စံခ်ိန္တင္ အေျပာင္းအေရႊ႕ အသံုးစားရိတ္ သံုးစြဲဖြယ္ရွိေနတဲ့ ဆိုးလ္ရွား

မန္ခ်က္စတာ ယူႏိုက္တက္အသင္းရဲ႕ နည္းျပ အိုလီ ဂန္နာ ဆိုးလ္ရွားဟာ လက္ရွိေႏြရာသီမွာ အသင္းရဲ႕ သမိုင္းတစ္ေလွ်ာက္ အေျပာင္းအေရႊ႕ အသံုးစားရိတ္ အမ်ားဆံုး အသံုးျပဳခဲ့တဲ့ ရာသီျဖစ္တဲ့ ၂၀၁၇-၁၈ ရာသီက ထက္ပိုမိုျပီး ေငြေၾကးသံုးစြဲသြားဖို႔ ရွိေနတယ္လုိ႔ Evening Standard က ေဖာ္ျပခဲ့ပါတယ္။

၂၀၁၇-၁၈ ရာသီတုန္းက နည္းျပေဟာင္း ေမာ္ရင္ဟိုဟာ ကစားသမားေခၚယူမႈအတြက္ ေျပာင္းေရႊ႕ေၾကး ၁၇၈.၅၆ သန္း သံုးစြဲခဲ့ျပီး ဒါဟာ မန္ယူအသင္းရဲ႕ သမုိင္းမွာ ေငြေၾကးအမ်ားဆံုး သံုးစြဲခဲ့တာျဖစ္ပါတယ္။ နည္းျပေမာ္ရင္ဟိုဟာ အဆုိပါရာသီမွာ လူကာကူ၊ မာတစ္၊ လင္ဒီေလာ့္ဖ္နဲ႔ အလက္ဆစ္ ဆန္းခ်က္ဇ္တို႔ ၄ ဦးကိုသာ ေခၚယူခဲ့ေပမယ့္ အေျပာင္းအေရႊ႕ကုန္က်စရိတ္က ေပါင္ သန္း ၂၀၀ နီးပါးကုန္က်ခဲ့တာျဖစ္ပါတယ္။

လက္ရွိရာသီမွာလည္း မန္ခ်က္စတာယူႏုိက္တက္အသင္းဟာ ေျပာင္းေရႊ႕ေၾကး အသံုးစားရိတ္ကို စံခ်ိန္တင္ သံုးစြဲဖုိ႔ ျပင္ဆင္ေနျပီး ခံစစ္ အားျဖည့္ဖို႔ တစ္ခုတည္းမွာတင္ ေျပာင္းေရႊ႕ေၾကး ေပါင္ သန္း ၁၃၀ ေလာက္ အသံုးျပဳသြားဖို႔ ရွိေနတယ္လုိ႔ ဆုိပါတယ္။ ဆိုးလ္ရွားဟာ ဗဟိုခံစစ္ေနရာအတြက္ ေပါင္ သန္း ၈၀ တန္ ဟယ္ရီ မက္ဂိြဳင္းယားနဲ႔ ညာေတာင္ပံခံစစ္အတြက္ သန္း ၅၀ သတ္မွတ္ခံထားရတဲ့ အာရြန္ ဝမ္ဘစၥကာတို႔ကို ေခၚယူဖို႔ ၾကိဳးပမ္းေနတာျဖစ္ျပီး အဆုိပါ ကစားသမား ၂ ဦးလံုးကို ေခၚယူႏုိင္ခဲ့မယ္ဆိုရင္ ကုန္က်စရိတ္ ေပါင္ သန္း ၁၃၀ အထိ ရွိေနမွာျဖစ္ပါတယ္။

