ကို ၿပီးျပည့္စံုတဲ့ထုတ္ကုန္ျဖစ္ေအာင္ ျပဳလုပ္ဖို႔အတြက္ သူရဲ႕ေျခစြမ္း ဖြံ႕ၿဖိဳးတုိးတက္လာဖို႔ စီစဥ္ထားတဲ့ ႏွစ္ေတြရွိခဲ့ပါတယ္။ သူ႔အတြက္ မန္ခ်က္စတာယူႏိုက္တက္ထက္ ပိုေကာင္းမြန္တဲ့ေနရာမရွိခဲ့ဘူးလို႔ ကၽြန္ေတာ္ ထင္ပါတယ္” လို႔လည္း အေမရိကန္ လက္ေရြးစင္ေဟာင္းက ဆိုပါတယ္။

လက္ရွိ စေကာ့တလန္ကလပ္ ဟိုင္ဘားနီးယန္းမွာ ကစားေနတဲ့ စပက္တာက “အဲ့တုန္းကဆို သူ႔ရဲ႕ ေနာက္ဆံုးေဘာလံုးေပးပို႔မႈေတြက ေတာ္ေတာ္ေလး တိတိက်က်မေရာက္တာကို ခင္ဗ်ားတို႔ ျမင္ေတြ႕ခဲ့မွာပါ။ အဲဒီအခ်ိန္တုန္းက ရုဒ္ဗန္နစၥတယ္ရိြဳင္းလည္း တကယ္စိတ္ပ်က္ေနခဲ့တာပါ။ ဘာလို႔လဲဆုိေတာ့ ေရာ္နယ္ဒိုက သူ႔အတြက္ ပင္နယ္တီဧရိယာထဲကို ေဘာလံုးေပးပို႔မယ္ဆု္ိရင္ သူ ေျခလွမ္းဘယ္ေလာက္လွမ္းရမလဲဆုိတာ မသိလို႔ပါ။ ဒါေပမယ့္ ေဘာလံုးအေပၚမွာ သူ႔ရဲ႕အရည္အေသြး၊ တစ္ဦးခ်င္း ေက်ာ္ျဖတ္ႏုိင္မႈက သူဟာ အရမ္းကိုထူးျခားတဲ့ကစားသမားျဖစ္လာလိမ့္မယ္ဆုိတာ ရွင္းရွင္းလင္းလင္း ျမင္ေစခဲ့ပါတယ္” လို႔ အရင္က အေၾကာင္းေတြကို ျပန္လည္ေျပာျပခဲ့ပါတယ္။

စီ ေရာ္နယ္ဒိုဟ မန္ခ်က္စတာ ယူႏုိက္တက္အသင္းမွာ ၂၀၀၃ ခုႏွစ္ကေန ၂၀၀၉ ခုႏွစ္အထိ ၆ ႏွစ္ၾကာကစားခဲ့ျပီး ပြဲ ၃၀၀ နီးပါးကစားကာ သြင္းဂိုး ၁၁၈ ဂိုးသြင္းယူေပးႏုိင္ခဲ့သူျဖစ္ပါတယ္။
Ref: Daily Mail, AS

 

Unicode

 

မန်ချက်စတာယူနိုက်တက်ကစားသမားဟောင်း ဂျိုနသန်စပက်တာက ၎င်းရဲ့အသင်းဖော်ဟောင်းဖြစ်တဲ့ ခရစ်စတီယာနိုရော်နယ်ဒိုရဲ့အကြောင်းကို ပြောကြားခဲ့ပြီး အိုးထရက်ဖို့ဒ်အတွက် စိတ်ပျက်စရာကစားသမားတစ်ဦးလို့ ဝေဖန် ပြောကြားခဲ့ကြောင်း Daily Mail က ရေးသားခဲ့ပါတယ်။

ပရီးမီးယားလိဂ်ထိပ်သီးအသင်းဖြစ်တဲ့ မန်ချက်စတာယူနိုက်တက်ကို ရော်နယ်ဒိုဟာ ဆယ်ကျော်သက်လူငယ်ကစားသမားအဖြစ်နဲ့ ပြောင်းရွှေ့ခဲ့တာဖြစ်ပြီး ပထမဆုံးရာသီအနည်းငယ်ဟာ ရော်နယ်ဒိုအတွက် အလွန်ခက်ခဲခဲ့ပါတယ်။ ရော်နယ်ဒိုရဲ့အသင်းဖော်ဟောင်းဖြစ်တဲ့ ဂျိုနသန်စပက်တာကတော့ ရော်နယ်ဒိုဟာ ပြီးပြည့်စုံတဲ့ထုတ်ကုန်ဖြစ်လာချိန်မှာ အသင်းဖော်တွေနဲ့ ပရိသတ်တွေကို စိတ်ပျက်စရာ ဖြစ်စေခဲ့ကြောင်း ပြောကြားခဲ့ပါတယ်။

