လမ္းပတ္ကို ခ်ယ္လ္ဆီးရဲ႕ ဂြာဒီယိုလာလို႔ ခ်ီးမြမ္းလိုက္တဲ့ ကစားေဖာ္ေဟာင္း ဖာဒီနန္

မန္ခ်က္စတာယူႏုိက္တက္ဂႏၱဝင္ေနာက္ခံကစားသမား ရီယိုဖာဒီနန္ဟာ ဂ်ဴဗင္တပ္အသင္းကို ေျပာင္းေရႊ႕ဖို႔ နီးစပ္ေနတဲ့ ခ်ယ္ဆီးနည္းျပ ဆာရီရဲ႕ေနရာမွာ ခ်ယ္လ္ဆီးဂႏၱဝင္ေဟာင္း ဖရန္႔ခ္ လမ္းပတ္နဲ႔ အစားထိုးဖို႔ တုိက္တြန္းလိုက္ေၾကာင္း Sky Sport က ေဖာ္ျပခဲ့ပါတယ္။ ဖာဒီနန္က အဂၤလန္အသင္းေဖာ္ေဟာင္း လမ္းပတ္ဟာ ခ်ယ္ဆီးအသင္းရဲ႕ဂြါဒီယိုလာျဖစ္လာလိမ့္မယ္လို႔လည္း ေျပာဆိုခဲ့ပါတယ္။

အီတလီကသတင္းေတြအရ ခ်ယ္ဆီးအသင္းနည္းျပဆာရီဟာ ဂ်ဴဗင္တပ္နည္းျပအယ္လီဂရီရဲ႕ေနရာမွာ ၃ ႏွစ္စာခ်ဳပ္နဲ႔ နည္းျပသစ္အျဖစ္ ခန္႔အပ္ခံရဖို႔ အလြန္နီးစပ္ေနၿပီလုိ႔ သိရပါတယ္။ ခ်ယ္ဆီးဂႏၱဝင္ကစားသမား ဖရန္႔လမ္းပတ္ဟာ ဒါဘီေကာင္တီကို ပထမဆံုးကိုင္တြယ္တဲ့ရာသီမွာပဲ ခ်န္ပီယံရွစ္ Play-off အဆင့္အထိ ပို႔ေဆာင္ေပးႏုုိင္ခဲ့ၿပီးေနာက္ ဆာရီရဲ႕ေနရာမွာ အစားထုိးခန္႔အပ္ခံရဖြယ္ရွိတဲ့ နည္းျပတစ္ဦးအျဖစ္ ေပၚထြက္လာခဲ့တာျဖစ္ပါတယ္။

ဖရန္႔လမ္းပတ္နဲ႔ အဂၤလန္လက္ေရြးစင္အသင္းမွာ အတူကစားခဲ့ဖူးတဲ့ မန္ခ်က္စတာယူႏုိက္တက္ကစားသမားေဟာင္း ဖာဒီနန္က အသက္ ၄၀ အရြယ္ရွိၿပီျဖစ္တဲ့ လမ္းပတ္ဟာ ၂၀၀၈ ခုႏွစ္မွာ ဘာစီလိုနာနည္းျပအျဖစ္ ခန္႔အပ္ခံခဲ့ရတဲ့ ဂြါဒီယိုလာလို နည္းျပျဖစ္လာႏုိင္တယ္လို႔ ယံုၾကည္ေနတာျဖစ္ပါတယ္။