ဒါ့အျပင္ မန္ယူအသင္းဟာ ကြင္းလယ္ဖန္တီးရွင္တစ္ေယာက္နဲ႔ ထိပ္တန္းအဆင့္ ေတာင္ပံကစားသမားတစ္ေယာက္တို႔ကိုလည္း ထပ္မံေခၚယူဖို႔ ျပင္ဆင္ေနျပီး လက္ရွိ ပစ္မွတ္ထားေနတဲ့ ဘရူႏို ဖာနန္ဒက္ဇ္နဲ႔ ေယာ္အို ဖီးလစ္ဇ္တို႔ဟာ ၂ ဦးေပါင္း ေပါင္ သန္း ၁၅၀ ဝန္းက်င္ ကုန္က်ႏုိင္တဲ့ ကစားသမားေတြျဖစ္ပါတယ္။ ဒါ့အျပင္ အသင္းမွာ အနာဂတ္ မေရမရာျဖစ္ေနတဲ့ လူကာကူ၊ ေပါ့ဘာနဲ႔ ဒီဂီယာတို႔ ထြက္ခြာသြးခဲ့မယ္ရင္ အဆုိပါကစားသမားေတြရဲ႕ ေနရာေတြကိုလည္း အစားထိုး ျဖည့္ဆည္းရဦးမွာျဖစ္တာေၾကာင့္ လက္ရွိရာသီမွာ မန္ယူအသင္း အေျပာင္းအေရႊ႕ အသံုးစားရိတ္ စံခ်ိန္သစ္တင္ဖို႔က ျဖစ္ႏုိင္ေခ်မ်ားေနတယ္လုိ႔ သတင္းေတြကဆိုၾကပါတယ္။

လက္ရွိမွာ မန္ယူအသင္းဟာ ဆြမ္ဆီးအသင္းက ေတာင္ပံၾကယ္ပြင့္ ဒန္နီယယ္ ဂ်ိမ္းစ္ကို ေျပာင္းေရႊ႕ေၾကး ေပါင္ ၁၈ သန္းနဲ႔ ေခၚယူထားျပီး မာသစ္ ဒီလစ္ခ်္၊ ဂါရက္သ္ ေဘးလ္၊ ဒန္နီ ရို႕စ္၊ ဂ်ိမ္းစ္ မက္ဒီဆင္၊ ေသာမတ္ မူနီယာ၊ ယန္း ေအာ့ဘလက္၊ ဂီယန္လီြဂီ ဒြန္နာရူမာ၊ တြန္ေဂး အန္ဒြန္ဘီလီတို႔ကို ေခၚယူဖို႔ ပစ္မွတ္ထားေနပါတယ္။
Ref: Evening Standard

 

Unicode

 

မန်ချက်စတာ ယူနိုက်တက်အသင်းရဲ့ နည်းပြ အိုလီ ဂန်နာ ဆိုးလ်ရှားဟာ လက်ရှိနွေရာသီမှာ အသင်းရဲ့ သမိုင်းတစ်လျှောက် အပြောင်းအရွှေ့ အသုံးစားရိတ် အများဆုံး အသုံးပြုခဲ့တဲ့ ရာသီဖြစ်တဲ့ ၂၀၁၇-၁၈ ရာသီက ထက်ပိုမိုပြီး ငွေကြေးသုံးစွဲသွားဖို့ ရှိနေတယ်လို့ Evening Standard က ဖော်ပြခဲ့ပါတယ်။

၂၀၁၇-၁၈ ရာသီတုန်းက နည်းပြဟောင်း မော်ရင်ဟိုဟာ ကစားသမားခေါ်ယူမှုအတွက် ပြောင်းရွှေ့ကြေး ၁၇၈.၅၆ သန်း သုံးစွဲခဲ့ပြီး ဒါဟာ မန်ယူအသင်းရဲ့ သမိုင်းမှာ ငွေကြေးအများဆုံး သုံးစွဲခဲ့တာဖြစ်ပါတယ်။ နည်းပြမော်ရင်ဟိုဟာ အဆိုပါရာသီမှာ လူကာကူ၊ မာတစ်၊ လင်ဒီလော့်ဖ်နဲ့ အလက်ဆစ် ဆန်းချက်ဇ်တို့ ၄ ဦးကိုသာ ခေါ်ယူခဲ့ပေမယ့် အပြောင်းအရွှေ့ကုန်ကျစရိတ်က ပေါင် သန်း ၂၀၀ နီးပါးကုန်ကျခဲ့တာဖြစ်ပါတယ်။

