၁၂၊ ၆၊ ၂၀၁၉ အေျပာင္းအေရႊ႕ရပ္ဝန္း သတင္းတိုမ်ား

၁။ မန္ခ်က္စတာစီးတီးအသင္း နည္းျပ ပပ္ ဂြာဒီယိုလာဟာ ယခုေႏြရာသီ အေျပာင္းအေရႊ႕ကာလမွာ လူစာရင္းရဲ႕ ေနရာ ၂ ေနရာကို ျဖည့္တင္းသြားဖို႔ စီစဥ္ေနတယ္လို႔ Manchester Evening News က ေဖာ္ျပခဲ့ပါတယ္။ မန္စီးတီးအသင္းဟာ ကြင္းလယ္ ခံစစ္ေနရာနဲ႔ ဗဟိုခံစစ္ေေနရာေတြမွာ အင္အားျဖည့္တင္းဖို႔ စီစဥ္ေနျပီး အက္သလက္တီကို ကြင္းလယ္လူ ရိုဒရီနဲ႔ လက္စတာစီးတီး ခံစစ္မွဴး ဟယ္ရီ မက္ဂိြဳင္းယားတုိ႔ကို အဓိကပစ္မွတ္ေတြအျဖစ္ သတ္မွတ္ထားပါတယ္။

၂။ ဝက္ဖို႔ဒ္အသင္းဟာ ရင္းနက္စ္အသင္းက ေတာင္ပံတုိက္စစ္ၾကယ္ပြင့္ အစၥေမလား ဆားရ္ကို ေခၚယူဖို႔ ၾကိဳးပမ္းခဲ့ေပမယ့္ သူတို႔ရဲ႕ ကမ္းလွမ္းခ်က္ကို ျပင္သစ္ကလပ္က ျငင္းဆန္ပယ္ခ်ခဲ့တယ္လို႔ သိရပါတယ္။ ရင္းနက္စ္အသင္းဟာ အသက္ ၂၁ ႏွစ္အရြယ္ရွိျပီျဖစ္တဲ့ အာဆင္နယ္ပစ္မွတ္ေဟာင္းတြက္ တန္ေၾကး ေပါင္ သန္း ၄၀ ဝန္းက်င္အလိုရွိေနပါတယ္။

၃။ ခ်ယ္လ္ဆီးအသင္းဟာ ဒါဘီေကာင္တီနည္းျပ ဖရန္႔ခ္ လမ္းပတ္နဲ႔ ေဆြးေႏြးဖို႔ စီစဥ္ေနတယ္လုိ႔ သိရပါတယ္။ လက္ရွိနည္းျပ ဆာရီကို လက္လႊတ္ရဖို႔ ေသခ်ာေနျပီျဖစ္တဲ့ ခ်ယ္လ္ဆီးအသင္းဟာ ဂႏၱဝင္ ကစားသမားေဟာင္း လမ္းပတ္ကို နည္းျပသစ္အျဖစ္ ခန္႔အပ္ဖို႔ စိတ္ဆႏၵရွိေနဆဲျဖစ္ပါတယ္။

၄။ အက္သလက္တီကို မက္ဒရစ္ ဂိုးသမား ယန္ ေအာ့ဘလက္ဟာ အသင္းကေန ထြက္ခြာဖို႔ ပိုမိုနီးစပ္လာေနျပီျဖစ္ျပီး မန္ယူအသင္းထက္ ပီအက္စ္ဂ်ီအသင္းထံ ေျပာင္းေရႊ႕ျဖစ္ဖို႔ ပိုမိုနီးစပ္ေနတယ္လုိ႔ ESPN သတင္းဌာနက ေဖာျ္ပခဲ့ပါတယ္။

၅။ လီဗာပူးလ္အသင္းဟာ လိုင္လီအသင္းက ေတာင္ပံကစားသမား နီကိုလပ္စ္ ပီပီိကို ေခၚယူဖို႔ ၾကိဳးပမ္းေတာ့မွာ မဟုတ္ဘူးလို႔ သိရပါတယ္။ လီဗာပူးလ္အသင္းဟာ အဆုိပါကစားသမားကို ေျပာင္းေရႊ႕ေၾကး ေပါင္ ၇၁ သန္းအထိ အသံုးျပဳျပီး ကမ္းလွမ္းခဲ့ေပမယ့္ ကစားသမားကေတာ့ ဘုိင္ယန္ျမဴးနစ္အသင္းထံ ေျပာင္းေရႊ႕ဖို႔ စိတ္အားထက္သန္ေနတာေၾကာင့္ျဖစ္ပါတယ္။