“သူက ၿပီးျပည့္စံုတဲ့ ေရြးခ်ယ္မႈပါ။ လူေတြက အေတြ႕အႀကံဳအေၾကာင္း ေျပာၾကတယ္။ ဂြါဒီယိုလာ ဘာစီလိုနာပထမအသင္းကို ေရာက္ခဲ့တဲ့အခ်ိန္တုန္းက သူ႔မွာ ဘာအေတြ႕အႀကံဳရွိခဲ့လို႔လဲ။ သူ အသင္းမွာ လူငယ္ကစားသမားေတြကိုပဲ ေလ့က်င့္ေပးခဲ့ရတာပါ။ ဖရန္႔က အသင္းကို ေကာင္းေကာင္းသိတယ္။ ကစားသမားေတြအားလံုးကိုလည္း သိတယ္။ ကစားသမားေတြကလည္း သူ႔ကို ေလးစားၾကလိမ့္မယ္။ တစ္ရာသီအတြင္းမွာပဲ အရာေတာ္ေတာ္မ်ားမ်ားကို သူ ေျပာင္းလဲႏုိင္ၿပီး အသင္းအတြင္းနဲ႔ မီဒီယာေတြေရွ႕မွာ သီးျခားနည္းလမ္းနဲ႔ သူ႔ကိုယ္သူ ေဖာ္ျပႏုိင္ခဲ့တာ ခင္ဗ်ား ျမင္ႏုိင္ပါတယ္” လို႔ ဖာဒီနန္ကဆုိပါတယ္။

“တကယ္လုိ႔ ခ်ယ္ဆီးကသာ အေျပာင္းအေရႊ႕ပိတ္ဆုိ႔ခံရၿပီဆုိရင္ သူတုိ႔ နည္းျပသစ္ရွာေဖြဖို႔ ခက္ခဲသြားပါလိမ့္မယ္။ ဒါေပမယ့္ ကၽြန္ေတာ္ ရိုးရိုးသားသားေျပာရမယ္ဆုိရင္ ဖရန္႔ရွိပါတယ္။ ဘာလို႔လဲဆုိေတာ့ ဖရန္႔နဲ႔ ဂ်ိဳဒီ(ေမာရစ္-ဒါဘီလက္ေထာက္နည္းျပ)တို႔က ၁၆ ႏွစ္အထက္ကေလးေတြအားလံုးကို သိပါတယ္။ သူတို႔အားလံုး ဘာလုပ္ႏုိင္တယ္ဆုိတာ သူတို႔ သိၾကလို႔ပါ” လို႔ ဖာဒီနန္က ေျပာဆိုခဲ့ပါတယ္။

“ခ်ယ္ဆီးမွာ အဂၤလန္ရဲ႕အေကာင္းဆံုးလူငယ္ေလးေတြ အခုအခ်ိန္မွာ ရွိေနပါတယ္။ မန္စီးတီးကလည္း လူငယ္ေလးေတြ ေမြးထုတ္လာပါၿပီ။ ဒါေပမယ့္ ေကာင္းမြန္တဲ့ႏွစ္တစ္ႏွစ္အတြက္ သူတို႔မွာ အေကာင္းဆံုးလူငယ္ကစားသမားေတြရွိၿပီီး တစ္ေယာက္မွ ပထမအသင္းမွာ ပါဝင္ကစားခြင့္မရပါဘူး။ ေဘာလံုးအသင္းတစ္သင္းအေနနဲ႔ သူတုိ႔ေတြ ေျပာင္းလဲခ်င္ေနလိမ့္မယ္လုိ႔ ခင္ဗ်ား ေတြးရပါလိမ့္မယ္။ တကယ္လုိ႔ သူတို႔ေျပာင္းလဲခ်င္တယ္ဆုိရင္ ေျပာင္းလဲေပးႏုိင္တဲ့သူက တစ္ေယာက္မွမရွိပါဘူး။ ဒါေပမယ့္ ဖရန္႔ေတာ့ရွိပါတယ္” လို႔ ဖာဒီနန္က တုိက္တြန္း ေျပာၾကားခဲ့ပါတယ္။

လမ္းပတ္ဟာ ခ်ယ္လ္ဆီးအသင္းမွာ ဆယ္စုႏွစ္တစ္ခုေက်ာ္ၾကာ ကစားေပးခဲ့ဖူးသူျဖစ္ျပီး အသင္းနဲ႔အတူ အဓိက ဆုဖလား ၁၃ ခု ရယူႏုိင္ခဲ့ပါတယ္။ ဝက္စ္ဟမ္း အကယ္ဒမီ တစ္ျပိဳင္နက္တည္း ေမြးထုတ္ေပးလိုက္တဲ့ လမ္းပတ္နဲ႔ ဖာဒီနန္တို႔ဟာ ဝက္စ္ဟမ္းအသင္းမွာ ၆ ႏွစ္ၾကာ တြဲဖက္ကစားခဲ့ၾကဖူးသလို အဂၤလန္လက္ေရြးစင္အသင္းမွာလည္း ၁၃ ႏွစ္ၾကာ တြဲဖက္ကစားခဲ့ဖူးသူျဖစ္ပါတယ္။
Ref: Sky Sports

