နံနက္ခင္းသတင္းတိုမ်ား

၁။ အင္တာမီလန္အသင္းနဲ႔ သတင္းေတြ က်ယ္က်ယ္ျပန္႔ျပန္႔ထြက္ေပၚေနတဲ့ မန္ခ်က္စတာ ယူႏုိက္တက္အသင္းက ဘယ္လ္ဂ်ီယံတိုက္စစ္မွဴး ရိုမီယူ လူကာကူဟာ အသင္းရဲ႕ ေလ့က်င့္ေရး အစီအစဥ္ကို ပ်က္ကြက္ခဲ့တယ္လုိ႔႔ MEN သတင္းစာက ေဖာ္ျပခဲ့ပါတယ္။ မန္ယူအသင္းဘက္ကေတာ့ သီးျခားေလ့က်င့္ခန္း အစီအစဥ္အတြက္ ပ်က္ကြက္တာလို႔ ဆိုထားပါတယ္။

၂။ အဂၤလိပ္ လူမ်ိဳး ဘီလီယံနာ ဂ်င္မ္ ရက္ဒ္ ကလစ္ဖ္ရဲ႕ ေနာက္ဆံုးတစ္ေခါက္ ကမ္းလွမ္းခ်က္ဟာ ႏုိက္စ္အသင္းရဲ႕ တာဝန္ရွိသူေတြအၾကိဳက္နဲ႔ ကိုက္ညီခဲ့တာေၾကာင့္ ဂ်င္မ္ဟာ အဆုိပါအသင္းကို ဝယ္ယူႏုိင္ဖို႔ နီးစပ္ေနျပီျဖစ္တယ္လို႔ L’Equipe က ေဖာ္ျပခဲ့ပါတယ္။

၃။ ဝက္စ္ဟမ္းအသင္းဟာ ၾသစၾတီးယားတုိက္စစ္မွဴး အေနာ္တိုဗစ္ကို တရုတ္စူပါလိဂ္ကလပ္ ရွန္ဟိုင္း SIPG အသင္းထံ ေရာင္းခ်ခဲ့ျပီးေနာက္မွာ ဂ်ဴဗင္တပ္တုိက္စ္စမွဴး ဂြန္ဇာလို ဟီဂူအင္နဲ႔ ျပန္လည္အစားထိုုးဖို႔ ပစ္မွတ္ထားေနပါတယ္။ ျပီးခဲ့တဲ့ရာသီတုန္းက ခ်ယ္လ္ဆီးအသင္းမွာ အငွားနဲ႔လာေရာက္ကစားခဲ့တဲ့ အသက္ ၃၁ ႏွစ္အရြယ္ အာဂ်င္တီးနားတိုက္စစ္မွဴးဟာ လန္ဒန္ကလပ္မွာ (၁၈)ပြဲကစားေပးခဲ့ကာ (၅) ဂိုးသြင္းယူႏိုင္ခဲ့ျပီး ယူရိုပါလိဂ္ဖလားကို ဆြတ္ခူးႏိုင္ခဲ့ပါတယ္။ ဂ်ဴဗင္တပ္စ္အသင္းဟာ ဟီဂူအင္ကို ေပါင္ သန္း ၄၀ နဲ႔ ျပန္လည္ေရာင္းခ်ဖို႔ စီစဥ္ေနျပီး ၀က္စ္ဟမ္းက တစ္ရာသီအငွားစာခ်ဳပ္နဲ႔ ေခၚယူဖို႔ ၾကိဳးစားေနတာျဖစ္ပါတယ္။

၄။ မန္ယူကြင္းလယ္လူ မာတာ ဟာ တ႐ုတ္စူပါလိဂ္ကလပ္ Shanghai SIPG အသင္းရဲ႕ တစ္ပတ္လုပ္ခေပါင္ (၅၅၀၀၀၀) နဲ႔ ကမ္းလွမ္းမႈကို ပယ္ခ်ျပီး မန္ယူအသင္းနဲ႔ စာခ်ဳပ္သက္တမ္းတိုးခဲ႔တာျဖစ္ပါတယ္။ မာတာ ဟာ မန္ယူအသင္းမွာ ကစားလာတာ (၆) ရာသီရိွခဲ႔ျပီျဖစ္သလို ပရိသတ္အၾကိဳက္ကစားသမားအျဖစ္လည္း ရပ္တည္ေနသူျဖစ္ပါတယ္။