၆။ လီဗာပူးလ္အသင္းဟာ အသင္းကေန ထြက္ခြာေတာ့မယ့္ ဂိုးသမား မစ္ဂႏိုလက္ရဲ႕ ေနရာမွာ အစားထိုးဖို႔ ကာဒစ္ဖ္အသင္းက ဖိလစ္ပိုင္လက္ေရြးစင္ဂိုးသမား ေနးလ္ အီသာရစ္ခ်္ကို စိတ္ဝင္စားေနပါတယ္။ နည္းျပ ကေလာ့ပ္ကလည္း လက္ရွိပထမဂိုးသမား အယ္လစ္ဆင္ရဲ႕ အရံအျဖစ္ထားရွိဖို႔ အီသာရစ္ခ်္ကို စိတ္ၾကိဳက္အေတြ႕ဆံုးျဖစ္ေနတယ္လုိ႔ သိရပါတယ္။

၇။ လီဗာပူးလ္အသင္းရဲ႕ ခံစစ္မွဴးေဟာင္း စတိဗ္ နီကိုးလ္က အသင္းက ထြက္ခြာေတာ့မယ့္ ဘယ္ေနာက္ခံလူ အယ္ဗာတို မုိရီႏိုဟာ အာဆင္နယ္အသင္းက ဝါရင့္ေနာက္ခံလူ နာခ်ိဳ မြန္ရီယယ္ေလာက္ေတာင္ ခံစစ္ေကာင္းေကာင္းမကစားတတ္သူျဖစ္တယ္လုိ႔ ေဝဖန္ေျပာဆိုလိုက္ပါတယ္။ အာဆင္နယ္အသင္းဟာ ဘယ္ေနာက္ခံလူတစ္ဦး ေခၚယူဖို႔ စီစဥ္ေနျပီး အသက္ ၂၆ ႏွစ္အရြယ္သာရွိေသးတဲ့ မိုရီႏိုဟာ နည္းျပ အမ္မရီစိတ္ၾကိဳက္ တပည့္ေဟာင္းျဖစ္ခဲ့သလို လက္ရွိအခ်ိန္မွာ အလြတ္ေျပာင္းေရႊ႕ေၾကးနဲ႔ ေခၚယူခြင့္လည္း ရွိေနပါတယ္။ “လီဗာပူးလ္ ပရိတ္သတ္တစ္ေယာက္အေနနဲ႔ ေမွ်ာ္လင့္မိတာေတြရွိပါတယ္။ အရိုးသားဆံုး ဝန္ခံရရင္ အဲ့ဒီလို (အာဆင္နယ္ကို မိုရီႏို အလြတ္ျေပာင္းေရႊ႕ေၾကးနဲ႔ ေျပာင္းေရႊ႕သြားတာမ်ိဳး) ျဖစ္မလာေစခ်င္ပါဘူး။ ေသခ်ာတာေတာ့ မိုရီႏိုအဟာ ခံစစ္ေကာင္းေကာင္း မကစားတတ္ပါဘူး။ လီဗာပူးလ္က ေရာဘတ္ဆင္ကို ဝယ္ခဲ့တာ အဲဒါေၾကာင့္ပါပဲ။ သူက မြန္ရီယယ္ထက္ပိုေကာင္းတယ္လို႔ ကၽြန္ေတာ္ မထင္ပါဘူး” လို႔ နီကိုးလ္က ESPN ကို ေျပာဆိုခဲ့ပါတယ္။

၈။ မန္ခ်က္စတာ ယူႏိုက္တက္အသင္းဟာ ေတာ့တင္ဟမ္အသင္းက အဂၤလန္လက္ေရြးင္ ေနာက္ခံလူ ဒန္နီ ရို႔စ္ကို ေခၚယူဖို႔ ျပန္လည္ ၾကိဳးပမ္းလာေနျပီျဖစ္ပါတယ္။ မန္ယူအသင္းဟာ အဆုိပါ ၂၈ ႏွစ္သား ဘယ္ေနာက္ခံလူကို ကာလရွည္ ပစ္မွတ္ထားခဲ့ဖူးျပီး ယခုတစ္ၾကိမ္မွာလည္း ေခၚယူဖို႔ ျပန္လည္ စိတ္ဆႏၵရွိလာတာျဖစ္ပါတယ္။