 

Unicode

 

မန်ချက်စတာယူနိုက်တက်ဂန္တဝင်နောက်ခံကစားသမား ရီယိုဖာဒီနန်ဟာ ဂျူဗင်တပ်အသင်းကို ပြောင်းရွှေ့ဖို့ နီးစပ်နေတဲ့ ချယ်ဆီးနည်းပြ ဆာရီရဲ့နေရာမှာ ချယ်လ်ဆီးဂန္တဝင်ဟောင်း ဖရန့်ခ် လမ်းပတ်နဲ့ အစားထိုးဖို့ တိုက်တွန်းလိုက်ကြောင်း Sky Sport က ဖော်ပြခဲ့ပါတယ်။ ဖာဒီနန်က အင်္ဂလန်အသင်းဖော်ဟောင်း လမ်းပတ်ဟာ ချယ်ဆီးအသင်းရဲ့ဂွါဒီယိုလာဖြစ်လာလိမ့်မယ်လို့လည်း ပြောဆိုခဲ့ပါတယ်။

အီတလီကသတင်းတွေအရ ချယ်ဆီးအသင်းနည်းပြဆာရီဟာ ဂျူဗင်တပ်နည်းပြအယ်လီဂရီရဲ့နေရာမှာ ၃ နှစ်စာချုပ်နဲ့ နည်းပြသစ်အဖြစ် ခန့်အပ်ခံရဖို့ အလွန်နီးစပ်နေပြီလို့ သိရပါတယ်။ ချယ်ဆီးဂန္တဝင်ကစားသမား ဖရန့်လမ်းပတ်ဟာ ဒါဘီကောင်တီကို ပထမဆုံးကိုင်တွယ်တဲ့ရာသီမှာပဲ ချန်ပီယံရှစ် Play-off အဆင့်အထိ ပို့ဆောင်ပေးနိုင်ခဲ့ပြီးနောက် ဆာရီရဲ့နေရာမှာ အစားထိုးခန့်အပ်ခံရဖွယ်ရှိတဲ့ နည်းပြတစ်ဦးအဖြစ် ပေါ်ထွက်လာခဲ့တာဖြစ်ပါတယ်။

ဖရန့်လမ်းပတ်နဲ့ အင်္ဂလန်လက်ရွေးစင်အသင်းမှာ အတူကစားခဲ့ဖူးတဲ့ မန်ချက်စတာယူနိုက်တက်ကစားသမားဟောင်း ဖာဒီနန်က အသက် ၄၀ အရွယ်ရှိပြီဖြစ်တဲ့ လမ်းပတ်ဟာ ၂၀၀၈ ခုနှစ်မှာ ဘာစီလိုနာနည်းပြအဖြစ် ခန့်အပ်ခံခဲ့ရတဲ့ ဂွါဒီယိုလာလို နည်းပြဖြစ်လာနိုင်တယ်လို့ ယုံကြည်နေတာဖြစ်ပါတယ်။

“သူက ပြီးပြည့်စုံတဲ့ ရွေးချယ်မှုပါ။ လူတွေက အတွေ့အကြုံအကြောင်း ပြောကြတယ်။ ဂွါဒီယိုလာ ဘာစီလိုနာပထမအသင်းကို ရောက်ခဲ့တဲ့အချိန်တုန်းက သူ့မှာ ဘာအတွေ့အကြုံရှိခဲ့လို့လဲ။ သူ အသင်းမှာ လူငယ်ကစားသမားတွေကိုပဲ လေ့ကျင့်ပေးခဲ့ရတာပါ။ ဖရန့်က အသင်းကို ကောင်းကောင်းသိတယ်။ ကစားသမားတွေအားလုံးကိုလည်း သိတယ်။ ကစားသမားတွေကလည်း သူ့ကို လေးစားကြလိမ့်မယ်။ တစ်ရာသီအတွင်းမှာပဲ အရာတော်တော်များများကို သူ ပြောင်းလဲနိုင်ပြီး အသင်းအတွင်းနဲ့ မီဒီယာတွေရှေ့မှာ သီးခြားနည်းလမ်းနဲ့ သူ့ကိုယ်သူ ဖော်ပြနိုင်ခဲ့တာ ခင်ဗျား မြင်နိုင်ပါတယ်” လို့ ဖာဒီနန်ကဆိုပါတယ်။

