မာတီနယ္လီ ဘယ္သူလဲ? ဘယ္လိုကစားသမားမ်ိဳးလဲ? ဘာေတြေလုပ္ျပခဲ့သလဲ?

အာဆင္နယ္အသင္းဟာ လက္ရွိရာသီ သူတို႔ရဲ႕ ပထမဆံုး ကစားသမားေခၚယူမႈအျဖစ္ ဘရာဇီးလ္ ၾကယ္ပြင့္ ဂါဘရီယယ္ မာတီနယ္လီကို ေျပာင္းေရႊ႕ေၾကး ေပါင္ ၆.၀၃ သန္းနဲ႔ အျပီးသတ္ေခၚယူလိုက္ျပီျဖစ္ပါတယ္။ အဆုိပါကစားသမားေလးကို ေခၚယူဖို႔ ဥေရာပ ထိပ္တန္းကလပ္အသင္းအမ်ားအျပားနဲ႔ ယွဥ္ျပိဳင္ခဲ့ရျပီး အသင္းရဲ႕ နည္းစနစ္ဒါရိုက္တာသစ္ျဖစ္လာဖို႔ရွိေနတဲ့ အီဒူး ဂက္စ္ပါနဲ႔ ကင္းေထာက္ခ်ဳပ္ ကာဂ်ီယာဂ်ီယိုတို႔ရဲ႕ စြမ္းေဆာင္ရည္ေၾကာင့္သာ ေခၚယူႏုိင္ခဲ့တာျဖစ္ပါတယ္။

ဂန္းနားေတြဟာ အသက္ ၁၈ ႏွစ္အရြယ္သာရွိေသးတဲ့ အဆုိပါ ၾကယ္ပြင့္ေလးကို ေခၚယူဖို႔ ျပီးခဲ့တဲ့ ဧျပီလကတည္းက ၾကိဳးပမ္းခဲ့တာျဖစ္ျပီး သေဘာတူညီခ်က္ေတြ ေစာေစာစီးစီးရယူႏုိင္ခဲ့ေပမယ့္ အသင္းသားျဖစ္လာဖို႔အတြက္ကေတာ့ လိုက္ေလ်ာမႈအမ်ိဳးမ်ိဳးနဲ႔အတူ အခ်ိန္ ၂ လ ေက်ာ္ စိတ္ရွည္ရွည္နဲဲ႔ ေစာင့္ဆုိင္းခဲ့ရပါတယ္။ အထူးသျဖင့္ အေျပာင္းအေရႊ႕ အျပီးသတ္ဖို႔ အသက္ ၁၈ ႏွစ္ျပည့္တဲ့အခ်ိန္အထိ ေစာင့္ဆုိင္းခဲ့ရသလို ကစားသမားဟာ ဘရာဇီးလ္ ပတ္စ္ပို႔တစ္ခုသာရွိတာေၾကာင့္ EU ႏုိင္ငံသားျဖစ္ခြင့္အတြက္ အီတလီပတ္စ္ပို႔ ျပဳလုပ္တာကိုပါ ေစာင့္ေပးခဲ့ရတာပါတယ္။

ဒီမွာ ေမးခြန္းရွိလာတာက ဒီဘရာဇီးလ္သားေလးဟာ ဘယ္ေလာက္ ေကာင္းေနလို႔ အာဆင္နယ္ဘက္က ခုလို လိုက္ေလ်ာေနရတာလဲ။ ၁၈ ႏွစ္သား လူငယ္တစ္ေယာက္အတြက္ ဘာေၾကာင့္ အာဆင္နယ္အသင္းက ေမွ်ာ္လင့္ခ်က္ ၾကီးၾကီး ထားေနတာလဲ။ ကမၻာေက်ာ္ Forbes မဂၢဇင္းၾကီးကေတာ့ မာတီနယ္လီနဲ႔ ပတ္သက္ျပီး ျပည့္ျပည့္စံုစံုသံုးသပ္ျပခဲ့ပါတယ္။

