လာလီဂါႏွင့္ စီးရီးေအသတင္းတိုမ်ား

၁။ ရီးရဲလ္မက္ဒရစ္ ေတာင္ပံကစားသမား ဂါရက္သ္ ေဘးလ္ဟာ တရုတ္စူပါလိဂ္ကလပ္ထံက တစ္ပတ္လုပ္ခ ေပါင္ ၁.၂ သန္းတန္ ကမ္းလွမ္းခ်က္ရရွိထားေပမယ့္ အသင္းက ထြက္ခြာဖို႔ အစီအစဥ္မရွိဘူးလို႔ Marca ရဲ႕ သတင္းတစ္ရပ္အရ သိရရွိပါတယ္။

၂။ ရိုးမားအသင္းနဲ႔ လမ္းခြဲထားတဲ့ အီတလီ ဂႏၱဝင္ ကြင္းလယ္လူၾကီး ဒန္နီယယ္လီ ဒီေရာ့စီဟာ ကစားသမားဘဝက အနားယူဖို႔ ဆံုးျဖတ္လုိက္ျပီျဖစ္ေၾကာင္း Sky Sports က ေဖာ္ျပခဲ့ပါတယ္။ အသက္ ၃၅ ႏွစ္အရြယ္ ဒီေရာ့စီဟာ ရိုးမားအသင္းကေန ထြက္ခြာလာခ်ိန္မွာ ေဘာလံုးဆက္ကစားဖို႔ စိတ္ဆႏၵရွိေနခဲ့သလို သူ႔ကို ေခၚယူလိုတဲ့ ထိပ္တန္းအသင္းေတြလည္း အမ်ားအျပားရွိေနေပမယ့္ လက္ရွိအခ်ိန္မွာေတာ့ သူ႔ဲ႕ ဆံုးျဖတ္ခ်က္ကို ျပင္ဆင္ျပီး အနားယူဖို႔သာ ဆံုးျဖတ္လုိက္တာျဖစပါတယ္။

၃။ နာပိုလီအသင္း တာဝန္ရွိသူေတြဟာ ဗလင္စီယာအသင္းရဲ႕ တိုက္စစ္မွဴး ရိုဒရီဂိုရဲ႕ အေျပာင္းအေရႊ႕ကိစၥကို ေဆြးေႏြးဖို႔ စပိန္ကို သြားေရာက္ေနျပီျဖစ္တယ္လုိ႔ သိရပါတယ္။ ဗလင္စီယာအသင္းဟာ ရိုဒရီဂိုအတြက္ စာခ်ဳပ္ဖ်က္သိမ္းခ ေပါင္ ၆၃ သန္း သတ္မွတ္ထားပါတယ္။

၄။ ရုိုးမားအသင္းရဲ႕ ကြင္းလယ္ၾကယ္ပြင့္ နီကိုလို ဇာနီယိုလိုရဲ႕ ေအးဂ်င့္ျဖစ္သူ ကေလာ္ဒီယို ဗီဂိုရယ္လီက သူ႔ကစားသမားအတြက္ ဘယ္လိုကမ္းလွမ္းမႈမ်ိဳးမွ ရရွိထားျခင္းမရွိဘူးလို႔ အတိတလင္းျငင္းခ်က္ထုတ္လုိက္ပါတယ္။ ဇာနီယိုလိုဟာ ပရီးမီးယားလိဂ္ကလပ္ စပါးအသင္းရဲ႕ ခ်ဥ္းကပ္မႈကို ခံေနရတယ္လုိ႔ သတင္းေတြ ထြက္ေပၚေနသူျဖစ္ပါတယ္။

၅။ အဲဗာတန္အသင္းဟာ ဂ်ဴဗင္တပ္အသင္းက အသက္ ၁၉ ႏွစ္အရြယ္ လူငယ္ၾကယ္ပြင့္တုိက္စစ္မွဴး မိြဳက္ဆီ ကိန္းကို အငွားစာခ်ဳပ္နဲ႔ ေခၚယူႏုိင္ဖို႔ ေဆြးေႏြးမႈေတြ ျပဳလုပ္ေနပါတယ္။