“သူက စိတ်ပျက်စရာကစားသမားဖြစ်ခဲ့ပါတယ်။ သူ့မှာအရည်အချင်းတွေအများကြီးရှိတာ ခင်ဗျား မြင်နိုင်ပါတယ်။ ဒါပေမယ့် သူက အခုအထိ ပြီးပြည့်စုံတဲ့ထုတ်ကုန်မဖြစ်သေးပါဘူး။ သူ ဒီနေ့လိုကစားသမားဖြစ်လာဖို့အတွက် အများကြီးအကြွေးတင်နေတယ်လို့ ထင်ပါတယ်။ နည်းပြတစ်ဦးတည်းကိုပဲမဟုတ်ဘဲ သူ့ရဲ့ဘေးနားပတ်ပတ်လည်မှာ ရှိနေတဲ့ကစားသမားတွေကိုရောပါ” လို့ စပက်တာက ဆိုပါတယ်။

အသင်းဖော်တွေက ရော်နယ်ဒို တိုးတက်လာဖို့ ဘယ်လိုကူညီခဲ့ရတယ်ဆိုတာနဲ့ ပတ်သက်ပြီး “ဆာအဲလက်စ်က သူ့ဘေးနားမှာ ကူညီနိုင်တဲ့ကစားသမားတွေ အသင်းမှာရှိအောင် ကောင်းမွန်တဲ့အလုပ်ကို လုပ်နိုင်ခဲ့ပါတယ်။ သူ့ဘေးနားက ကစားသမားတွေအားလုံးကို ပိုကောင်းမွန်တဲ့ကစားသမားဖြစ်အောင် လုပ်ခဲ့ပါတယ်။ သူ့ကို ပြီးပြည့်စုံတဲ့ထုတ်ကုန်ဖြစ်အောင် ပြုလုပ်ဖို့အတွက် သူရဲ့ခြေစွမ်း ဖွံ့ဖြိုးတိုးတက်လာဖို့ စီစဉ်ထားတဲ့ နှစ်တွေရှိခဲ့ပါတယ်။ သူ့အတွက် မန်ချက်စတာယူနိုက်တက်ထက် ပိုကောင်းမွန်တဲ့နေရာမရှိခဲ့ဘူးလို့ ကျွန်တော် ထင်ပါတယ်” လို့လည်း အမေရိကန် လက်ရွေးစင်ဟောင်းက ဆိုပါတယ်။

လက်ရှိ စကော့တလန်ကလပ် ဟိုင်ဘားနီးယန်းမှာ ကစားနေတဲ့ စပက်တာက “အဲ့တုန်းကဆို သူ့ရဲ့ နောက်ဆုံးဘောလုံးပေးပို့မှုတွေက တော်တော်လေး တိတိကျကျမရောက်တာကို ခင်ဗျားတို့ မြင်တွေ့ခဲ့မှာပါ။ အဲဒီအချိန်တုန်းက ရုဒ်ဗန်နစ္စတယ်ရွိုင်းလည်း တကယ်စိတ်ပျက်နေခဲ့တာပါ။ ဘာလို့လဲဆိုတော့ ရော်နယ်ဒိုက သူ့အတွက် ပင်နယ်တီဧရိယာထဲကို ဘောလုံးပေးပို့မယ်ဆိုရင် သူ ခြေလှမ်းဘယ်လောက်လှမ်းရမလဲဆိုတာ မသိလို့ပါ။ ဒါပေမယ့် ဘောလုံးအပေါ်မှာ သူ့ရဲ့အရည်အသွေး၊ တစ်ဦးချင်း ကျော်ဖြတ်နိုင်မှုက သူဟာ အရမ်းကိုထူးခြားတဲ့ကစားသမားဖြစ်လာလိမ့်မယ်ဆိုတာ ရှင်းရှင်းလင်းလင်း မြင်စေခဲ့ပါတယ်” လို့ အရင်က အကြောင်းတွေကို ပြန်လည်ပြောပြခဲ့ပါတယ်။

စီ ရော်နယ်ဒိုဟ မန်ချက်စတာ ယူနိုက်တက်အသင်းမှာ ၂၀၀၃ ခုနှစ်ကနေ ၂၀၀၉ ခုနှစ်အထိ ၆ နှစ်ကြာကစားခဲ့ပြီး ပွဲ ၃၀၀ နီးပါးကစားကာ သွင်းဂိုး ၁၁၈ ဂိုးသွင်းယူပေးနိုင်ခဲ့သူဖြစ်ပါတယ်။
Ref: Daily Mail, AS



Leave a Reply

Your email address will not be published.

*
*
*

error: Content is protected !!