မာတီနယ္လီဟာ အာဆင္နယ္အသင္းထံ မေရာက္ခင္တုန္းက မန္ယူအသင္းနဲ႔ ဘာစီလိုနာအသင္းေတြဆီကို ေရာက္ဖို႔ နီးစပ္ခဲ့တဲ့ ကစားသမားျဖစ္ပါတယ္။ မန္ယူအသင္းနဲ႔ ေလ့က်င့္ခန္း ဆင္းခဲ့သလို လာမာဆီယာအကယ္ဒမီကိုလည္း ေရာက္ခဲ့ပါတယ္။ ဒါေပမယ့္ အဆုိပါၾကယ္ပြင့္ေလးကို ေခၚယူဖို႔ ႏွစ္သင္းလံုး လက္ေလွ်ာ့သြားရတဲ့ အေၾကာင္းအရင္းက ပက္စ္ပို႔ျပႆနာနဲ႔ အသက္အရြယ္ ျပႆနာပါ။ မန္ယူနဲ႔ ဘာစီလိုနာတို႔ စတင္ၾကိဳးပမ္းၾကခ်ိန္တုန္းက ၂၀၁၅ ခုႏွစ္တုန္းကပါ။ အဲ့အခ်ိန္တုန္းက သူ႔ရဲ႕ အသက္ ၁၄ ႏွစ္ ေက်ာ္ေက်ာ္သာရွိပါေသးတယ္။ ဒါေၾကာင့္ အာဆင္နယ္အသင္းဟာ အခ်ိန္ေကာင္းမွာ ကမ္းလွမ္းမႈျပဳလုပ္ခဲ့တာျဖစ္ျပီး ပတ္စ္ပို႔ရဖို႔နဲ႔ ၁၈ ႏွစ္ျပည့္ဖို႔ကို အခ်ိန္ယူေစာင့္ဆုိင္းခဲ့တာျဖစ္ပါတယ္။

အသက္ ၁၈ ႏွစ္အရြယ္သာရွိေသးတဲ့ ဘရာဇီးလ္ၾကယ္ပြင့္ေလးဟာ ဂ်ဴဗင္တပ္တုိက္စစ္မွဴး ခရစၥတီယာႏို ေရာ္နယ္ဒိုကို အားက်သူျဖစ္ျပီး သူ႔ရဲ႕ ကစားဟန္မွာလည္း ေရာ္နယ္ဒိုရဲ႕ လႊမ္းမုိးမႈေတြ ရွိေနပါတယ္။ ဘရာဇီးလ္စတုတၳတန္းကလပ္ အီတူယာႏိုမွာကစားေနေပမယ့္ သူ႔ရဲ႕ စြမ္းေဆာင္ရည္က ဘရာဇီးလ္ လက္ေရြးစင္ နည္းျပ တီတီကိုယ္တုိင္ မ်က္စိက်ေလာက္တဲ့အထိ ေကာင္းမြန္ခဲ့ပါတယ္။ ဒါေၾကာင့္လည္း အသက္ ၁၈ ႏွစ္မျပည့္ခင္မွာတင္ ကိုပါ အေမရိကျပိဳင္ပြဲဝင္မယ့္ ဘရာဇီးလ္ လက္ေရြးစင္အသင္းၾကီးရဲ႕ ပဏာမ လူစာရင္းကို ေခၚယူျခင္းကို ခံခဲ့ရျပီး ထိပ္တန္းကစားသမားေတြနဲ႔ အတူတြဲဖက္ ေလ့က်င့္ခြင့္ရခဲ့သူျဖစ္ပါတယ္။

မာတီနယ္လီဟာ ျပီးခဲ့တဲ့ရာသီအတြင္း ထူးျခားေကာင္းမြန္တဲ့ စြမ္းေဆာင္ရည္တစ္ခ်ိဳ႕ကို ျပသႏုိင္ခဲ့ျပီး ထိပ္တန္းအသင္းၾကီးေတြ သူ႔ကို မ်က္စိက်လာေအာင္ ေျခစြမ္းျပႏုိင္ခဲ့ပါတယ္။ ကိုရင္သီယန္၊ ဆန္တို႔စ္၊ ပါးလ္မီးရက္စ္နဲ႔ ေဆာ္အို ေပၚလိုတို႔လို ထိပ္တန္းအသင္းၾကီးေတြပါဝင္ယွဥ္ျပိဳင္ေနတဲ့ ကမ္ပါအိုနာတို ေပၚလစၥတာအမွတ္ေပးျပိဳင္ပြဲမွာ အေကာင္းဆံုး စြမ္းေဆာင္ရည္ကိုျပသခဲ့ျပီး ျပိဳင္ပြဲရဲ႕ အေကာင္းဆံုးအသင္းမွာ ပါဝင္ႏုိင္ခဲ့ပါတယ္။

