၂၆ ႏွစ္အၾကာမွ စင္ကာပူကို ျပန္လည္အႏုိင္ယူႏိုင္ခဲ့တဲ့ ျမန္မာ့လက္ေရြးစင္အသင္း

ျမန္မာအသင္းအေနနဲ႔ စင္ကာပူအသင္းတို႔ စင္ကာပူႏုိင္ငံမွာ ဖီဖာအသိအမွတ္ျပဳ ေျခစမ္းပြဲကစားခဲ့ျပီး ျမန္မာအသင္းက စင္ကာပူအသင္းကို ၁-၂ ရလဒ္နဲ႔ အႏုိင္ရရွိခဲ့ပါတယ္။

ျမန္မာ့လက္ေရြးစင္အသင္းဟာ စင္ကာပူအသင္းကို ေနာက္ဆံုးအႏိုင္ရရွိခဲ့တာက ၁၉၉၃ ခုႏွစ္ဆီးဂိမ္းတုန္းက ျဖစ္ၿပီးအဲ့ေနာက္ပိုင္း ၂၆ ႏွစ္အၾကာမွလက္ေရြးစင္အဆင့္မွာ ျပန္လည္အႏိုင္ယူႏိုင္ခဲ့တာ ျဖစ္ပါတယ္။

၂၀၂၂ ကမၻာ့ဖလား ေျခစစ္ပြဲရဲ႕ ပထမအဆင့္ ေျခစစ္ပြဲကို ကစားစရာမလိုအပ္တဲ့ ျမန္မာအသင္းနဲ႔ စင္ကာပူအသင္းတို႔ဟာ ယခု ႏိုင္ငံတကာပြဲစဥ္ ရက္သက္တၱပတ္မွာ ဖီဖာအသိအမွတ္ျပဳ ေျခစမ္းပြဲအျဖစ္ ယွဥ္ျပိဳင္ကစားခဲ့ၾကျပီး ျမန္မာအသင္းက တုိက္စစ္မွဴး ေက်ာ္ကိုကိုရဲ႕ သြင္းဂိုး ၂ ဂိုးနဲ႔အတူ ၂-၁ ဂိုးရလဒ္နဲ႔ အႏိုင္ရခဲ့ပါတယ္။

ျမန္မာအသင္းဟာ ၁၉၉၃ ဆီးဂိမ္းမွာ စင္ကာပူကို အႏုိင္ရရွိခဲ့ျပီး ၂ ႏွစ္အၾကာ ၁၉၉၅ ဆီးဂိမ္းမွာေတာ့ စင္ကာပူက ၄-၂ ဂိုးနဲဲ႔ ျပန္အႏိုင္ယူခဲ့ပါတယ္။ အဲ့ေနာက္ပိုင္း ကစားခဲ့တ့ဲ ျပိဳင္ပြဲေတြထဲမွာ ၂၀၀၁ ဆီးဂိမ္းမွာ ျမန္မာက ျပန္ႏိုင္ခဲ့ေပမယ့္လည္း အဆုိပါ ဆီးဂိမ္းဟာ ျပိဳင္ပြဲဝင္ကစားသမားေတြကို အသက္ ၂၃ ႏွစ္ေအာာက္အျဖစ္ စတင္သတ္မွတ္ခဲ့တဲ့ ျပိဳင္ပြဲျဖစ္တာမို႔ လက္ေရြစင္အဆင့္ႏိုင္ပြဲအျဖစ္ သတ္မွတ္ျခင္းမခံရပါဘူး။

ျမန္မာအသင္းဟာ စင္ကာပူအသင္းနဲ႔ ေနာက္ပိုင္းေတြ႕ဆံုမႈေတြျဖစ္တဲ့ ၂၀၀၄ တိုက္ဂါးဖလား၊၂၀၀၈ ဆူဇူကီးဖလားတို႔ အပါအ၀င္ ၂၀၁၀နဲ႔ ၂၀၁၄ ဆူဇူကီးဖလားေတြမွာ လည္း ေတာက္ေလွ်ာက္ အေရးနိမ့္ခဲ့တာပါ။ ဒီၾကားထဲမွာ ကစားခဲ့တဲ့၂၀၁၂ နဲ႔ ၂၀၁၃ ေျခစမ္းပြဲေတြမွာလည္း တစ္ပြဲသေရတစ္ပြဲရႈံးခဲ့ၿပီး ေနာက္ဆုံး ကစားထားတာကေတာ့ ၂၀၁၆ တုန္းက ေျခစမ္းပြဲ ျဖစ္ပါတယ္။

ျမန္မာအသင္းရဲ႕ ႏုိင္ပြဲေၾကာင့္ နည္းျပသစ္ ရာဂ်ဴလိုဗစ္လည္း အဖြင့္လွခဲ့ၿပီး ပထမဆုံးပြဲစဥ္မွာတင္ အာဆီယံ အဓိကျပိဳင္ဘက္တစ္သင္းကို ႏိုင္ပြဲစတင္ ရယူႏိုင္ခဲ့ၿပီလည္း ျဖစ္ပါတယ္။