၉။ မန္ခ်က္စတာ ယူႏုိက္တက္အသင္းရဲ႕ ဂႏၱဝင္ ခံစစ္မွဴးေဟာင္း ရီယို ဖာဒီနန္က အသင္းကို ျပန္လာႏုိင္တယ္ဆိုတဲ့ သတင္းေတြကို ျငင္းဆန္ျခင္းမျပဳခဲ့ဘူးလို႔ Goal ရဲ႕ သတင္းတစ္ရပ္က ေဖာ္ျပခဲ့ပါတယ္။ ဖာဒီနန္ဟာ မန္ယူအသင္းမွာ နည္းစနစ္ပိုင္းဒါရုိက္တာအျဖစ္ တာဝန္ယူဖို႔ ရွိေနတယ္လုိ႔ သတင္းေတြ ထြက္ေပၚေနျပီး ကာယကံရွင္ကိုယ္တုိင္ကေတာ့ “ဒါက အလုပ္ပံုသ႑ာေပၚမွာပဲ မူတည္ပါတယ္။ မန္ယူက ဆန္းသစ္တဲ့ အုိင္ဒီယာေတြကို အလိုရွိေနတာပါ။ သူတို႔က အေတြးအျမင္ပိုင္းအရေရာ အိုင္ဒီယာပိုင္းအရပါ ေျပာင္းလဲျပင္ဆင္မႈျပဳလုပ္ခ်င္ေနတာပါ။ ဒါေပမယ့္ သူတို႔က ပထမအသင္းၾကီးတစ္ခုတည္းအတြက္ ဒီလိုလုပ္ခ်င္ေနတာမဟုတ္ပါဘူး” လို႔ Fourfourtwo နဲ႔ အင္တာဗ်ဴးမွာ ေျပာဆိုခဲ့ပါတယ္။

၁၀။ ရိုးမားအသင္းနဲ႔ လမ္းခြဲေတာ့မယ့္ ဝါရင့္ ဂႏၱဝင္ ကြင္းလယ္လူ ဒန္နီယယ္လီ ဒီေရာ့ဆီကို ေမဂ်ာလိဂ္ကလပ္ ေလာ့စ္အိန္ဂ်ယ္လိစ္အသင္းက စာခ်ဳပ္ခ်ဳပ္ဆိုဖို႔ စီစဥ္ေနပါတယ္။ အဆုိပါ ၃၅ ႏွစ္အရြယ္ ကြင္းလယ္လူကို ေခၚယူဖို႔ အာဂ်င္တီးနားထိပ္တန္းကလပ္ ဘိုကာဂ်ဴနီယာအသင္းကလည္း ဆႏၵရွိေနပါတယ္။

 

Unicode

 

၁။ မန်ချက်စတာစီးတီးအသင်း နည်းပြ ပပ် ဂွာဒီယိုလာဟာ ယခုနွေရာသီ အပြောင်းအရွှေ့ကာလမှာ လူစာရင်းရဲ့ နေရာ ၂ နေရာကို ဖြည့်တင်းသွားဖို့ စီစဉ်နေတယ်လို့ Manchester Evening News က ဖော်ပြခဲ့ပါတယ်။ မန်စီးတီးအသင်းဟာ ကွင်းလယ် ခံစစ်နေရာနဲ့ ဗဟိုခံစစ်ေနေရာတွေမှာ အင်အားဖြည့်တင်းဖို့ စီစဉ်နေပြီး အက်သလက်တီကို ကွင်းလယ်လူ ရိုဒရီနဲ့ လက်စတာစီးတီး ခံစစ်မှူး ဟယ်ရီ မက်ဂွိုင်းယားတို့ကို အဓိကပစ်မှတ်တွေအဖြစ် သတ်မှတ်ထားပါတယ်။

၂။ ဝက်ဖို့ဒ်အသင်းဟာ ရင်းနက်စ်အသင်းက တောင်ပံတိုက်စစ်ကြယ်ပွင့် အစ္စမေလား ဆားရ်ကို ခေါ်ယူဖို့ ကြိုးပမ်းခဲ့ပေမယ့် သူတို့ရဲ့ ကမ်းလှမ်းချက်ကို ပြင်သစ်ကလပ်က ငြင်းဆန်ပယ်ချခဲ့တယ်လို့ သိရပါတယ်။ ရင်းနက်စ်အသင်းဟာ အသက် ၂၁ နှစ်အရွယ်ရှိပြီဖြစ်တဲ့ အာဆင်နယ်ပစ်မှတ်ဟောင်းတွက် တန်ကြေး ပေါင် သန်း ၄၀ ဝန်းကျင်အလိုရှိနေပါတယ်။

