ခ်ယ္လ္ဆီးနည္းျပသစ္ျဖစ္လာဖုိ႔ မထင္မွတ္ပဲ နီးစပ္လာတဲ့ နည္းျပေဟာင္း

နယူးကာဆယ္နည္းျပ ဘင္နီတက္ဇ္ဟာ ခ်ယ္ဆီးအသင္းကို ဒုတိယအႀကိမ္ေျမာက္ ျပန္လည္ကိုင္တြယ္ဖုိ႔ အနီးစပ္ဆံုးအေျခအေနကို ေရာက္ရွိေနၿပီျဖစ္ေၾကာင္း Daily Mail ရဲ႕ေဖာ္ျပခ်က္အရ သိရပါတယ္။

ဂ်ဴဗင္တပ္အသင္းကို တာဝန္ယူကိုင္တြယ္ဖို႔ သတင္းေတြထြက္ေပၚေနတဲ့ နည္းျပဆာရီရဲ႕ေနရာမွာ ဘင္နီတက္ဇ္ကို နည္းျပသစ္အျဖစ္ ခန္႔အပ္ဖို႔ အဆင္သင့္ျဖစ္ေနၿပီျဖစ္ျပီး ႏွစ္ဘက္ကိုယ္စားလွယ္ေတြအၾကား ေဆြးေႏြးမႈေတြ စတင္ေနျပီျဖစ္ေၾကာင္း Metro ကလည္း ေဖာ္ျပခဲ့ပါတယ္။

နယူးကာဆယ္အသင္းကို ပရီးမီးယားလိဂ္မွာ ဆက္ရွိေနေအာင္ ထိန္းေက်ာင္းေပးခဲ့တဲ့ ဘင္နီတက္ဇ္ဟာ နယူးကာဆယ္အသင္းတာဝန္ရွိသူေတြနဲ႔ ဆက္ဆံေရး အဆင္မေျပတာေၾကာင့္ အဆိုပါအသင္းနဲ႔ အနာဂတ္ မေရမရာျဖစ္ေနၿပီး အသင္းက ကမ္းလွမ္းထားတဲ့ စာခ်ဳပ္သစ္ကိုလည္း ဆုိင္းငံ့ထားသူျဖစ္ပါတယ္။

ဘင္နီတက္ဇ္ဟာ ၂၀၁၂-၂၀၁၃ ရာသီမွာ ခ်ယ္ဆီးအသင္းကို ယာယီနည္းျပအျဖစ္ ကိုင္တြယ္ခဲ့ဖူးသူျဖစ္ၿပီး ခ်ယ္ဆီးပရိသတ္ေတြၾကားမွာ ႏွစ္သက္ျခင္းမခံရတဲ့ နည္းျပတစ္ဦးျဖစ္ပါတယ္။ ဘင္နီတက္ဇ္ဟာ လီဗာပူးအသင္းနည္းျပေဟာင္းတစ္ဦးျဖစ္ျပီး အန္ဖီးလ္ဒ္ကလပ္ကို ကိုင္တြယ္စဥ္က ခ်ယ္ဆီးနည္းျပေဟာင္း ေမာ္ရင္ဟိုနဲ႔ ၿပိဳင္ဘက္ေတြျဖစ္ခဲ့တာေၾကာင့္ ဘင္နီတက္ဇ္ကို ယာယီနည္းျပအျဖစ္ ခန္႔အပ္ခ်ိန္မွာ ခ်ယ္လ္ဆီးပရိသတ္ေတြက ကန္႔ကြက္ဆႏၵျပခဲ့ၾကဖူးပါတယ္။

ဒါေပမယ့္ ဘင္နီတက္ဇ္ဟာ ခ်ယ္ဆီးအသင္းကို ယာယီနည္းျပအျဖစ္ ကိုင္တြယ္ခဲ့တဲ့ ၆ လ အတြင္း ယူရိုပါလိဂ္ဖလားကို ရယူေပးခဲ့ၿပီး လက္ရွိအခ်ိန္မွာ ခ်ယ္ဆီးအသင္းကို တရားဝင္နည္းျပအျဖစ္ ျပန္လည္ကိုင္တြယ္ဖို႔ နီးစပ္လာတာျဖစ္ပါတယ္။
Ref: Daily Mail, Metro, Tutto Sport