ဘရာဇီးလ္ၾကယ္ပြင့္ေလးရဲ႕ လူငယ္ကစားသမားဘဝ ျဖတ္သန္းမႈ မွတ္တမ္းကလည္း အံ့အားသင့္ဖြယ္ျဖစ္ျပီး ကိုရင္သီယန္ လူငယ္အသင္းမွာ ကစားစဥ္တုန္းက ပြဲေပါင္ ၂၄၈ ပြဲကစားရာမွာ သြင္းဂိုး ၂၀၂ ဂိုးသြင္းယူႏိုင္ခဲ့တဲ့ မွတ္တမ္းေကာင္းပိုင္ဆုိင္ထားသလို အီတူယာႏို လူငယ္အသင္းမွာလည္း ၉၂ ပြဲကစားရာမွာ ၆၄ ဂိုးအထိ သြင္းယူေပးႏုိင္ခဲ့ပါတယ္။ ျပီးခဲ့တဲ့ရာသီတုန္းက ပါဝင္ကစားခဲ့တဲ့ စီနီယာအဆင့္ျပိဳင္ပြဲေတြမွာလည္း ၁၄ ပြဲကစားရာမွာ ၆ ဂိုးသြင္းယူျပီး ဂိုးဖန္တီးမႈ ၃ ၾကိမ္ျပဳလုပ္ထားပါတယ္။ ဒါ့အျပင္ ေဘာလံုးေပးပို႔မႈ တိက်မႈႏႈန္း ၇၈% ရွိသလို လိမ္ေခါက္ျဖတ္ေက်ာ္မႈ ၃၂ ၾကိမ္ေအာင္ျမင္ခဲ့ပါတယ္။ ခံစစ္စြမ္းေဆာင္ရည္မွာလည္း ဖ်က္ထုတ္မႈ ၁၁ ၾကိမ္၊ ၾကားဝင္ဟန္႔တားမႈ ၁၀ ၾကိမ္နဲ႔ အျမင့္ေဘာရယူမႈ ၁၂ ၾကိမ္အထိ စြမ္းေဆာင္ႏုိင္ခဲ့တယ္လုိ႔ အခ်က္အလက္ေတြက ေဖာ္ျပေနပါတယ္။ Forbes ကေတာ့ မာတီနယ္လီဟာ ဘယ္ေနရာ ေရာက္ေရာက္ အတားအဆီးမရွိ ဂိုးသြင္းမယ့္ ကစားသမားမ်ိဳးလို႔ တင္စားခဲ့ပါတယ္။

ေနာက္ျပီး မာတီနယ္လီရဲ႕ စြမ္းေဆာင္ရည္ေတြဟာ ရီးရဲလ္မက္ဒရစ္အသင္းက ေျပာင္းေရႊ႕ေၾကး ယူရို ၄၅ သန္းနဲ႔ ေခၚယူသြားတဲ့ ရိုဒရိုင္ဂိုရဲ႕ စြမ္းေဆာင္ရည္ထက္ သာလြန္ေနတယ္လုိ႔ ဘရာဇီးလ္မီဒီယာေတြက ႏိႈင္းယွဥ္သံုးသပ္ခဲ့ျပီး တန္ေၾကးကြာျခားရတဲ့ အေၾကာင္းအရင္းက ရိုဒရိုင္ဂိုက ဆန္းတို႔စ္အသင္းမွာ ကစားေနတာေၾကာင့္လို႔ ဆိုခဲ့ၾကပါတယ္။