၅။ အက္သလက္တီကိုအသင္းဟာ စပါးညာေနာက္ခံလူ ကီရန္ ထရစ္ပီယာကို ေပါင္သန္း (၃၀) နဲ႔ ေခၚယူဖို႔ ၾကိဳးပမ္းေနတယ္လို႔ သိရပါတယ္။ စပါးအသင္းကလည္း ထရစ္ပီယာ ကို ေရာင္းခ်ဖို႔ရိွတယ္လို႔ သတင္းေတြထြက္ေပၚေနပါတယ္။

၆။ မန္ခ်က္စတာယူႏုိက္တက္အသင္းဟာ ဖီအုိရင္တီးနားေနာက္ခံကစားသမား နီကိုလာမီလန္ကိုဗစ္ကို ေခၚယူဖို႔အတြက္ ဖီအိုရင္တီးနားအသင္းကို စံုစမ္းေမးျမန္းခဲ့တယ္လို႔ Sportskeeda ရဲ႕ေဖာ္ျပခ်က္အရ သိရပါတယ္။ နီကိုလာမီလန္ကိုဗစ္ဟာ ယခုေႏြရာသီမွာ ဥေရာပထိပ္သီးအသင္းႀကီးေတြရဲ႕ အေျပာင္းအေရႊ႕ပစ္မွတ္ထဲမွာ ပါဝင္ေနသူျဖစ္ၿပီး မန္ခ်က္စတာယူႏုိက္တက္အသင္းက ၿပီးခဲ့တဲ့ဇန္နဝါရီအေျပာင္းအေရႊ႕ကာလမွာ ေပါင္သန္း ၄၀ နဲ႔ ကမ္းလွမ္းခဲ့ေပမယ့္ ဖီအိုရင္တီးနားအသင္းက ေပါင္သန္း ၅၀ လုိခ်င္တာေၾကာင့္ အေျပာင္းအေရႊ႕မျဖစ္ေျမာက္ခဲ့တာလို႔ သိရပါတယ္။

၇။ နာပိုလီအသင္းဥကၠဌ ေအာ္ရယ္လီယို ဒီေလာ္ရန္းတစ္က ဂ်ိမ္းစ္ ရိုဒရီဂြက္ဇ္အတြက္ ရီးရဲမက္ဒရစ္အသင္းရဲ႕ တန္ေၾကးသတ္မွတ္ထားမႈဟာ လက္ေတြ႕မဆန္ဘဲ လက္ခံႏုိင္စရာမရွိေၾကာင္း ေျပာၾကားခဲ့တယ္လုိ႔ Sportskeeda ရဲ႕သတင္းအရ သိရပါတယ္။ နာပိုလီအသင္းဟာ ကိုလံဘီယာ လက္ေရြးစင္ၾကယ္ပြင့္ကို ေခၚယူႏုိင္ဖုိ႔ ေရပန္းအစားဆံုးေနေပမယ့္ အငွားနဲ႔သာ ေခၚယူဖို႔ စိတ္ဝင္စားေနတာျဖစ္ပါတယ္။ တစ္ဖက္မွာလည္း ရီးရဲမက္ဒရစ္အသင္းက ယခုေႏြရာသီမွာ လူကာဂ်ိဳဗစ္၊ ဟာဇက္နဲ႔ အျခားကစားသမားေတြအတြက္ သံုးစြဲရတဲ့ေငြေၾကးကို ျပန္လည္ရွာေဖြလိုေနတာေၾကာင့္ ယူရို ၄၂ သန္းနဲ႔ အၿပီးသတ္ေရာင္းခ်လုိေနတယ္လုိ႔ သိရပါတယ္။

၈။ ဘာစီလိုနာအသင္းက စပိန္လက္ေရြးစင္ ေနာက္ခံလူ ဂ်ရတ္ ပီေကးဟာ အခြန္ေပးေဆာင္ဖို႔ ပ်က္ကြက္ထားတာေၾကာင့္ စပိန္ရဲတပ္ဖြဲ႕ က သတိေပးစကားဆိုလိုက္ၿပီလို႔ BBC SPORT သတင္းဌာနက ေဖာ္ျပလာပါတယ္။ စပိန္ႏိုင္ငံရဲ႕ ႏိုင္ငံေတာ္အဆင့္ တရားရုံးက ပီေကးတစ္ေယာက္ ၂၀၀၈ ကေန ၂၀၁၀ အတြင္း ပုံရိပ္အသုံးျပဳခကေန ရရွိခဲ့တဲ့ ၀င္ေငြေတြအတြက္ အခြန္ေငြေပးေဆာင္ထားျခင္းမရွိတာေၾကာင့္ ဒါဏ္ေၾကး ေပါင္ ၁.၈၉ သန္း ေပးေဆာင္ဖို႔ တရားရံုးက အမိန္႔ထုတ္ျပန္ခ့ဲပါတယ္။

