ေမးခြန္းထုတ္ခဲ့ေနရတဲ့ ကိုစီယယ္နီရဲ႕ အျပဳအမူ

အာဆင္နယ္အသင္းေခါင္းေဆာင္ ေလာရင့္ ကိုစီယယ္နီဟာ အသင္းရဲ႕ အေမရိက ခရီးစဥ္ကို လိုက္ပါဖို႔ ျငင္းဆိုခဲ့ျပီး စာခ်ဳပ္ဖ်က္သိမ္းေပးဖို႔ ေတာင္းဆိုခဲ့တာေၾကာင့္ သူ႔ရဲ႕ အသင္းအေပၚ ဦးေဆာင္မႈ အရည္အေသြးနဲ႔ ပေရာ္ဖက္ရွင္နယ္ ဆန္မႈအေပၚ ပရိတ္သတ္ေတြနဲ႔ ေဘာလံုးကၽြမ္းက်င္သူေတြက ေမးခြန္းထုတ္ခဲ့ၾကတာျဖစ္ပါတယ္။

ကိုစီယယ္နီဟာ အသင္းက ထြက္ခြာလိုေနသူျဖစ္ျပီး ေဘာ္ဒိုးအသင္းဆီက စိတ္ဝင္စားမႈ ရရွိထားခ်ိန္မွာ အသင္းနဲ႔ က်န္ရွိေနတဲ့ စာခ်ဳပ္သက္တမ္း ၁ ႏွစ္ကို ဖ်က္သိမ္းေပးဖို႔ ေတာင္းဆိုခဲ့ေၾကာင္း Football London က ေဖာ္ျပခဲ့ပါတယ္။ အာဆင္နယ္အသင္းကေတာ့ ကိုစီယယ္နီရဲ႕ လုပ္ရပ္အေပၚ စိတ္ပ်က္မိေၾကာင္းနဲ႔ အဆုိပါအျပဳအမူဟာ စည္းမ်ဥ္းစည္းကမ္းေတြကို ခ်ိဳးေဖာက္ရာေရာက္ေၾကာင္း ထုတ္ျပန္ထားျပီးေတာ့ ေရွ႕ဆက္ဘယ္လို ျပဳမူေဆာင္ရြက္မယ္ဆိုတာကို လက္ရွိအခ်ိန္မွာ မွတ္ခ်က္ေပးဦးမွာမဟုတ္ေၾကာင္း ထုတ္ျပန္ခ်က္ထဲမွာ ေဖာ္ျပထားပါတယ္။

လက္ရွိအခ်ိန္မွာေတာ့ ပေရာ္ဖက္ရွင္နယ္မဆန္စြာ ေတာင္းဆိုမႈျပဳလုပ္ခဲ့တဲ့ ကိုစီယယ္နီရဲ႕ လုပ္ရပ္ကို ပရိတ္သတ္ေတြက အၾကီးအက်ယ္ ေဒါသထြက္ခဲ့ၾကျပီး အသင္းက အျမန္ဆံုး ထြက္သြားဖို႔ ေတာင္းဆိုခဲ့ၾကပါတယ္။ ပရိတ္သတ္အမ်ားစုက သူ႔ရဲ႕ ေခါင္းေဆာင္မႈ အရည္အေသြးကို ေမးခြန္းထုတ္ခဲ့ၾကျပီး တစ္ခ်ိဳ႕ေတြကေတာ့ အနည္းဆံုးေတာ့ ကိုစီယယ္နီရဲ႕ ဦးေႏွာက္မပါတဲ့ ဖ်က္ထုတ္မႈေတြကို ျမင္ရစရာအေၾကာင္း မရွိေတာ့ဘူးလို႔ မွတ္ခ်က္ျပဳခဲ့ၾကပါတယ္။

ကိုစီယယ္နီရဲ႕ အျပဳအမူကို ပရီးမီးယားလိဂ္ ဂႏၱဝင္ေဟာင္း ဂယ္ရီ လိုင္နီကာကလည္း ေဝဖန္ခဲ့ျပီး “ဒါမင္းရဲ႕ ဦးေဆာင္မႈစြမ္းရည္လား?” လို႔ ေမးခြန္းထုတ္ခဲ့ပါတယ္။

အာဆင္နယ္အသင္းဟာ စာခ်ဳပ္သက္တမ္း ၁၂ လ က်န္ရွိေနေသးတဲ့ ေလာရင့္ ကိုစီယယ္နီကို စာခ်ဳပ္သက္တမ္းထပ္မံတိုးျမွင့္ဖို႔ ေဆြးေႏြးေနသလို အဆင္မေျပျဖစ္ခဲ့ရင္ ထိုက္သင့္တဲ့ တန္ဖိုးတစ္ခုနဲ႔ ေရာင္းထုတ္ဖို႔ကိုလည္း စဥ္းစားေနေပမယ့္ ခုလို စာခ်ဳပ္ဖ်က္သိမ္းေပးဖို႔ အထိေတာ့ စဥ္းစားထားျခင္းမရွိဘူးလို႔ Football London ကဆိုထားပါတယ္။