၆။ အင္တာမီလန္အသင္းဟာ မန္ယူကြင္းလယ္လူ နီမန္ဂ်ာ မာတစ္ကို ေခၚယူဖို႔ ေငြသာအလုိက္နဲဲ႔ ကြင္းလယ္လူ ႏိုင္ဂိုလန္တုိ႔ကို ေပးျပီး ကမ္းလွမ္းခဲ့ေပမယ့္ မန္ယူအသင္းဘက္က ျငင္းဆန္ပယ္ခ်ခဲ့တယ္လုိ႔ သိရပါတယ္။

၇။ ရီးရဲလ္မက္ဒရစ္အသင္းဟာ သူတို႔အသင္းက ျပီးခဲ့တဲ့ ရာသီကတည္းက အျပီးသတ္ေခၚယူဖို႔ သေဘာတူညီမႈရရွိထားတဲ့ ေပၚတို ေနာက္ခံလူ အီဒါ မီလီတာအုိကို တရားဝင္ မိတ္ဆက္ခဲ့ပါတယ္။ ရီးရဲလ္မက္ဒရစ္အသင္းဟာ မီလီတာအိုကို ယူရို သန္း ၅၀ ေပးေခ်ေခၚယူခဲ့တာျဖစ္ပါတယ္။

၈။ ဂ်ီႏိုအာအသင္းဟာ မိုနာကိုအသင္းက ဘယ္ေနာက္ခံလူ အန္တိုနီယို ဘာရီကာကို အငွားစာခ်ဳပ္နဲ႔ ေခၚယူခဲ့ျပီျဖစ္ပါတယ္။ ဂ်ီႏိုအာအသင္းဟာ အဆုိပါ ၂၄ ႏွစ္သားကစားသမားအတြက္ ရာသီကုန္မွာ အျပီးသတ္ေခၚယူဖုိ႔ သေဘာတူညီခ်က္ပါ ရယူႏုိင္ခဲ့တယ္လုိ႔ သိရပါတယ္။ ဘာရီကာဟာ ဂ်ီႏိုအာအသင္း လက္ရွိရာသီ ၅ ဦးေျမာက္ ေခၚယူႏုိင္ခဲ့တဲ့ ကစားသမားျဖစ္ပါတယ္။

၉။ မန္ခ်က္စတာ စီးတီးအသင္းဟာ ဂ်ဴဗင္တပ္အသင္းက ညာေနာက္ခံလူ ေယာ္အုိ ကန္ဆယ္လိုကို ေျပာင္းေရႊ႕ေၾကး ျမွင့္တင္ကမ္းလွမ္းေတာ့မွာျဖစ္ပါတယ္။ မန္စီးတီးအသင္းဟာ နဂိုတုန္းက ေပါင္ သန္း ၅၀ နဲ႔ ကမ္းလွမ္းထားတာျဖစ္ေပမယ့္ လက္ရွိအခ်ိန္မွာ ျပိဳင္ဘက္ေတြ ေပၚလာတာေၾကာင့္ ယခုလို စီစဥ္လာတာျဖစ္ပါတယ္။

၁၀။ မာလာဂါအသင္းက အသက္ ၂၈ ႏွစ္အရြယ္ ေတာင္ပံကစားသမား ဂ်ိဳနီ ရိုဒရီဂြက္ဇ္ဟာ လာဇီယိုအသင္းထံ အျပီးသတ္ေျပာင္းေရႊ႕လာခဲ့ျပီျဖစ္ပါတယ္။ ရိုဒရီဂြက္ဇ္ဟာ ျပီးခဲ့တဲ့တဲ့ရာသီတုန္းက အလာဗက္စ္အသင္းမွာ အငွားသြားေရာက္ကစားခဲ့ျပီး ဂိုးဖန္တီးမႈ ၁၂ ၾကိမ္အထိ ျပဳလုပ္ႏုိင္ခဲ့ကာ လာလီဂါမွာ တတိယေျမာက္ ဂိုးဖန္တီးမႈ အမ်ားဆံုးကစားသမားျဖစ္ခဲ့ပါတယ္။