၉။ အာဆင္နယ္အသင္းဟာ ဇာဟာအတြက္ ပထမအၾကိမ္တုန္းက ေပါင္ သန္း ၄၀ နဲ႔ ကမ္းလွမ္းထားေပမယ့္ယခုအခါ အသင္းမွာရွိေနတဲ့ အယ္လီနီ၊ ခ်မ္ဘာနဲ႔ ဂ်က္ကင္ဆန္ တို႔ ၃ ဦးကိုပါ အလိုက္ေပးျပီး ကမ္းလွမ္းေတာ့မွာလည္း ျဖစ္ပါတယ္။ ေပါင္သန္း ၄၀ + ကစားသမား ၃ ဦးဆိုတဲ့ အဆုိပါကမ္းလွမ္းမႈဟာ ပဲေလ့စ္အသင္း လက္ခံႏိုင္ေလာက္မယ့္ ပမာဏ ျဖစ္လာလိမ့္မယ္လို႔လည္း Daily Mailက သုံးသပ္ထားျပီး ပဲေလ့စ္အသင္းဘက္ကလည္း ဝတ္စံုသစ္မိတ္ဆက္မႈမွာ ဇာဟာကို ခ်န္လွပ္ခဲ့တာေၾကာင့္ အေျပာင္းအေရႊ႕ျဖစ္တန္ေျခပိုမိုျမင့္မားလာေနျပီလို႔ သတင္းေတြကဆိုေနပါတယ္။

၁၀။ လိုက္ပ္ဇစ္အသင္းက တုိက္စစ္မွဴး တီမို ဗာနာဟာ ဘိုင္ယန္ျမဴးနစ္အသင္းထံက ခိုင္ခုိင္မာမာ ကမ္းလွမ္းမႈမ်ိဳး ရရွိထားျခင္းမရွိတဲ့အတြက္ စိတ္ပ်က္လက္ပ်က္ျဖစ္နတယ္လို႔ ဂ်ာမန္ မီဒီယာ Kicker က ေဖာ္ျပခဲ့ပါတယ္။ ဗာနာဟာ ဘုိင္ယန္ျမဴးနစ္အသင္းထံ ေျပာင္းေရႊ႕ဖို႔႔ စိတ္အားထက္သန္ေနသူျဖစ္ပါတယ္။

 

Unicode

 

၁။ အင်တာမီလန်အသင်းနဲ့ သတင်းတွေ ကျယ်ကျယ်ပြန့်ပြန့်ထွက်ပေါ်နေတဲ့ မန်ချက်စတာ ယူနိုက်တက်အသင်းက ဘယ်လ်ဂျီယံတိုက်စစ်မှူး ရိုမီယူ လူကာကူဟာ အသင်းရဲ့ လေ့ကျင့်ရေး အစီအစဉ်ကို ပျက်ကွက်ခဲ့တယ်လို့ MEN သတင်းစာက ဖော်ပြခဲ့ပါတယ်။ မန်ယူအသင်းဘက်ကတော့ သီးခြားလေ့ကျင့်ခန်း အစီအစဉ်အတွက် ပျက်ကွက်တာလို့ ဆိုထားပါတယ်။

၂။ အင်္ဂလိပ် လူမျိုး ဘီလီယံနာ ဂျင်မ် ရက်ဒ် ကလစ်ဖ်ရဲ့ နောက်ဆုံးတစ်ခေါက် ကမ်းလှမ်းချက်ဟာ နိုက်စ်အသင်းရဲ့ တာဝန်ရှိသူတွေအကြိုက်နဲ့ ကိုက်ညီခဲ့တာကြောင့် ဂျင်မ်ဟာ အဆိုပါအသင်းကို ဝယ်ယူနိုင်ဖို့ နီးစပ်နေပြီဖြစ်တယ်လို့ L’Equipe က ဖော်ပြခဲ့ပါတယ်။