ဘရာဇီးလ္ စတုတၳတန္းကလပ္အသင္းတစ္သင္းက ၁၈ ႏွစ္သား ကစားသမားတစ္ေယာက္အတြက္ လက္ေရြးစင္ အိပ္မက္နဲ႔ ဥေရာပထိပ္တန္းလိဂ္တစ္ခုကို ေျပာင္းေရႊ႕ဖို႔ဆိုတဲ့ အခ်က္ေတြဟာ ျဖစ္ႏုိင္ေခ်နည္းပါးလြန္းလွပါတယ္။ ဒါေပမယ့္ မာတီနယ္လီကေတာ့ ျဖစ္ေအာင္ စြမ္းေဆာင္ျပခဲ့ပါတယ္။ အဲ့ဒီမတုိင္ခင္ကတည္းက သူ႕ရဲ႕ နာမည္ကို ဘရာဇီးလ္တုိင္းျပည္တစ္လႊားမွာ ေရပန္းစားလာေအာင္ ၾကယ္ပြင့္ေလးက စြမ္းေဆာင္ျပခဲ့ျပီျဖစ္တယ္လုိ႔လည္း ဆိုပါတယ္။ ျပည္တြင္းျပိဳင္ပြဲမွာ အီတူယာႏိုက ေဆာ္ေပၚလိုအသင္းကို အႏုိင္ယူျပခ်ိန္မွာ မာတီနယ္လီဟာ ဘရာဇီးလ္ေဘာလံုးပရိတ္သတ္ေတြရဲ႕ ရင္ထဲကို ေရာက္သြားခဲ့တာလို႔ Forbes ကဆိုပါတယ္။

မာတီနယ္လီဟာ အာဆင္နယ္နည္းျပ အမ္မရီအတြက္ အေကာင္းဆံုး တုိက္စစ္လက္နက္ပုန္း တစ္ခုျဖစ္လာမယ္လို႔လည္း သံုးသပ္ခံေနရပါတယ္။ လွ်င္ျမန္မႈနဲ႔ အဆံုးသတ္ေသခ်ာမႈက သူ႔ရဲ႕ အားသာခ်က္ျဖစ္သလို တုိက္စစ္မွာ ေနရာစံုကစားႏုိင္မႈကေတာ့ အပိုဆုပါပဲ။ သူ႔ရဲ႕ အျမန္ႏႈန္းျမင့္ ေရြ႕လ်ားမႈ စြမ္းရည္နဲ႔ တစ္ဦးခ်င္းျဖတ္ေက်ာ္ႏိုင္စြမ္းျမင့္မားမႈက တစ္ခ်ိန္က တုိက္စစ္မွဴးေဟာင္း သီယာရီ အြန္နရီကို ျပန္လည္ အမွတ္ရေစပါတယ္။ ဒါေပမယ့္ ကစားသမားကိုယ္တုိင္ကေတာ့ သူ႔အေပၚ လႊမ္းမိုးမႈရွိတဲ့ကစားသမားက စီ ေရာ္နယ္ဒိုလို႔ ဆိုခဲ့ပါတယ္။

ဒီၾကယ္ပြင့္ဟာ ဘယ္ဘက္ျခမ္းမွာ အမ်ားဆံုးထြက္ကစားေလ့ရွိျပီး အေထာင္တုိက္စစ္မွဴးေနရာနဲ႔ ညာေတာင္ပံတုိက္စစ္ေတြမွာလည္း ကစားႏုိင္သလို ေနာက္ခ်န္တိုက္စစ္မွဴးအျဖစ္လည္း ကစားႏုိင္ပါတယ္။ ဒါေၾကာင့္ သူဟာ လာကာဇက္နဲ႔ အူဘာမီယန္းတို႔အတြက္ အရံသင့္အစားထိုးႏုိင္မယ့္ ကစားသမားျဖစ္လာႏုိင္သလို ေတာင္ပံတုိက္စစ္ျပႆနာအတြက္ အေျဖတစ္ခုလည္း ျဖစ္လာႏုိင္ပါတယ္။ ခုိင္လံုတဲ့သတင္းအရင္းအျမစ္ေတြအရလည္း အာဆင္နယ္အသင္းအေနနဲ႔ Wonder Kid လို႔ တင္စားခံေနရတဲ့ မာတီနယ္လီကို အရံအသင္းကို ေစလႊတ္တာမ်ိဳး အငွားခ်တာမ်ိဳးျပဳလုပ္ဖို႔ အစီအစဥ္မရွိဘူးလို႔ သိရတာမို႔ လာမယ့္ရာသီမွာ မာတီနယ္လီ ဘယ္လိုေျခစြမ္းမ်ိဳးျပသႏုိင္မလဲဆိုတာကို ေစာင့္ၾကည့္ရပါေတာ့မယ္။ မာတီနယ္လီဟာ ပရီးမီးယားလိဂ္မွာ ရံုးကန္ရတတ္တဲ့ ေတာင္အေမရိကသားေတြရဲ႕ လမ္းစဥ္ကို လုိက္သြားမလား? အစဥ္အလာဆိုးေတြကို ေဖာက္ထြက္ျပခဲ့တဲ့ အဂူရို၊ ရီခ်ာလီဆင္တို႔လို ကစားသမားမ်ိဳးျဖစ္လာမလား? ဆိုတာကို ပိတ္ကားျပင္ေပၚမွာ ရႈစားၾကရဖို႔ မေဝးလွေတာ့ပါဘူး။
Ref: Forbes, Goal, Various Brazil Media