 

Unicode

 

၁။ ရီးရဲလ်မက်ဒရစ် တောင်ပံကစားသမား ဂါရက်သ် ဘေးလ်ဟာ တရုတ်စူပါလိဂ်ကလပ်ထံက တစ်ပတ်လုပ်ခ ပေါင် ၁.၂ သန်းတန် ကမ်းလှမ်းချက်ရရှိထားပေမယ့် အသင်းက ထွက်ခွာဖို့ အစီအစဉ်မရှိဘူးလို့ Marca ရဲ့ သတင်းတစ်ရပ်အရ သိရရှိပါတယ်။

၂။ ရိုးမားအသင်းနဲ့ လမ်းခွဲထားတဲ့ အီတလီ ဂန္တဝင် ကွင်းလယ်လူကြီး ဒန်နီယယ်လီ ဒီရော့စီဟာ ကစားသမားဘဝက အနားယူဖို့ ဆုံးဖြတ်လိုက်ပြီဖြစ်ကြောင်း Sky Sports က ဖော်ပြခဲ့ပါတယ်။ အသက် ၃၅ နှစ်အရွယ် ဒီရော့စီဟာ ရိုးမားအသင်းကနေ ထွက်ခွာလာချိန်မှာ ဘောလုံးဆက်ကစားဖို့ စိတ်ဆန္ဒရှိနေခဲ့သလို သူ့ကို ခေါ်ယူလိုတဲ့ ထိပ်တန်းအသင်းတွေလည်း အများအပြားရှိနေပေမယ့် လက်ရှိအချိန်မှာတော့ သူ့ဲ့ ဆုံးဖြတ်ချက်ကို ပြင်ဆင်ပြီး အနားယူဖို့သာ ဆုံးဖြတ်လိုက်တာဖြစပါတယ်။

၃။ နာပိုလီအသင်း တာဝန်ရှိသူတွေဟာ ဗလင်စီယာအသင်းရဲ့ တိုက်စစ်မှူး ရိုဒရီဂိုရဲ့ အပြောင်းအရွှေ့ကိစ္စကို ဆွေးနွေးဖို့ စပိန်ကို သွားရောက်နေပြီဖြစ်တယ်လို့ သိရပါတယ်။ ဗလင်စီယာအသင်းဟာ ရိုဒရီဂိုအတွက် စာချုပ်ဖျက်သိမ်းခ ပေါင် ၆၃ သန်း သတ်မှတ်ထားပါတယ်။

၄။ ရိုးမားအသင်းရဲ့ ကွင်းလယ်ကြယ်ပွင့် နီကိုလို ဇာနီယိုလိုရဲ့ အေးဂျင့်ဖြစ်သူ ကလော်ဒီယို ဗီဂိုရယ်လီက သူ့ကစားသမားအတွက် ဘယ်လိုကမ်းလှမ်းမှုမျိုးမှ ရရှိထားခြင်းမရှိဘူးလို့ အတိတလင်းငြင်းချက်ထုတ်လိုက်ပါတယ်။ ဇာနီယိုလိုဟာ ပရီးမီးယားလိဂ်ကလပ် စပါးအသင်းရဲ့ ချဉ်းကပ်မှုကို ခံနေရတယ်လို့ သတင်းတွေ ထွက်ပေါ်နေသူဖြစ်ပါတယ်။

၅။ အဲဗာတန်အသင်းဟာ ဂျူဗင်တပ်အသင်းက အသက် ၁၉ နှစ်အရွယ် လူငယ်ကြယ်ပွင့်တိုက်စစ်မှူး မွိုက်ဆီ ကိန်းကို အငှားစာချုပ်နဲ့ ခေါ်ယူနိုင်ဖို့ ဆွေးနွေးမှုတွေ ပြုလုပ်နေပါတယ်။