၃။ ဝက်စ်ဟမ်းအသင်းဟာ သြစတြီးယားတိုက်စစ်မှူး အနော်တိုဗစ်ကို တရုတ်စူပါလိဂ်ကလပ် ရှန်ဟိုင်း SIPG အသင်းထံ ရောင်းချခဲ့ပြီးနောက်မှာ ဂျူဗင်တပ်တိုက်စ်စမှူး ဂွန်ဇာလို ဟီဂူအင်နဲ့ ပြန်လည်အစားထိုးဖို့ ပစ်မှတ်ထားနေပါတယ်။ ပြီးခဲ့တဲ့ရာသီတုန်းက ချယ်လ်ဆီးအသင်းမှာ အငှားနဲ့လာရောက်ကစားခဲ့တဲ့ အသက် ၃၁ နှစ်အရွယ် အာဂျင်တီးနားတိုက်စစ်မှူးဟာ လန်ဒန်ကလပ်မှာ (၁၈)ပွဲကစားပေးခဲ့ကာ (၅) ဂိုးသွင်းယူနိုင်ခဲ့ပြီး ယူရိုပါလိဂ်ဖလားကို ဆွတ်ခူးနိုင်ခဲ့ပါတယ်။ ဂျူဗင်တပ်စ်အသင်းဟာ ဟီဂူအင်ကို ပေါင် သန်း ၄၀ နဲ့ ပြန်လည်ရောင်းချဖို့ စီစဉ်နေပြီး ဝက်စ်ဟမ်းက တစ်ရာသီအငှားစာချုပ်နဲ့ ခေါ်ယူဖို့ ကြိုးစားနေတာဖြစ်ပါတယ်။

၄။ မန်ယူကွင်းလယ်လူ မာတာ ဟာ တရုတ်စူပါလိဂ်ကလပ် Shanghai SIPG အသင်းရဲ့ တစ်ပတ်လုပ်ခပေါင် (၅၅၀၀၀၀) နဲ့ ကမ်းလှမ်းမှုကို ပယ်ချပြီး မန်ယူအသင်းနဲ့ စာချုပ်သက်တမ်းတိုးခဲ့တာဖြစ်ပါတယ်။ မာတာ ဟာ မန်ယူအသင်းမှာ ကစားလာတာ (၆) ရာသီရှိခဲ့ပြီဖြစ်သလို ပရိသတ်အကြိုက်ကစားသမားအဖြစ်လည်း ရပ်တည်နေသူဖြစ်ပါတယ်။

၅။ အက်သလက်တီကိုအသင်းဟာ စပါးညာနောက်ခံလူ ကီရန် ထရစ်ပီယာကို ပေါင်သန်း (၃၀) နဲ့ ခေါ်ယူဖို့ ကြိုးပမ်းနေတယ်လို့ သိရပါတယ်။ စပါးအသင်းကလည်း ထရစ်ပီယာ ကို ရောင်းချဖို့ရှိတယ်လို့ သတင်းတွေထွက်ပေါ်နေပါတယ်။

၆။ မန်ချက်စတာယူနိုက်တက်အသင်းဟာ ဖီအိုရင်တီးနားနောက်ခံကစားသမား နီကိုလာမီလန်ကိုဗစ်ကို ခေါ်ယူဖို့အတွက် ဖီအိုရင်တီးနားအသင်းကို စုံစမ်းမေးမြန်းခဲ့တယ်လို့ Sportskeeda ရဲ့ဖော်ပြချက်အရ သိရပါတယ်။ နီကိုလာမီလန်ကိုဗစ်ဟာ ယခုနွေရာသီမှာ ဥရောပထိပ်သီးအသင်းကြီးတွေရဲ့ အပြောင်းအရွှေ့ပစ်မှတ်ထဲမှာ ပါဝင်နေသူဖြစ်ပြီး မန်ချက်စတာယူနိုက်တက်အသင်းက ပြီးခဲ့တဲ့ဇန်နဝါရီအပြောင်းအရွှေ့ကာလမှာ ပေါင်သန်း ၄၀ နဲ့ ကမ်းလှမ်းခဲ့ပေမယ့် ဖီအိုရင်တီးနားအသင်းက ပေါင်သန်း ၅၀ လိုချင်တာကြောင့် အပြောင်းအရွှေ့မဖြစ်မြောက်ခဲ့တာလို့ သိရပါတယ်။