လက်ရှိရာသီမှာလည်း မန်ချက်စတာယူနိုက်တက်အသင်းဟာ ပြောင်းရွှေ့ကြေး အသုံးစားရိတ်ကို စံချိန်တင် သုံးစွဲဖို့ ပြင်ဆင်နေပြီး ခံစစ် အားဖြည့်ဖို့ တစ်ခုတည်းမှာတင် ပြောင်းရွှေ့ကြေး ပေါင် သန်း ၁၃၀ လောက် အသုံးပြုသွားဖို့ ရှိနေတယ်လို့ ဆိုပါတယ်။ ဆိုးလ်ရှားဟာ ဗဟိုခံစစ်နေရာအတွက် ပေါင် သန်း ၈၀ တန် ဟယ်ရီ မက်ဂွိုင်းယားနဲ့ ညာတောင်ပံခံစစ်အတွက် သန်း ၅၀ သတ်မှတ်ခံထားရတဲ့ အာရွန် ဝမ်ဘစ္စကာတို့ကို ခေါ်ယူဖို့ ကြိုးပမ်းနေတာဖြစ်ပြီး အဆိုပါ ကစားသမား ၂ ဦးလုံးကို ခေါ်ယူနိုင်ခဲ့မယ်ဆိုရင် ကုန်ကျစရိတ် ပေါင် သန်း ၁၃၀ အထိ ရှိနေမှာဖြစ်ပါတယ်။

ဒါ့အပြင် မန်ယူအသင်းဟာ ကွင်းလယ်ဖန်တီးရှင်တစ်ယောက်နဲ့ ထိပ်တန်းအဆင့် တောင်ပံကစားသမားတစ်ယောက်တို့ကိုလည်း ထပ်မံခေါ်ယူဖို့ ပြင်ဆင်နေပြီး လက်ရှိ ပစ်မှတ်ထားနေတဲ့ ဘရူနို ဖာနန်ဒက်ဇ်နဲ့ ယော်အို ဖီးလစ်ဇ်တို့ဟာ ၂ ဦးပေါင်း ပေါင် သန်း ၁၅၀ ဝန်းကျင် ကုန်ကျနိုင်တဲ့ ကစားသမားတွေဖြစ်ပါတယ်။ ဒါ့အပြင် အသင်းမှာ အနာဂတ် မရေမရာဖြစ်နေတဲ့ လူကာကူ၊ ပေါ့ဘာနဲ့ ဒီဂီယာတို့ ထွက်ခွာသွးခဲ့မယ်ရင် အဆိုပါကစားသမားတွေရဲ့ နေရာတွေကိုလည်း အစားထိုး ဖြည့်ဆည်းရဦးမှာဖြစ်တာကြောင့် လက်ရှိရာသီမှာ မန်ယူအသင်း အပြောင်းအရွှေ့ အသုံးစားရိတ် စံချိန်သစ်တင်ဖို့က ဖြစ်နိုင်ချေများနေတယ်လို့ သတင်းတွေကဆိုကြပါတယ်။

လက်ရှိမှာ မန်ယူအသင်းဟာ ဆွမ်ဆီးအသင်းက တောင်ပံကြယ်ပွင့် ဒန်နီယယ် ဂျိမ်းစ်ကို ပြောင်းရွှေ့ကြေး ပေါင် ၁၈ သန်းနဲ့ ခေါ်ယူထားပြီး မာသစ် ဒီလစ်ချ်၊ ဂါရက်သ် ဘေးလ်၊ ဒန်နီ ရို့စ်၊ ဂျိမ်းစ် မက်ဒီဆင်၊ သောမတ် မူနီယာ၊ ယန်း အော့ဘလက်၊ ဂီယန်လွီဂီ ဒွန်နာရူမာ၊ တွန်ဂေး အန်ဒွန်ဘီလီတို့ကို ခေါ်ယူဖို့ ပစ်မှတ်ထားနေပါတယ်။
Ref: Evening Standard



Leave a Reply

Your email address will not be published.

*
*
*