“တကယ်လို့ ချယ်ဆီးကသာ အပြောင်းအရွှေ့ပိတ်ဆို့ခံရပြီဆိုရင် သူတို့ နည်းပြသစ်ရှာဖွေဖို့ ခက်ခဲသွားပါလိမ့်မယ်။ ဒါပေမယ့် ကျွန်တော် ရိုးရိုးသားသားပြောရမယ်ဆိုရင် ဖရန့်ရှိပါတယ်။ ဘာလို့လဲဆိုတော့ ဖရန့်နဲ့ ဂျိုဒီ(မောရစ်-ဒါဘီလက်ထောက်နည်းပြ)တို့က ၁၆ နှစ်အထက်ကလေးတွေအားလုံးကို သိပါတယ်။ သူတို့အားလုံး ဘာလုပ်နိုင်တယ်ဆိုတာ သူတို့ သိကြလို့ပါ” လို့ ဖာဒီနန်က ပြောဆိုခဲ့ပါတယ်။

“ချယ်ဆီးမှာ အင်္ဂလန်ရဲ့အကောင်းဆုံးလူငယ်လေးတွေ အခုအချိန်မှာ ရှိနေပါတယ်။ မန်စီးတီးကလည်း လူငယ်လေးတွေ မွေးထုတ်လာပါပြီ။ ဒါပေမယ့် ကောင်းမွန်တဲ့နှစ်တစ်နှစ်အတွက် သူတို့မှာ အကောင်းဆုံးလူငယ်ကစားသမားတွေရှိပြီး တစ်ယောက်မှ ပထမအသင်းမှာ ပါဝင်ကစားခွင့်မရပါဘူး။ ဘောလုံးအသင်းတစ်သင်းအနေနဲ့ သူတို့တွေ ပြောင်းလဲချင်နေလိမ့်မယ်လို့ ခင်ဗျား တွေးရပါလိမ့်မယ်။ တကယ်လို့ သူတို့ပြောင်းလဲချင်တယ်ဆိုရင် ပြောင်းလဲပေးနိုင်တဲ့သူက တစ်ယောက်မှမရှိပါဘူး။ ဒါပေမယ့် ဖရန့်တော့ရှိပါတယ်”လို့ ဖာဒီနန်က တိုက်တွန်း ပြောကြားခဲ့ပါတယ်။

လမ်းပတ်ဟာ ချယ်လ်ဆီးအသင်းမှာ ဆယ်စုနှစ်တစ်ခုကျော်ကြာ ကစားပေးခဲ့ဖူးသူဖြစ်ပြီး အသင်းနဲ့အတူ အဓိက ဆုဖလား ၁၃ ခု ရယူနိုင်ခဲ့ပါတယ်။ ဝက်စ်ဟမ်း အကယ်ဒမီ တစ်ပြိုင်နက်တည်း မွေးထုတ်ပေးလိုက်တဲ့ လမ်းပတ်နဲ့ ဖာဒီနန်တို့ဟာ ဝက်စ်ဟမ်းအသင်းမှာ ၆ နှစ်ကြာ တွဲဖက်ကစားခဲ့ကြဖူးသလို အင်္ဂလန်လက်ရွေးစင်အသင်းမှာလည်း ၁၃ နှစ်ကြာ တွဲဖက်ကစားခဲ့ဖူးသူဖြစ်ပါတယ်။
Ref: Sky Sports



Leave a Reply

Your email address will not be published.

*
*
*