အာဆင်နယ်သတင်းတိုများ
Unicode
၁။ အာဆင်နယ်အသင်းကို ရောက်ရှိလတော့မယ့် ဘရာဇီးလ် တိုက်စစ်ကြယ်ပွင့် ဂါဘရီယယ် မာတီနယ်လီဟာ အာဆင်နယ်အသင်းရဲ့ Instagram ကို Follow လုပ်ခဲ့တာကြောင့် အပြောင်းအရွှေ့ ပြီးမြောက်တာ သေချာနေပြီလို့ ပရိတ်သတ်တွေနဲ့ မီဒီယာတွေက ပြောဆိုနေကြပါတယ်။ မာတီနယ်လီဟာ အာဆင်နယ်အသင်းကို EU နိုင်ငံသားအဖြစ် ပြောင်းရွှေ့နိုင်ဖို့ အီတလီ ပတ်စ်ပို့ ရရှိတဲ့အထိ စောင့်ဆိုင်းနေခဲ့တာဖြစ်ပြီး EU နိုင်ငံသားမဟုတ်တဲ့ ကစားသမားတွေအနေနဲ့ အင်္ဂလန်မှာ အလုပ်လုပ်ခွင့်ပါမစ် ရရှိဖို့ ခက်ခဲတာကြောင့် ခုလို ပြုလုပ်ခဲ့ရတာဖြစ်ပါတယ်။ ဘရာဇီးလ်မီဒီယာတွေရဲ့ ဖော်ပြချက်အရတော့ မာတီနယ်လီဟာ သူအသက် ၁၈ နှစ်ပြည့်မယ့် လာမယ့် ဇွန်လ ၁၈ ရက်နေ့မှာ အာဆင်နယ်အသင်းနဲ့ စာချုပ်ချုပ်ဆိုမှာဖြစ်တယ်လို့ သိရပါတယ်။
၂။ အာဆင်နယ်အသင်းရဲ့ ပစ်မှတ်ကစားသမားတစ်ဦးဖြစ်တဲ့ စတုဂတ် နောက်ခံလူ အိုဇန် ကာဘတ်ကို ခေါ်ယူဖို့ လန်ဒန်မြို့ခံပြိုင်ဘက်ကလပ် ဝက်စ်ဟမ်းအသင်းကလည်း ပစ်မှတ်ထားလာနေပါတယ်။ စာချုပ်ဖျက်သိမ်းခ ပေါင် ၁၃.၂ သန်း သာ သတ်မှတ်ထားတဲ့ အဆိုပါကစားသမားကို ထိပ်တန်းအသင်းကြီးတချို့က မျက်စိကျနေကြပါတယ်။
၃။ အသင်းခေါင်းဆောင် ကိုစီယယ်နီကို ရောင်းချတော့မယ့် အာဆင်နယ်အသင်းဟာ လာမယ့်ရာသီသစ်မှာ အသင်းခေါင်းဆောင် ခန့်အပ်ဖို့အတွက် ကစားသမား ၅ ဦးကို လျာထားတယ်လို့ Squawka သတင်းဌာနက ဖော်ပြခဲ့ပါတယ်။ အဆိုပါ ကစားသမား ၅ ဦးကတော့ ဂရာနစ် ရှာခါ၊ ဆိုကရားတစ် ပါပါစတာသို ပူးလော့စ်၊ လူးကပ် တော်ရဲယား၊ နာချို မွန်ရီယယ်နဲ့ အလက်ဇန်းါဒါး လာကာဇက်တို့ဖြစ်ကြတယ်လို့ သတင်းက ဆိုပါတယ်။
၄။ အီမီလီယာနို မာတီနက်ဇ်၊ ရီးစ် နယ်လ်ဆင်၊ ဂျိုး ဝေးလော့ခ်၊ ရော့ဘ် ဟိုးလ်ဒင်းနဲ့ ဂျော်ဒီ အိုဆီ-တူတူတို့ဟာ အာဆင်နယ်အသင်းကို အပြောင်းအရွှေ့ အသုံးစားရိတ် သန်းနဲ့ ချီ သက်သာအောင် ကူညီကြလိမ့်မယ်လို့ Football London က သုံးသပ်ခဲ့ပါတယ်။ အာဆင်နယ်အသင်းလိုအပ်နေတဲ့ နေရာတွေမှာ အဆိုပါ အကယ်ဒမီထုတ်ကုန်တွေက ပြောင်းရွှေ့ကြေး တစ်ပြားမှ အကုန်ခံစရာမလိုပဲ အစားဝင်ဖြည့်တင်းပေးကြလိမ့်မယ်လို့ အဆိုပါ သုံးသပ်ချက်မှာ ဖော်ပြထားပါတယ်။
၅။ ရိုးမားကွင်းလယ်လူ လိုရန်ဇို ပယ်လီဂရီနီကို ခေါ်ယူဖို့အတွက် အာဆင်နယ်အသင်းဟာ တော့တင်ဟမ်အသင်းနဲ့အပြိုင် ချိတ်ဆက်မှု ပြုလုပ်ခဲ့တယ်လို့ Goal က ဖော်ပြခဲ့ပါတယ်။ အသက် ၂၂ နှစ်အရွယ် အီတလီလက်ရွေးစင် ပယ်လီဂရီနီအတွက် ရိုးမားအသင်းက ပြောင်းရွှေ့ကြေး ယူရို သန်း ၃၀ သာ သတ်မှတ်ထားပါတယ်။ လောလောဆယ်မှာ အဆိုပါကစားသမားရဲ့ အေးဂျင့်ဖြစ်သူဟာ လန်ဒန်ကို ရောက်ရှိနေတယ်လို့လည်း သိရပါတယ်။
