လူးကပ္စ္ ေတာ္ရဲယားကို ေခၚယူခ်င္ေနတဲ့ ေအစီမီလန္

ေအစီမီလန္အသင္းရဲ႕ စီအီးအို အုိင္ဗန္ ဂါဇီဒစ္ဟာ အာဆင္နယ္အသင္းက ဥရုေဂြး ကြင္းလယ္ၾကယ္ပြင့္ လူးကပ္စ္ ေတာ္ရဲယားကို ေခၚယူဖို႔ စီစဥ္ေနတယ္လို႔ အီတလီသတင္းစာေတြက ေဖာ္ျပခဲ့ၾကပါတယ္။

Tutto Mercato ရဲ႕ ေဖာ္ျပခ်က္အရ ေအစီမီလန္အသင္းဟာ လက္ရွိအသင္းက ကြင္းလယ္လူ ဖရန္႔ခ္ ကက္ဆီရဲ႕ ေျခစြမ္းကုိ အားရေက်နပ္မႈ မရွိတာေၾကာင့္ ေရာင္းထုတ္ဖို႔ စီစဥ္ေနသလို ခ်ယ္လ္ဆီးအသင္းက အငွား ေခၚယူထားတဲ့ ျပင္သစ္ ကြင္းလယ္လူ ဘာကာယိုကို ကိုလည္း စတမ္းဖို႔ဒ္ ဘရစ္ခ်္ကို ျပန္ခြင့္ျပဳလုိက္ရျပီျဖစ္တာေၾကာင့္ ထိပ္တန္း ကြင္းလယ္လူတစ္ဦး ျပန္လည္အစားထိုးဖို႔ စီစဥ္ေနျပီး စီအီးအို ဂါဇီဒစ္က ေတာ္ရဲယားကို ေခၚယူဖို႔ ဆႏၵရွိေနတာျဖစ္ပါတယ္။

အာဆင္နယ္အသင္းဟာ ဥရုေဂြး ကြင္းလယ္လူ လူးကပ္စ္ ေတာ္ရဲယားကို ျပီးခဲ့တဲ့ ရာသီတုန္းက ဆမ္ဒိုးရီးယားအသင္းထံကေန ေျပာင္းေရႊ႕ေၾကး ေပါင္ သန္း ၃၀ နဲ႔ ေခၚယူထားတာျဖစ္ျပီး ေျခစြမ္းေကာင္းေတြ ျပသႏုိင္ခဲ့တာေၾကာင့္ ပရိတ္သတ္ စိတ္ၾကိဳက္ေတြ႕တဲ့ ကစားသမားတစ္ဦးအျဖစ္ သတ္မွတ္ျခင္းခံထားရသလို ၂၀၁၈-၁၉ ရာသီ ပရီးမီးယားလိဂ္ရဲ႕ အေကာင္းဆံုး ေခၚယူမႈေတြထဲက တစ္ခုအျဖစ္ သတ္မွတ္ျခင္းခံထားရသူျဖစ္ပါတယ္။

ေတာ္ရဲယားဟာ အာဆင္နယ္အသင္းနဲ႔ ၂၀၂၃ ခုႏွစ္အထိ စာခ်ဳပ္သက္တမ္းက်န္ရွိေနေသးျပီး နည္းျပ အမ္မရီရဲ႕ ပြဲထြက္ခြင့္ အာမခံခ်က္ ရရွိထားတဲ့ ကစားသမား ၄ ဦးစာရင္းဝင္ ကစားသမားျဖစ္တာေၾကာင့္ လန္ဒန္ကလပ္ဘက္က ေရာင္းခ်လိုစိတ္ လံုးဝမရွိေပမယ့္ ေအစီမီလန္အသင္းကေတာ့ အီတလီေျမကို သံေယာဇဥ္ရွိတဲ့ ေတာ္ရဲယားကို တုိက္ရိုက္ခ်ဥ္းကပ္တာမ်ိဳးလုပ္လာႏုိင္တယ္လုိ႔ သတင္းေတြက ဆိုပါတယ္။

ပရီးမီးယားလိဂ္မွာ ၁ ရာသီသာ ကစားရေသးတဲ့ ေတာ္ရဲယားဟာ လက္ရွိအခ်ိန္မွာ အီတလီေျမကို ျပန္ဖို႔ စိတ္ဆႏၵမရွိေသးေပမယ့္ ေရွ႕လာမယ့္ ရက္သတၱပတ္ေတြမွာေတာ့ ေအစီမီလန္အသင္းဘက္က လႈပ္ရွားမႈ တစ္ခ်ိဳ႕ စတင္ျပဳလုပ္ဖို႔ ရွိနေတယ္လုိ႔ Tutto Mercato က ေရးသားခဲ့ပါတယ္။

အသက္ ၂၃ ႏွစ္အရြယ္သာရွိေသးတဲ့ ဥရုေဂြးလက္ေရြးစင္ ကြယ္လယ္ခံစစ္ကစားသမား ေတာ္ရဲယားဟာ ျပီးခဲ့တဲ့ရာသီတုန္းက အာဆင္နယ္အသင္းအတြက္ ျပိဳင္ပြဲစံုမွာ ပြဲေပါင္း ၄၉ ပြဲအထိ ပါဝင္ကစားေပးခဲ့ျပီး သြင္းဂိုး ၂ ဂိုး သြင္းယူကာ ဂိုး ဖန္တီးမႈ ၃ ၾကိမ္ျပဳလုပ္ထားပါတယ္။
Ref: Tutto Mercato