ေနာက္ဆံုးရသတင္းေတြအရ အာဆင္နယ္အသင္းဟာ ကိုစီယယ္နီကို ၂ ပတ္စာ ဒါဏ္ေၾကးတပ္ရိုက္မွာျဖစ္ျပီးေတာ့ အသင္းေခါင္းေဆာင္ရာထူးကေနလည္း ဖယ္ရွားသြားမွာျဖစ္တယ္လုိ႔႔ သိရပါတယ္။
Ref: Football London

 

Unicode

 

အာဆင်နယ်အသင်းခေါင်းဆောင် လောရင့် ကိုစီယယ်နီဟာ အသင်းရဲ့ အမေရိက ခရီးစဉ်ကို လိုက်ပါဖို့ ငြင်းဆိုခဲ့ပြီး စာချုပ်ဖျက်သိမ်းပေးဖို့ တောင်းဆိုခဲ့တာကြောင့် သူ့ရဲ့ အသင်းအပေါ် ဦးဆောင်မှု အရည်အသွေးနဲ့ ပရော်ဖက်ရှင်နယ် ဆန်မှုအပေါ် ပရိတ်သတ်တွေနဲ့ ဘောလုံးကျွမ်းကျင်သူတွေက မေးခွန်းထုတ်ခဲ့ကြတာဖြစ်ပါတယ်။

ကိုစီယယ်နီဟာ အသင်းက ထွက်ခွာလိုနေသူဖြစ်ပြီး ဘော်ဒိုးအသင်းဆီက စိတ်ဝင်စားမှု ရရှိထားချိန်မှာ အသင်းနဲ့ ကျန်ရှိနေတဲ့ စာချုပ်သက်တမ်း ၁ နှစ်ကို ဖျက်သိမ်းပေးဖို့ တောင်းဆိုခဲ့ကြောင်း Football London က ဖော်ပြခဲ့ပါတယ်။ အာဆင်နယ်အသင်းကတော့ ကိုစီယယ်နီရဲ့ လုပ်ရပ်အပေါ် စိတ်ပျက်မိကြောင်းနဲ့ အဆိုပါအပြုအမူဟာ စည်းမျဉ်းစည်းကမ်းတွေကို ချိုးဖောက်ရာရောက်ကြောင်း ထုတ်ပြန်ထားပြီးတော့ ရှေ့ဆက်ဘယ်လို ပြုမူဆောင်ရွက်မယ်ဆိုတာကို လက်ရှိအချိန်မှာ မှတ်ချက်ပေးဦးမှာမဟုတ်ကြောင်း ထုတ်ပြန်ချက်ထဲမှာ ဖော်ပြထားပါတယ်။

လက်ရှိအချိန်မှာတော့ ပရော်ဖက်ရှင်နယ်မဆန်စွာ တောင်းဆိုမှုပြုလုပ်ခဲ့တဲ့ ကိုစီယယ်နီရဲ့ လုပ်ရပ်ကို ပရိတ်သတ်တွေက အကြီးအကျယ် ဒေါသထွက်ခဲ့ကြပြီး အသင်းက အမြန်ဆုံး ထွက်သွားဖို့ တောင်းဆိုခဲ့ကြပါတယ်။ ပရိတ်သတ်အများစုက သူ့ရဲ့ ခေါင်းဆောင်မှု အရည်အသွေးကို မေးခွန်းထုတ်ခဲ့ကြပြီး တစ်ချို့တွေကတော့ အနည်းဆုံးတော့ ကိုစီယယ်နီရဲ့ ဦးနှောက်မပါတဲ့ ဖျက်ထုတ်မှုတွေကို မြင်ရစရာအကြောင်း မရှိတော့ဘူးလို့ မှတ်ချက်ပြုခဲ့ကြပါတယ်။

ကိုစီယယ်နီရဲ့ အပြုအမူကို ပရီးမီးယားလိဂ် ဂန္တဝင်ဟောင်း ဂယ်ရီ လိုင်နီကာကလည်း ဝေဖန်ခဲ့ပြီး “ဒါမင်းရဲ့ ဦးဆောင်မှုစွမ်းရည်လား?” လို့ မေးခွန်းထုတ်ခဲ့ပါတယ်။

အာဆင်နယ်အသင်းဟာ စာချုပ်သက်တမ်း ၁၂ လ ကျန်ရှိနေသေးတဲ့ လောရင့် ကိုစီယယ်နီကို စာချုပ်သက်တမ်းထပ်မံတိုးမြှင့်ဖို့ ဆွေးနွေးနေသလို အဆင်မပြေဖြစ်ခဲ့ရင် ထိုက်သင့်တဲ့ တန်ဖိုးတစ်ခုနဲ့ ရောင်းထုတ်ဖို့ကိုလည်း စဉ်းစားနေပေမယ့် ခုလို စာချုပ်ဖျက်သိမ်းပေးဖို့ အထိတော့ စဉ်းစားထားခြင်းမရှိဘူးလို့ Football London ကဆိုထားပါတယ်။

နောက်ဆုံးရသတင်းတွေအရ အာဆင်နယ်အသင်းဟာ ကိုစီယယ်နီကို ၂ ပတ်စာ ဒါဏ်ကြေးတပ်ရိုက်မှာဖြစ်ပြီးတော့ အသင်းခေါင်းဆောင်ရာထူးကနေလည်း ဖယ်ရှားသွားမှာဖြစ်တယ်လို့ သိရပါတယ်။
Ref: Football London



error: Content is protected !!