၆။ အာဆင်နယ်အသင်းဟာ နေရာစုံမှာ တိုးတက်အောင် ဖြည့်တင်းဖို့ လိုအပ်နေတယ်လို့ အသင်းရဲ့ ကစားသမားဟောင်း လီ ဒစ်ဆင်က အကြံပေးပြောဆိုလိုက်ပါတယ်။ ဒါကြောင့် အာဆင်နယ်အသင်းအနေနဲ့ လက်ရှိနွေရာသီမှာ မဖြစ်မနေ ငွေကြေး အမြောက်အများ သုံးစွဲဖို့ လိုအပ်တယ်လို့လည်း သူကဆိုခဲ့ပါတယ်။
၇။ ကာရက်စ်ကို ရောက်ရှိလာချိန်မှာ လူငယ်ကြယ်ပွင့် ရီးစ် နယ်လ်ဆင်တစ်ယောက် အသင်းမှာ အခွင့်အရေး မရရှိတော့မှာကို အာဆင်နယ်အသင်း ပရိတ်သတ်တွေက စိုးရိမ်နေကြပါတယ်။ အရည်အသွေးမြင့် လူငယ်ကြယ်ပွင့်တစ်ယောက်အဖြစ် သတ်မှတ်ခံထားရတဲ့ နယ်လ်ဆင်ကို ဘွန်ဒက်စ်လီဂါထိပ်သီးကလပ်တွေကလည်း ပစ်မှတ်ထားနေတာကြောင့် နောက်ထပ် ဂနာဘရီလို ဆံုံးရှုံးမှုမျိုး ထပ်ဖြစ်လာမှာကို ပရိတ်သတ်တွေက စိုးရိမ်နေကြတာဖြစ်ပါတယ်။
၈။ ဂျီနိုအာအသင်းဟာ အမ်ပိုလီအသင်းမှာ ခြေစွမ်းကောင်းပြသနိုင်ခဲ့တဲ့ လူငယ် ကြယ်ပွင့် ကွင်းလယ်လူ အစ္စမေးလ် ဘန်နန်ဆာကို ခေါ်ယူဖို့ ဆွေးနွေးနေပြီဖြစ်ပါတယ်။ ဘန်နန်ဆာဟာ အာဆင်နယ်ကြယ်ပွင့်ဟောင်းဖြစ်ပြီး အာဆင်နယ်အသင်းက ရောင်းချစဉ်တုန်းက ချုပ်ဆိုထားတဲ့ စာချုပ်အရ အမ်ပိုလီအသင်းက သူ့ကို ပြန်လည်ရောင်းချမယ်ဆိုရင် ပြောင်းရွှေ့ကြေးရဲ့ ၃၀% ကို အာဆင်နယ်အသင်းက ရရှိမှာဖြစ်ပါတယ်။ ဘန်နန်ဆာကို ခေါ်ယူဖို့ ဒေါ့မွန်အသင်းနဲ့ အေစီမီလန်အသင်းတွေကလည်း ချဉ်းကပ်နေပါတယ်။
၉။ အာဆင်နယ်အသင်းဟာ ပြီးခဲ့တဲ့ရာသီ ပရီးမီးယားလိဂ်ရဲ့ အပိုင် ဂိုးသွင်းခွင့် အခွင့်အရေး ဖန်တီးနှုန်းအမြင့်ဆုံးအသင်းစာရင်းမှာ အဆင့် ၄ နေရာမှာ ရပ်တည်ခဲ့တယ်လို့ သိရပါတယ်။ အာဆင်နယ်အသင်းထက် အခွင့်အရေးပိုဖန်တီးနိုင်တဲ့အသင်းအနေနဲ့ မန်စီးတီး၊ လီဗာပူးလ်နဲ့ မန်ယူတို့သာ ရှိတယ်လို့ အဆိပုပါစာရင်းက ဖော်ပြခဲ့ပါတယ်။ အဆိုပါစာရင်းမှာ ချယ်လ်ဆီးက ၈ နဲ့ စပါးက ၉ နေရာမှာသာ ရပ်တည်ခဲ့ကြပါတယ်။
၁၀။ ဘိုချမ်အသင်းဟာ အာဆင်နယ်လူငယ် နောက်ခံလူ ဂျော်ဒီ အိုဆီ-တူတူကို ခေါ်ယူဖို့ ကြိုးပမ်းနေမှုကို လက်လျှော့လိုက်ပြီဖြစ်ပါတယ်။ ဂျာမန်မီဒီယာ ReVier Sport ရဲ့ ဖော်ပြချက်အရ ပွဲထွက်စားခွင့်အပါအဝင် အာဆင်နယ်အသင်းဘက်က တောင်းဆိုမှုတွေဟာ များပြားလွန်းတာကြောင့်လို့ သိရပါတယ်။ ဒါပေမယ့် အဆိုပါကစားသမားကို အငှားခေါ်ယူဖို့ ဟမ်းဘတ်အသင်းနဲ့ ဆဲလ်တစ်အသင်းတွေက ဆက်လက်ကြိုးပမ်းနေကြဆဲဖြစ်ပါတယ်။
Leave a Reply
Your email address will not be published.
*
*
*
error: Content is protected !!