၆။ အင်တာမီလန်အသင်းဟာ မန်ယူကွင်းလယ်လူ နီမန်ဂျာ မာတစ်ကို ခေါ်ယူဖို့ ငွေသာအလိုက်နဲ့ ကွင်းလယ်လူ နိုင်ဂိုလန်တို့ကို ပေးပြီး ကမ်းလှမ်းခဲ့ပေမယ့် မန်ယူအသင်းဘက်က ငြင်းဆန်ပယ်ချခဲ့တယ်လို့ သိရပါတယ်။

၇။ ရီးရဲလ်မက်ဒရစ်အသင်းဟာ သူတို့အသင်းက ပြီးခဲ့တဲ့ ရာသီကတည်းက အပြီးသတ်ခေါ်ယူဖို့ သဘောတူညီမှုရရှိထားတဲ့ ပေါ်တို နောက်ခံလူ အီဒါ မီလီတာအိုကို တရားဝင် မိတ်ဆက်ခဲ့ပါတယ်။ ရီးရဲလ်မက်ဒရစ်အသင်းဟာ မီလီတာအိုကို ယူရို သန်း ၅၀ ပေးချေခေါ်ယူခဲ့တာဖြစ်ပါတယ်။

၈။ ဂျီနိုအာအသင်းဟာ မိုနာကိုအသင်းက ဘယ်နောက်ခံလူ အန်တိုနီယို ဘာရီကာကို အငှားစာချုပ်နဲ့ ခေါ်ယူခဲ့ပြီဖြစ်ပါတယ်။ ဂျီနိုအာအသင်းဟာ အဆိုပါ ၂၄ နှစ်သားကစားသမားအတွက် ရာသီကုန်မှာ အပြီးသတ်ခေါ်ယူဖို့ သဘောတူညီချက်ပါ ရယူနိုင်ခဲ့တယ်လို့ သိရပါတယ်။ ဘာရီကာဟာ ဂျီနိုအာအသင်း လက်ရှိရာသီ ၅ ဦးမြောက် ခေါ်ယူနိုင်ခဲ့တဲ့ ကစားသမားဖြစ်ပါတယ်။

၉။ မန်ချက်စတာ စီးတီးအသင်းဟာ ဂျူဗင်တပ်အသင်းက ညာနောက်ခံလူ ယော်အို ကန်ဆယ်လိုကို ပြောင်းရွှေ့ကြေး မြှင့်တင်ကမ်းလှမ်းတော့မှာဖြစ်ပါတယ်။ မန်စီးတီးအသင်းဟာ နဂိုတုန်းက ပေါင် သန်း ၅၀ နဲ့ ကမ်းလှမ်းထားတာဖြစ်ပေမယ့် လက်ရှိအချိန်မှာ ပြိုင်ဘက်တွေ ပေါ်လာတာကြောင့် ယခုလို စီစဉ်လာတာဖြစ်ပါတယ်။

၁၀။ မာလာဂါအသင်းက အသက် ၂၈ နှစ်အရွယ် တောင်ပံကစားသမား ဂျိုနီ ရိုဒရီဂွက်ဇ်ဟာ လာဇီယိုအသင်းထံ အပြီးသတ်ပြောင်းရွှေ့လာခဲ့ပြီဖြစ်ပါတယ်။ ရိုဒရီဂွက်ဇ်ဟာ ပြီးခဲ့တဲ့တဲ့ရာသီတုန်းက အလာဗက်စ်အသင်းမှာ အငှားသွားရောက်ကစားခဲ့ပြီး ဂိုးဖန်တီးမှု ၁၂ ကြိမ်အထိ ပြုလုပ်နိုင်ခဲ့ကာ လာလီဂါမှာ တတိယမြောက် ဂိုးဖန်တီးမှု အများဆုံးကစားသမားဖြစ်ခဲ့ပါတယ်။



Leave a Reply

Your email address will not be published.

*
*
*

error: Content is protected !!