 

Unicode

 

မြန်မာအသင်းအနေနဲ့ စင်ကာပူအသင်းတို့ စင်ကာပူနိုင်ငံမှာ ဖီဖာအသိအမှတ်ပြု ခြေစမ်းပွဲကစားခဲ့ပြီး မြန်မာအသင်းက စင်ကာပူအသင်းကို ၁-၂ ရလဒ်နဲ့ အနိုင်ရရှိခဲ့ပါတယ်။

မြန်မာ့လက်ရွေးစင်အသင်းဟာ စင်ကာပူအသင်းကို နောက်ဆုံးအနိုင်ရရှိခဲ့တာက ၁၉၉၃ ခုနှစ်ဆီးဂိမ်းတုန်းက ဖြစ်ပြီးအဲ့နောက်ပိုင်း ၂၆ နှစ်အကြာမှလက်ရွေးစင်အဆင့်မှာ ပြန်လည်အနိုင်ယူနိုင်ခဲ့တာ ဖြစ်ပါတယ်။

၂၀၂၂ ကမ္ဘာ့ဖလား ခြေစစ်ပွဲရဲ့ ပထမအဆင့် ခြေစစ်ပွဲကို ကစားစရာမလိုအပ်တဲ့ မြန်မာအသင်းနဲ့ စင်ကာပူအသင်းတို့ဟာ ယခု နိုင်ငံတကာပွဲစဉ် ရက်သက်တ္တပတ်မှာ ဖီဖာအသိအမှတ်ပြု ခြေစမ်းပွဲအဖြစ် ယှဉ်ပြိုင်ကစားခဲ့ကြပြီး မြန်မာအသင်းက တိုက်စစ်မှူး ကျော်ကိုကိုရဲ့ သွင်းဂိုး ၂ ဂိုးနဲ့အတူ ၂-၁ ဂိုးရလဒ်နဲ့ အနိုင်ရခဲ့ပါတယ်။

မြန်မာအသင်းဟာ ၁၉၉၃ ဆီးဂိမ်းမှာ စင်ကာပူကို အနိုင်ရရှိခဲ့ပြီး ၂ နှစ်အကြာ ၁၉၉၅ ဆီးဂိမ်းမှာတော့ စင်ကာပူက ၄-၂ ဂိုးနဲ့ ပြန်အနိုင်ယူခဲ့ပါတယ်။ အဲ့နောက်ပိုင်း ကစားခဲ့တဲ့ ပြိုင်ပွဲတွေထဲမှာ ၂၀၀၁ ဆီးဂိမ်းမှာ မြန်မာက ပြန်နိုင်ခဲ့ပေမယ့်လည်း အဆိုပါ ဆီးဂိမ်းဟာ ပြိုင်ပွဲဝင်ကစားသမားတွေကို အသက် ၂၃ နှစ်အောာက်အဖြစ် စတင်သတ်မှတ်ခဲ့တဲ့ ပြိုင်ပွဲဖြစ်တာမို့ လက်ရွေစင်အဆင့်နိုင်ပွဲအဖြစ် သတ်မှတ်ခြင်းမခံရပါဘူး။

မြန်မာအသင်းဟာ စင်ကာပူအသင်းနဲ့ နောက်ပိုင်းတွေ့ဆုံမှုတွေဖြစ်တဲ့ ၂၀၀၄ တိုက်ဂါးဖလား၊၂၀၀၈ ဆူဇူကီးဖလားတို့ အပါအဝင် ၂၀၁၀နဲ့ ၂၀၁၄ ဆူဇူကီးဖလားတွေမှာ လည်း တောက်လျှောက် အရေးနိမ့်ခဲ့တာပါ။ ဒီကြားထဲမှာ ကစားခဲ့တဲ့၂၀၁၂ နဲ့ ၂၀၁၃ ခြေစမ်းပွဲတွေမှာလည်း တစ်ပွဲသရေတစ်ပွဲရှုံးခဲ့ပြီး နောက်ဆုံး ကစားထားတာကတော့ ၂၀၁၆ တုန်းက ခြေစမ်းပွဲ ဖြစ်ပါတယ်။

မြန်မာအသင်းရဲ့ နိုင်ပွဲကြောင့် နည်းပြသစ် ရာဂျူလိုဗစ်လည်း အဖွင့်လှခဲ့ပြီး ပထမဆုံးပွဲစဉ်မှာတင် အာဆီယံ အဓိကပြိုင်ဘက်တစ်သင်းကို နိုင်ပွဲစတင် ရယူနိုင်ခဲ့ပြီလည်း ဖြစ်ပါတယ်။



Leave a Reply

Your email address will not be published.

*
*
*

error: Content is protected !!