 

Unicode

 

အာဆင်နယ်အသင်းဟာ လက်ရှိရာသီ သူတို့ရဲ့ ပထမဆုံး ကစားသမားခေါ်ယူမှုအဖြစ် ဘရာဇီးလ် ကြယ်ပွင့် ဂါဘရီယယ် မာတီနယ်လီကို ပြောင်းရွှေ့ကြေး ပေါင် ၆.၀၃ သန်းနဲ့ အပြီးသတ်ခေါ်ယူလိုက်ပြီဖြစ်ပါတယ်။ အဆိုပါကစားသမားလေးကို ခေါ်ယူဖို့ ဥရောပ ထိပ်တန်းကလပ်အသင်းအများအပြားနဲ့ ယှဉ်ပြိုင်ခဲ့ရပြီး အသင်းရဲ့ နည်းစနစ်ဒါရိုက်တာသစ်ဖြစ်လာဖို့ရှိနေတဲ့ အီဒူး ဂက်စ်ပါနဲ့ ကင်းထောက်ချုပ် ကာဂျီယာဂျီယိုတို့ရဲ့ စွမ်းဆောင်ရည်ကြောင့်သာ ခေါ်ယူနိုင်ခဲ့တာဖြစ်ပါတယ်။

ဂန်းနားတွေဟာ အသက် ၁၈ နှစ်အရွယ်သာရှိသေးတဲ့ အဆိုပါ ကြယ်ပွင့်လေးကို ခေါ်ယူဖို့ ပြီးခဲ့တဲ့ ဧပြီလကတည်းက ကြိုးပမ်းခဲ့တာဖြစ်ပြီး သဘောတူညီချက်တွေ စောစောစီးစီးရယူနိုင်ခဲ့ပေမယ့် အသင်းသားဖြစ်လာဖို့အတွက်ကတော့ လိုက်လျောမှုအမျိုးမျိုးနဲ့အတူ အချိန် ၂ လ ကျော် စိတ်ရှည်ရှည်နဲ့ စောင့်ဆိုင်းခဲ့ရပါတယ်။ အထူးသဖြင့် အပြောင်းအရွှေ့ အပြီးသတ်ဖို့ အသက် ၁၈ နှစ်ပြည့်တဲ့အချိန်အထိ စောင့်ဆိုင်းခဲ့ရသလို ကစားသမားဟာ ဘရာဇီးလ် ပတ်စ်ပို့တစ်ခုသာရှိတာကြောင့် EU နိုင်ငံသားဖြစ်ခွင့်အတွက် အီတလီပတ်စ်ပို့ ပြုလုပ်တာကိုပါ စောင့်ပေးခဲ့ရတာပါတယ်။

ဒီမှာ မေးခွန်းရှိလာတာက ဒီဘရာဇီးလ်သားလေးဟာ ဘယ်လောက် ကောင်းနေလို့ အာဆင်နယ်ဘက်က ခုလို လိုက်လျောနေရတာလဲ။ ၁၈ နှစ်သား လူငယ်တစ်ယောက်အတွက် ဘာကြောင့် အာဆင်နယ်အသင်းက မျှော်လင့်ချက် ကြီးကြီး ထားနေတာလဲ။ ကမ္ဘာကျော် Forbes မဂ္ဂဇင်းကြီးကတော့ မာတီနယ်လီနဲ့ ပတ်သက်ပြီး ပြည့်ပြည့်စုံစုံသုံးသပ်ပြခဲ့ပါတယ်။