၃။ ချယ်လ်ဆီးအသင်းဟာ ဒါဘီကောင်တီနည်းပြ ဖရန့်ခ် လမ်းပတ်နဲ့ ဆွေးနွေးဖို့ စီစဉ်နေတယ်လို့ သိရပါတယ်။ လက်ရှိနည်းပြ ဆာရီကို လက်လွှတ်ရဖို့ သေချာနေပြီဖြစ်တဲ့ ချယ်လ်ဆီးအသင်းဟာ ဂန္တဝင် ကစားသမားဟောင်း လမ်းပတ်ကို နည်းပြသစ်အဖြစ် ခန့်အပ်ဖို့ စိတ်ဆန္ဒရှိနေဆဲဖြစ်ပါတယ်။

၄။ အက်သလက်တီကို မက်ဒရစ် ဂိုးသမား ယန် အော့ဘလက်ဟာ အသင်းကနေ ထွက်ခွာဖို့ ပိုမိုနီးစပ်လာနေပြီဖြစ်ပြီး မန်ယူအသင်းထက် ပီအက်စ်ဂျီအသင်းထံ ပြောင်းရွှေ့ဖြစ်ဖို့ ပိုမိုနီးစပ်နေတယ်လို့ ESPN သတင်းဌာနက ဖောြ်ပခဲ့ပါတယ်။

၅။ လီဗာပူးလ်အသင်းဟာ လိုင်လီအသင်းက တောင်ပံကစားသမား နီကိုလပ်စ် ပီပီကို ခေါ်ယူဖို့ ကြိုးပမ်းတော့မှာ မဟုတ်ဘူးလို့ သိရပါတယ်။ လီဗာပူးလ်အသင်းဟာ အဆိုပါကစားသမားကို ပြောင်းရွှေ့ကြေး ပေါင် ၇၁ သန်းအထိ အသုံးပြုပြီး ကမ်းလှမ်းခဲ့ပေမယ့် ကစားသမားကတော့ ဘိုင်ယန်မြူးနစ်အသင်းထံ ပြောင်းရွှေ့ဖို့ စိတ်အားထက်သန်နေတာကြောင့်ဖြစ်ပါတယ်။

၆။ လီဗာပူးလ်အသင်းဟာ အသင်းကနေ ထွက်ခွာတော့မယ့် ဂိုးသမား မစ်ဂနိုလက်ရဲ့ နေရာမှာ အစားထိုးဖို့ ကာဒစ်ဖ်အသင်းက ဖိလစ်ပိုင်လက်ရွေးစင်ဂိုးသမား နေးလ် အီသာရစ်ချ်ကို စိတ်ဝင်စားနေပါတယ်။ နည်းပြ ကလော့ပ်ကလည်း လက်ရှိပထမဂိုးသမား အယ်လစ်ဆင်ရဲ့ အရံအဖြစ်ထားရှိဖို့ အီသာရစ်ချ်ကို စိတ်ကြိုက်အတွေ့ဆုံးဖြစ်နေတယ်လို့ သိရပါတယ်။

၇။ လီဗာပူးလ်အသင်းရဲ့ ခံစစ်မှူးဟောင်း စတိဗ် နီကိုးလ်က အသင်းက ထွက်ခွာတော့မယ့် ဘယ်နောက်ခံလူ အယ်ဗာတို မိုရီနိုဟာ အာဆင်နယ်အသင်းက ဝါရင့်နောက်ခံလူ နာချို မွန်ရီယယ်လောက်တောင် ခံစစ်ကောင်းကောင်းမကစားတတ်သူဖြစ်တယ်လို့ ဝေဖန်ပြောဆိုလိုက်ပါတယ်။ အာဆင်နယ်အသင်းဟာ ဘယ်နောက်ခံလူတစ်ဦး ခေါ်ယူဖို့ စီစဉ်နေပြီး အသက် ၂၆ နှစ်အရွယ်သာရှိသေးတဲ့ မိုရီနိုဟာ နည်းပြ အမ်မရီစိတ်ကြိုက် တပည့်ဟောင်းဖြစ်ခဲ့သလို လက်ရှိအချိန်မှာ အလွတ်ပြောင်းရွှေ့ကြေးနဲ့ ခေါ်ယူခွင့်လည်း ရှိနေပါတယ်။ “လီဗာပူးလ် ပရိတ်သတ်တစ်ယောက်အနေနဲ့ မျှော်လင့်မိတာတွေရှိပါတယ်။ အရိုးသားဆုံး ဝန်ခံရရင် အဲ့ဒီလို (အာဆင်နယ်ကို မိုရီနို အလွတ်ြပောင်းရွှေ့ကြေးနဲ့ ပြောင်းရွှေ့သွားတာမျိုး) ဖြစ်မလာစေချင်ပါဘူး။ သေချာတာတော့ မိုရီနိုအဟာ ခံစစ်ကောင်းကောင်း မကစားတတ်ပါဘူး။ လီဗာပူးလ်က ရောဘတ်ဆင်ကို ဝယ်ခဲ့တာ အဲဒါကြောင့်ပါပဲ။ သူက မွန်ရီယယ်ထက်ပိုကောင်းတယ်လို့ ကျွန်တော် မထင်ပါဘူး” လို့ နီကိုးလ်က ESPN ကို ပြောဆိုခဲ့ပါတယ်။