 

Unicode

 

နယူးကာဆယ်နည်းပြ ဘင်နီတက်ဇ်ဟာ ချယ်ဆီးအသင်းကို ဒုတိယအကြိမ်မြောက် ပြန်လည်ကိုင်တွယ်ဖို့ အနီးစပ်ဆုံးအခြေအနေကို ရောက်ရှိနေပြီဖြစ်ကြောင်း Daily Mail ရဲ့ဖော်ပြချက်အရ သိရပါတယ်။

ဂျူဗင်တပ်အသင်းကို တာဝန်ယူကိုင်တွယ်ဖို့ သတင်းတွေထွက်ပေါ်နေတဲ့ နည်းပြဆာရီရဲ့နေရာမှာ ဘင်နီတက်ဇ်ကို နည်းပြသစ်အဖြစ် ခန့်အပ်ဖို့ အဆင်သင့်ဖြစ်နေပြီဖြစ်ပြီး နှစ်ဘက်ကိုယ်စားလှယ်တွေအကြား ဆွေးနွေးမှုတွေ စတင်နေပြီဖြစ်ကြောင်း Metro ကလည်း ဖော်ပြခဲ့ပါတယ်။

နယူးကာဆယ်အသင်းကို ပရီးမီးယားလိဂ်မှာ ဆက်ရှိနေအောင် ထိန်းကျောင်းပေးခဲ့တဲ့ ဘင်နီတက်ဇ်ဟာ နယူးကာဆယ်အသင်းတာဝန်ရှိသူတွေနဲ့ ဆက်ဆံရေး အဆင်မပြေတာကြောင့် အဆိုပါအသင်းနဲ့ အနာဂတ် မရေမရာဖြစ်နေပြီး အသင်းက ကမ်းလှမ်းထားတဲ့ စာချုပ်သစ်ကိုလည်း ဆိုင်းငံ့ထားသူဖြစ်ပါတယ်။

ဘင်နီတက်ဇ်ဟာ ၂၀၁၂-၂၀၁၃ ရာသီမှာ ချယ်ဆီးအသင်းကို ယာယီနည်းပြအဖြစ် ကိုင်တွယ်ခဲ့ဖူးသူဖြစ်ပြီး ချယ်ဆီးပရိသတ်တွေကြားမှာ နှစ်သက်ခြင်းမခံရတဲ့ နည်းပြတစ်ဦးဖြစ်ပါတယ်။ ဘင်နီတက်ဇ်ဟာ လီဗာပူးအသင်းနည်းပြဟောင်းတစ်ဦးဖြစ်ပြီး အန်ဖီးလ်ဒ်ကလပ်ကို ကိုင်တွယ်စဉ်က ချယ်ဆီးနည်းပြဟောင်း မော်ရင်ဟိုနဲ့ ပြိုင်ဘက်တွေဖြစ်ခဲ့တာကြောင့် ဘင်နီတက်ဇ်ကို ယာယီနည်းပြအဖြစ် ခန့်အပ်ချိန်မှာ ချယ်လ်ဆီးပရိသတ်တွေက ကန့်ကွက်ဆန္ဒပြခဲ့ကြဖူးပါတယ်။

ဒါပေမယ့် ဘင်နီတက်ဇ်ဟာ ချယ်ဆီးအသင်းကို ယာယီနည်းပြအဖြစ် ကိုင်တွယ်ခဲ့တဲ့ ၆ လ အတွင်း ယူရိုပါလိဂ်ဖလားကို ရယူပေးခဲ့ပြီး လက်ရှိအချိန်မှာ ချယ်ဆီးအသင်းကို တရားဝင်နည်းပြအဖြစ် ပြန်လည်ကိုင်တွယ်ဖို့ နီးစပ်လာတာဖြစ်ပါတယ်။
Ref: Daily Mail, Metro, Tutto Sport



Leave a Reply

Your email address will not be published.

*
*
*

error: Content is protected !!