မာတီနယ်လီဟာ အာဆင်နယ်အသင်းထံ မရောက်ခင်တုန်းက မန်ယူအသင်းနဲ့ ဘာစီလိုနာအသင်းတွေဆီကို ရောက်ဖို့ နီးစပ်ခဲ့တဲ့ ကစားသမားဖြစ်ပါတယ်။ မန်ယူအသင်းနဲ့ လေ့ကျင့်ခန်း ဆင်းခဲ့သလို လာမာဆီယာအကယ်ဒမီကိုလည်း ရောက်ခဲ့ပါတယ်။ ဒါပေမယ့် အဆိုပါကြယ်ပွင့်လေးကို ခေါ်ယူဖို့ နှစ်သင်းလုံး လက်လျှော့သွားရတဲ့ အကြောင်းအရင်းက ပက်စ်ပို့ပြဿနာနဲ့ အသက်အရွယ် ပြဿနာပါ။ မန်ယူနဲ့ ဘာစီလိုနာတို့ စတင်ကြိုးပမ်းကြချိန်တုန်းက ၂၀၁၅ ခုနှစ်တုန်းကပါ။ အဲ့အချိန်တုန်းက သူ့ရဲ့ အသက် ၁၄ နှစ် ကျော်ကျော်သာရှိပါသေးတယ်။ ဒါကြောင့် အာဆင်နယ်အသင်းဟာ အချိန်ကောင်းမှာ ကမ်းလှမ်းမှုပြုလုပ်ခဲ့တာဖြစ်ပြီး ပတ်စ်ပို့ရဖို့နဲ့ ၁၈ နှစ်ပြည့်ဖို့ကို အချိန်ယူစောင့်ဆိုင်းခဲ့တာဖြစ်ပါတယ်။

အသက် ၁၈ နှစ်အရွယ်သာရှိသေးတဲ့ ဘရာဇီးလ်ကြယ်ပွင့်လေးဟာ ဂျူဗင်တပ်တိုက်စစ်မှူး ခရစ္စတီယာနို ရော်နယ်ဒိုကို အားကျသူဖြစ်ပြီး သူ့ရဲ့ ကစားဟန်မှာလည်း ရော်နယ်ဒိုရဲ့ လွှမ်းမိုးမှုတွေ ရှိနေပါတယ်။ ဘရာဇီးလ်စတုတ္ထတန်းကလပ် အီတူယာနိုမှာကစားနေပေမယ့် သူ့ရဲ့ စွမ်းဆောင်ရည်က ဘရာဇီးလ် လက်ရွေးစင် နည်းပြ တီတီကိုယ်တိုင် မျက်စိကျလောက်တဲ့အထိ ကောင်းမွန်ခဲ့ပါတယ်။ ဒါကြောင့်လည်း အသက် ၁၈ နှစ်မပြည့်ခင်မှာတင် ကိုပါ အမေရိကပြိုင်ပွဲဝင်မယ့် ဘရာဇီးလ် လက်ရွေးစင်အသင်းကြီးရဲ့ ပဏာမ လူစာရင်းကို ခေါ်ယူခြင်းကို ခံခဲ့ရပြီး ထိပ်တန်းကစားသမားတွေနဲ့ အတူတွဲဖက် လေ့ကျင့်ခွင့်ရခဲ့သူဖြစ်ပါတယ်။

မာတီနယ်လီဟာ ပြီးခဲ့တဲ့ရာသီအတွင်း ထူးခြားကောင်းမွန်တဲ့ စွမ်းဆောင်ရည်တစ်ချို့ကို ပြသနိုင်ခဲ့ပြီး ထိပ်တန်းအသင်းကြီးတွေ သူ့ကို မျက်စိကျလာအောင် ခြေစွမ်းပြနိုင်ခဲ့ပါတယ်။ ကိုရင်သီယန်၊ ဆန်တို့စ်၊ ပါးလ်မီးရက်စ်နဲ့ ဆော်အို ပေါ်လိုတို့လို ထိပ်တန်းအသင်းကြီးတွေပါဝင်ယှဉ်ပြိုင်နေတဲ့ ကမ်ပါအိုနာတို ပေါ်လစ္စတာအမှတ်ပေးပြိုင်ပွဲမှာ အကောင်းဆုံး စွမ်းဆောင်ရည်ကိုပြသခဲ့ပြီး ပြိုင်ပွဲရဲ့ အကောင်းဆုံးအသင်းမှာ ပါဝင်နိုင်ခဲ့ပါတယ်။