 

Unicode

 

အေစီမီလန်အသင်းရဲ့ စီအီးအို အိုင်ဗန် ဂါဇီဒစ်ဟာ အာဆင်နယ်အသင်းက ဥရုဂွေး ကွင်းလယ်ကြယ်ပွင့် လူးကပ်စ် တော်ရဲယားကို ခေါ်ယူဖို့ စီစဉ်နေတယ်လို့ အီတလီသတင်းစာတွေက ဖော်ပြခဲ့ကြပါတယ်။

Tutto Mercato ရဲ့ ဖော်ပြချက်အရ အေစီမီလန်အသင်းဟာ လက်ရှိအသင်းက ကွင်းလယ်လူ ဖရန့်ခ် ကက်ဆီရဲ့ ခြေစွမ်းကို အားရကျေနပ်မှု မရှိတာကြောင့် ရောင်းထုတ်ဖို့ စီစဉ်နေသလို ချယ်လ်ဆီးအသင်းက အငှား ခေါ်ယူထားတဲ့ ပြင်သစ် ကွင်းလယ်လူ ဘာကာယိုကို ကိုလည်း စတမ်းဖို့ဒ် ဘရစ်ချ်ကို ပြန်ခွင့်ပြုလိုက်ရပြီဖြစ်တာကြောင့် ထိပ်တန်း ကွင်းလယ်လူတစ်ဦး ပြန်လည်အစားထိုးဖို့ စီစဉ်နေပြီး စီအီးအို ဂါဇီဒစ်က တော်ရဲယားကို ခေါ်ယူဖို့ ဆန္ဒရှိနေတာဖြစ်ပါတယ်။

အာဆင်နယ်အသင်းဟာ ဥရုဂွေး ကွင်းလယ်လူ လူးကပ်စ် တော်ရဲယားကို ပြီးခဲ့တဲ့ ရာသီတုန်းက ဆမ်ဒိုးရီးယားအသင်းထံကနေ ပြောင်းရွှေ့ကြေး ပေါင် သန်း ၃၀ နဲ့ ခေါ်ယူထားတာဖြစ်ပြီး ခြေစွမ်းကောင်းတွေ ပြသနိုင်ခဲ့တာကြောင့် ပရိတ်သတ် စိတ်ကြိုက်တွေ့တဲ့ ကစားသမားတစ်ဦးအဖြစ် သတ်မှတ်ခြင်းခံထားရသလို ၂၀၁၈-၁၉ ရာသီ ပရီးမီးယားလိဂ်ရဲ့ အကောင်းဆုံး ခေါ်ယူမှုတွေထဲက တစ်ခုအဖြစ် သတ်မှတ်ခြင်းခံထားရသူဖြစ်ပါတယ်။

တော်ရဲယားဟာ အာဆင်နယ်အသင်းနဲ့ ၂၀၂၃ ခုနှစ်အထိ စာချုပ်သက်တမ်းကျန်ရှိနေသေးပြီး နည်းပြ အမ်မရီရဲ့ ပွဲထွက်ခွင့် အာမခံချက် ရရှိထားတဲ့ ကစားသမား ၄ ဦးစာရင်းဝင် ကစားသမားဖြစ်တာကြောင့် လန်ဒန်ကလပ်ဘက်က ရောင်းချလိုစိတ် လုံးဝမရှိပေမယ့် အေစီမီလန်အသင်းကတော့ အီတလီမြေကို သံယောဇဉ်ရှိတဲ့ တော်ရဲယားကို တိုက်ရိုက်ချဉ်းကပ်တာမျိုးလုပ်လာနိုင်တယ်လို့ သတင်းတွေက ဆိုပါတယ်။

ပရီးမီးယားလိဂ်မှာ ၁ ရာသီသာ ကစားရသေးတဲ့ တော်ရဲယားဟာ လက်ရှိအချိန်မှာ အီတလီမြေကို ပြန်ဖို့ စိတ်ဆန္ဒမရှိသေးပေမယ့် ရှေ့လာမယ့် ရက်သတ္တပတ်တွေမှာတော့ အေစီမီလန်အသင်းဘက်က လှုပ်ရှားမှု တစ်ချို့ စတင်ပြုလုပ်ဖို့ ရှိနတေယ်လို့ Tutto Mercato က ရေးသားခဲ့ပါတယ်။

အသက် ၂၃ နှစ်အရွယ်သာရှိသေးတဲ့ ဥရုဂွေးလက်ရွေးစင် ကွယ်လယ်ခံစစ်ကစားသမား တော်ရဲယားဟာ ပြီးခဲ့တဲ့ရာသီတုန်းက အာဆင်နယ်အသင်းအတွက် ပြိုင်ပွဲစုံမှာ ပွဲပေါင်း ၄၉ ပွဲအထိ ပါဝင်ကစားပေးခဲ့ပြီး သွင်းဂိုး ၂ ဂိုး သွင်းယူကာ ဂိုး ဖန်တီးမှု ၃ ကြိမ်ပြုလုပ်ထားပါတယ်။
Ref: Tutto Mercato



Leave a Reply

Your email address will not be published.

*
*
*

error: Content is protected !!