၇။ နာပိုလီအသင်းဥက္ကဌ အော်ရယ်လီယို ဒီလော်ရန်းတစ်က ဂျိမ်းစ် ရိုဒရီဂွက်ဇ်အတွက် ရီးရဲမက်ဒရစ်အသင်းရဲ့ တန်ကြေးသတ်မှတ်ထားမှုဟာ လက်တွေ့မဆန်ဘဲ လက်ခံနိုင်စရာမရှိကြောင်း ပြောကြားခဲ့တယ်လို့ Sportskeeda ရဲ့သတင်းအရ သိရပါတယ်။ နာပိုလီအသင်းဟာ ကိုလံဘီယာ လက်ရွေးစင်ကြယ်ပွင့်ကို ခေါ်ယူနိုင်ဖို့ ရေပန်းအစားဆုံးနေပေမယ့် အငှားနဲ့သာ ခေါ်ယူဖို့ စိတ်ဝင်စားနေတာဖြစ်ပါတယ်။ တစ်ဖက်မှာလည်း ရီးရဲမက်ဒရစ်အသင်းက ယခုနွေရာသီမှာ လူကာဂျိုဗစ်၊ ဟာဇက်နဲ့ အခြားကစားသမားတွေအတွက် သုံးစွဲရတဲ့ငွေကြေးကို ပြန်လည်ရှာဖွေလိုနေတာကြောင့် ယူရို ၄၂ သန်းနဲ့ အပြီးသတ်ရောင်းချလိုနေတယ်လို့ သိရပါတယ်။

၈။ ဘာစီလိုနာအသင်းက စပိန်လက်ရွေးစင် နောက်ခံလူ ဂျရတ် ပီကေးဟာ အခွန်ပေးဆောင်ဖို့ ပျက်ကွက်ထားတာကြောင့် စပိန်ရဲတပ်ဖွဲ့ က သတိပေးစကားဆိုလိုက်ပြီလို့ BBC SPORT သတင်းဌာနက ဖော်ပြလာပါတယ်။ စပိန်နိုင်ငံရဲ့ နိုင်ငံတော်အဆင့် တရားရုံးက ပီကေးတစ်ယောက် ၂၀၀၈ ကနေ ၂၀၁၀ အတွင်း ပုံရိပ်အသုံးပြုခကနေ ရရှိခဲ့တဲ့ ဝင်ငွေတွေအတွက် အခွန်ငွေပေးဆောင်ထားခြင်းမရှိတာကြောင့် ဒါဏ်ကြေး ပေါင် ၁.၈၉ သန်း ပေးဆောင်ဖို့ တရားရုံးက အမိန့်ထုတ်ပြန်ခဲ့ပါတယ်။

၉။ အာဆင်နယ်အသင်းဟာ ဇာဟာအတွက် ပထမအကြိမ်တုန်းက ပေါင် သန်း ၄၀ နဲ့ ကမ်းလှမ်းထားပေမယ့်ယခုအခါ အသင်းမှာရှိနေတဲ့ အယ်လီနီ၊ ချမ်ဘာနဲ့ ဂျက်ကင်ဆန် တို့ ၃ ဦးကိုပါ အလိုက်ပေးပြီး ကမ်းလှမ်းတော့မှာလည်း ဖြစ်ပါတယ်။ ပေါင်သန်း ၄၀ + ကစားသမား ၃ ဦးဆိုတဲ့ အဆိုပါကမ်းလှမ်းမှုဟာ ပဲလေ့စ်အသင်း လက်ခံနိုင်လောက်မယ့် ပမာဏ ဖြစ်လာလိမ့်မယ်လို့လည်း Daily Mailက သုံးသပ်ထားပြီး ပဲလေ့စ်အသင်းဘက်ကလည်း ဝတ်စုံသစ်မိတ်ဆက်မှုမှာ ဇာဟာကို ချန်လှပ်ခဲ့တာကြောင့် အပြောင်းအရွှေ့ဖြစ်တန်ခြေပိုမိုမြင့်မားလာနေပြီလို့ သတင်းတွေကဆိုနေပါတယ်။

၁၀။ လိုက်ပ်ဇစ်အသင်းက တိုက်စစ်မှူး တီမို ဗာနာဟာ ဘိုင်ယန်မြူးနစ်အသင်းထံက ခိုင်ခိုင်မာမာ ကမ်းလှမ်းမှုမျိုး ရရှိထားခြင်းမရှိတဲ့အတွက် စိတ်ပျက်လက်ပျက်ဖြစ်နတယ်လို့ ဂျာမန် မီဒီယာ Kicker က ဖော်ပြခဲ့ပါတယ်။ ဗာနာဟာ ဘိုင်ယန်မြူးနစ်အသင်းထံ ပြောင်းရွှေ့ဖို့ စိတ်အားထက်သန်နေသူဖြစ်ပါတယ်။



Leave a Reply

Your email address will not be published.

*
*
*

error: Content is protected !!