ဘရာဇီးလ်ကြယ်ပွင့်လေးရဲ့ လူငယ်ကစားသမားဘဝ ဖြတ်သန်းမှု မှတ်တမ်းကလည်း အံ့အားသင့်ဖွယ်ဖြစ်ပြီး ကိုရင်သီယန် လူငယ်အသင်းမှာ ကစားစဉ်တုန်းက ပွဲပေါင် ၂၄၈ ပွဲကစားရာမှာ သွင်းဂိုး ၂၀၂ ဂိုးသွင်းယူနိုင်ခဲ့တဲ့ မှတ်တမ်းကောင်းပိုင်ဆိုင်ထားသလို အီတူယာနို လူငယ်အသင်းမှာလည်း ၉၂ ပွဲကစားရာမှာ ၆၄ ဂိုးအထိ သွင်းယူပေးနိုင်ခဲ့ပါတယ်။ ပြီးခဲ့တဲ့ရာသီတုန်းက ပါဝင်ကစားခဲ့တဲ့ စီနီယာအဆင့်ပြိုင်ပွဲတွေမှာလည်း ၁၄ ပွဲကစားရာမှာ ၆ ဂိုးသွင်းယူပြီး ဂိုးဖန်တီးမှု ၃ ကြိမ်ပြုလုပ်ထားပါတယ်။ ဒါ့အပြင် ဘောလုံးပေးပို့မှု တိကျမှုနှုန်း ၇၈% ရှိသလို လိမ်ခေါက်ဖြတ်ကျော်မှု ၃၂ ကြိမ်အောင်မြင်ခဲ့ပါတယ်။ ခံစစ်စွမ်းဆောင်ရည်မှာလည်း ဖျက်ထုတ်မှု ၁၁ ကြိမ်၊ ကြားဝင်ဟန့်တားမှု ၁၀ ကြိမ်နဲ့ အမြင့်ဘောရယူမှု ၁၂ ကြိမ်အထိ စွမ်းဆောင်နိုင်ခဲ့တယ်လို့ အချက်အလက်တွေက ဖော်ပြနေပါတယ်။ Forbes ကတော့ မာတီနယ်လီဟာ ဘယ်နေရာ ရောက်ရောက် အတားအဆီးမရှိ ဂိုးသွင်းမယ့် ကစားသမားမျိုးလို့ တင်စားခဲ့ပါတယ်။

နောက်ပြီး မာတီနယ်လီရဲ့ စွမ်းဆောင်ရည်တွေဟာ ရီးရဲလ်မက်ဒရစ်အသင်းက ပြောင်းရွှေ့ကြေး ယူရို ၄၅ သန်းနဲ့ ခေါ်ယူသွားတဲ့ ရိုဒရိုင်ဂိုရဲ့ စွမ်းဆောင်ရည်ထက် သာလွန်နေတယ်လို့ ဘရာဇီးလ်မီဒီယာတွေက နှိုင်းယှဉ်သုံးသပ်ခဲ့ပြီး တန်ကြေးကွာခြားရတဲ့ အကြောင်းအရင်းက ရိုဒရိုင်ဂိုက ဆန်းတို့စ်အသင်းမှာ ကစားနေတာကြောင့်လို့ ဆိုခဲ့ကြပါတယ်။

ဘရာဇီးလ် စတုတ္ထတန်းကလပ်အသင်းတစ်သင်းက ၁၈ နှစ်သား ကစားသမားတစ်ယောက်အတွက် လက်ရွေးစင် အိပ်မက်နဲ့ ဥရောပထိပ်တန်းလိဂ်တစ်ခုကို ပြောင်းရွှေ့ဖို့ဆိုတဲ့ အချက်တွေဟာ ဖြစ်နိုင်ချေနည်းပါးလွန်းလှပါတယ်။ ဒါပေမယ့် မာတီနယ်လီကတော့ ဖြစ်အောင် စွမ်းဆောင်ပြခဲ့ပါတယ်။ အဲ့ဒီမတိုင်ခင်ကတည်းက သူ့ရဲ့ နာမည်ကို ဘရာဇီးလ်တိုင်းပြည်တစ်လွှားမှာ ရေပန်းစားလာအောင် ကြယ်ပွင့်လေးက စွမ်းဆောင်ပြခဲ့ပြီဖြစ်တယ်လို့လည်း ဆိုပါတယ်။ ပြည်တွင်းပြိုင်ပွဲမှာ အီတူယာနိုက ဆော်ပေါ်လိုအသင်းကို အနိုင်ယူပြချိန်မှာ မာတီနယ်လီဟာ ဘရာဇီးလ်ဘောလုံးပရိတ်သတ်တွေရဲ့ ရင်ထဲကို ရောက်သွားခဲ့တာလို့ Forbes ကဆိုပါတယ်။