၈။ မန်ချက်စတာ ယူနိုက်တက်အသင်းဟာ တော့တင်ဟမ်အသင်းက အင်္ဂလန်လက်ရွေးင် နောက်ခံလူ ဒန်နီ ရို့စ်ကို ခေါ်ယူဖို့ ပြန်လည် ကြိုးပမ်းလာနေပြီဖြစ်ပါတယ်။ မန်ယူအသင်းဟာ အဆိုပါ ၂၈ နှစ်သား ဘယ်နောက်ခံလူကို ကာလရှည် ပစ်မှတ်ထားခဲ့ဖူးပြီး ယခုတစ်ကြိမ်မှာလည်း ခေါ်ယူဖို့ ပြန်လည် စိတ်ဆန္ဒရှိလာတာဖြစ်ပါတယ်။

၉။ မန်ချက်စတာ ယူနိုက်တက်အသင်းရဲ့ ဂန္တဝင် ခံစစ်မှူးဟောင်း ရီယို ဖာဒီနန်က အသင်းကို ပြန်လာနိုင်တယ်ဆိုတဲ့ သတင်းတွေကို ငြင်းဆန်ခြင်းမပြုခဲ့ဘူးလို့ Goal ရဲ့ သတင်းတစ်ရပ်က ဖော်ပြခဲ့ပါတယ်။ ဖာဒီနန်ဟာ မန်ယူအသင်းမှာ နည်းစနစ်ပိုင်းဒါရိုက်တာအဖြစ် တာဝန်ယူဖို့ ရှိနေတယ်လို့ သတင်းတွေ ထွက်ပေါ်နေပြီး ကာယကံရှင်ကိုယ်တိုင်ကတော့ “ဒါက အလုပ်ပုံသဏ္ဍာပေါ်မှာပဲ မူတည်ပါတယ်။ မန်ယူက ဆန်းသစ်တဲ့ အိုင်ဒီယာတွေကို အလိုရှိနေတာပါ။ သူတို့က အတွေးအမြင်ပိုင်းအရရော အိုင်ဒီယာပိုင်းအရပါ ပြောင်းလဲပြင်ဆင်မှုပြုလုပ်ချင်နေတာပါ။ ဒါပေမယ့် သူတို့က ပထမအသင်းကြီးတစ်ခုတည်းအတွက် ဒီလိုလုပ်ချင်နေတာမဟုတ်ပါဘူး” လို့ Fourfourtwo နဲ့ အင်တာဗျူးမှာ ပြောဆိုခဲ့ပါတယ်။

၁၀။ ရိုးမားအသင်းနဲ့ လမ်းခွဲတော့မယ့် ဝါရင့် ဂန္တဝင် ကွင်းလယ်လူ ဒန်နီယယ်လီ ဒီရော့ဆီကို မေဂျာလိဂ်ကလပ် လော့စ်အိန်ဂျယ်လိစ်အသင်းက စာချုပ်ချုပ်ဆိုဖို့ စီစဉ်နေပါတယ်။ အဆိုပါ ၃၅ နှစ်အရွယ် ကွင်းလယ်လူကို ခေါ်ယူဖို့ အာဂျင်တီးနားထိပ်တန်းကလပ် ဘိုကာဂျူနီယာအသင်းကလည်း ဆန္ဒရှိနေပါတယ်။



Leave a Reply

Your email address will not be published.

*
*
*

error: Content is protected !!