မာတီနယ်လီဟာ အာဆင်နယ်နည်းပြ အမ်မရီအတွက် အကောင်းဆုံး တိုက်စစ်လက်နက်ပုန်း တစ်ခုဖြစ်လာမယ်လို့လည်း သုံးသပ်ခံနေရပါတယ်။ လျှင်မြန်မှုနဲ့ အဆုံးသတ်သေချာမှုက သူ့ရဲ့ အားသာချက်ဖြစ်သလို တိုက်စစ်မှာ နေရာစုံကစားနိုင်မှုကတော့ အပိုဆုပါပဲ။ သူ့ရဲ့ အမြန်နှုန်းမြင့် ရွေ့လျားမှု စွမ်းရည်နဲ့ တစ်ဦးချင်းဖြတ်ကျော်နိုင်စွမ်းမြင့်မားမှုက တစ်ချိန်က တိုက်စစ်မှူးဟောင်း သီယာရီ အွန်နရီကို ပြန်လည် အမှတ်ရစေပါတယ်။ ဒါပေမယ့် ကစားသမားကိုယ်တိုင်ကတော့ သူ့အပေါ် လွှမ်းမိုးမှုရှိတဲ့ကစားသမားက စီ ရော်နယ်ဒိုလို့ ဆိုခဲ့ပါတယ်။

ဒီကြယ်ပွင့်ဟာ ဘယ်ဘက်ခြမ်းမှာ အများဆုံးထွက်ကစားလေ့ရှိပြီး အထောင်တိုက်စစ်မှူးနေရာနဲ့ ညာတောင်ပံတိုက်စစ်တွေမှာလည်း ကစားနိုင်သလို နောက်ချန်တိုက်စစ်မှူးအဖြစ်လည်း ကစားနိုင်ပါတယ်။ ဒါကြောင့် သူဟာ လာကာဇက်နဲ့ အူဘာမီယန်းတို့အတွက် အရံသင့်အစားထိုးနိုင်မယ့် ကစားသမားဖြစ်လာနိုင်သလို တောင်ပံတိုက်စစ်ပြဿနာအတွက် အဖြေတစ်ခုလည်း ဖြစ်လာနိုင်ပါတယ်။ ခိုင်လုံတဲ့သတင်းအရင်းအမြစ်တွေအရလည်း အာဆင်နယ်အသင်းအနေနဲ့ Wonder Kid လို့ တင်စားခံနေရတဲ့ မာတီနယ်လီကို အရံအသင်းကို စေလွှတ်တာမျိုး အငှားချတာမျိုးပြုလုပ်ဖို့ အစီအစဉ်မရှိဘူးလို့ သိရတာမို့ လာမယ့်ရာသီမှာ မာတီနယ်လီ ဘယ်လိုခြေစွမ်းမျိုးပြသနိုင်မလဲဆိုတာကို စောင့်ကြည့်ရပါတော့မယ်။ မာတီနယ်လီဟာ ပရီးမီးယားလိဂ်မှာ ရုံးကန်ရတတ်တဲ့ တောင်အမေရိကသားတွေရဲ့ လမ်းစဉ်ကို လိုက်သွားမလား? အစဉ်အလာဆိုးတွေကို ဖောက်ထွက်ပြခဲ့တဲ့ အဂူရို၊ ရီချာလီဆင်တို့လို ကစားသမားမျိုးဖြစ်လာမလား? ဆိုတာကို ပိတ်ကားပြင်ပေါ်မှာ ရှုစားကြရဖို့ မဝေးလှတော့ပါဘူး။
Ref: Forbes, Goal, Various Brazil Media



Leave a Reply

Your email address will not be published.

*
*
*

error: Content is protected !!