နံနက္ခင္းသတင္းတိုမ်ား

၁။ အာဆင္နယ္အသင္းဟာ ဘယ္လ္ဂ်ီယံ ကြင္းလယ္ ေတာင္ပံကစားသမား ယာနစ္ ကာရက္စ္ကို ကို ေျပာင္းေရႊ႕ေၾကး ယူရို သန္း ၃၀ (ေပါင္ ၂၆ သန္း) + ထပ္ေဆာင္း အပိုဆုေၾကးေငြ ေပးေခ်ျပီး ေခၚယူဖုိ႔ ေဆြးေႏြးေနတာျဖစ္တယ္လုိ႔ အီတလီမီဒီယာ Sport Mediaset က အတည္ျပဳေဖာ္ျပလိုက္ပါတယ္။ အဆုိပါ ပမာဏဟာ ဒါလီယန္း လီဖန္းအသင္းအလိုရွိတဲ့ ပမာဏျဖစ္ျပီး ႏွစ္ဘက္အသင္းအၾကား ေဆြးေႏြးမႈေတြဟာ တိုးတက္မႈရွိေနျပီး အေျပာင္းအေရႊ႕ကို အျပီးသတ္ေနျပီျဖစ္တယ္လုိ႔ Football London ကလည္း ေဖာ္ျပခဲ့ပါတယ္။ အာဆင္နယ္အသင္းဟာ ကစားသမားနဲ႔ ပုဂၢိဳလ္ေရးသေဘာတူညီခ်က္ ရရွိထားျပီးျဖစ္တာေၾကာင့္ တရုတ္ကလပ္နဲ႔ ေဆြးေႏြးမႈေတြကို အျပီးသတ္ဖို႔သာက်န္ရွိေတာ့တာျဖစ္ပါတယ္။

၂။ ရီးရဲလ္မက္ဒရစ္ အသင္းရဲ႕ ဂိုးသမား ေကလာ နာဗက္စ္ဟာ သူ႔ကို အသင္းက အလြတ္ေျပာင္းေရႊ႕ေၾကးနဲ႔ ထြက္ခြာခြင့္ျပဳဖို႔ ေမွ်ာ္လင့္ေနတယ္လို႔ သိရပါတယ္။ နာဗက္စ္ဟာ လက္ရွိမွာ ၂ ႏွစ္က်န္ရွိေနေသးေပမယ့္ စာခ်ဳပ္ဖ်က္သိမ္းျပီး အသင္းကေန ထြက္ခြာခ်င္ေနတာျဖစ္ပါတယ္။

၃။ မန္ခ်က္စတာယူႏိုက္တက္အသင္းရဲ႕ နည္းျပအဖြဲ႕၀င္ေဟာင္းတစ္ဦးျဖစ္တဲ့ မူလန္စတင္းက ယူႏိုက္တက္အေနနဲ႔ ရီးရဲလ္ၾကယ္ပြင့္ ဂါရတ္ ေဘးလ္ကို ေခၚယူခဲ့မယ္ဆိုရင္ အသင္းအတြက္ အရမ္းကို အက်ိဳးရွိလိမ့္မယ္လို႔ တိုက္တြန္းေျပာဆိုသြားခဲ့ပါတယ္။ ဆာအဲလက္စ္ဖာဂူဆန္လက္ေအာက္မွာ လက္ေထာက္နည္းျပအျဖစ္ တာ၀န္ယူခဲ့တဲ့ မူလန္စတင္းက talkSPORT နဲ႔ ေတြ႕ဆံုခဲ့မႈမွာ ယုခလို ေျပာဆိုခဲ့တာျဖစ္ပါတယ္။ “ထိပ္တန္းကစားသမားတစ္ဦးကို ေခၚယူဖို႔ ေျပာေနၾကတာပါပဲ၊ ဒါေပမယ့္ ဂါရတ္ေဘးလ္က သူ႔ရဲ႕အေကာင္းဆံုးပံုစံမွာ ရွိေနေသးရဲ႕လား? ၊ သူက မၾကာခဏဆိုသလို ထိခိုက္ဒဏ္ရာရရွိတတ္တဲ့ ကစားသမားဆိုတာ အားလံုးသိထားျပီးသားပါ၊ ဒါေပမယ့္ အျခားတစ္ဖက္မွာလည္း ေဘးလ္က ယူႏိုက္တက္အတြက္ ေကာင္းမြန္တဲ့ ေျပာင္းေရႊ႕မႈတစ္ခု ျဖစ္လာမွာပါ။ သူက အင္တိုက္အားတိုက္ကစားႏိုင္ျပီး လ်င္ျမန္မႈအျပည့္လည္း ရွိပါတယ္၊ ဂိုးဖန္တီးေပးႏိုင္သလုိ ဂိုးလည္းသြင္းယူႏိုင္ပါတယ္၊ အခုခ်ိန္မွာေတာ့ သူ ဘယ္အသင္းကို ေျပာင္းေရႊ႕မလဲဆိုတာေတာ့ ေျပာရခက္ပါတယ္” လို႔ မူလန္စတင္းက ေျပာခဲ့ပါတယ္။

၄။ ဂ်ဴဗင္တပ္အသင္းဟာ ဂ်ီႏီုအာအသင္းက ေနာက္ခံကစားသမား ခရစၥတီယန္ ရိုမဲရိုးကို ေျပာင္းေရႊ႕ေၾကး ယူရို သန္း ၃၀ နဲ႔ ေခၚယူလိုက္ျပီျဖစ္ပါတယ္။ ဂ်ဴဗပင္တပ္အသင္းဟာ အသက္ ၂၁ ႏွစ္အရြယ္ အဆုိပါကစားသမားကို လာမယ့္ ၂၀၁၉-၂၀ ရာသီ တစ္ရာသီစာ ဂ်ီႏိုအာအသင္းထံ အငွားျပန္ခ်ထားသြားမွာျဖစ္ပါတယ္။

၅။ ပီအက္စ္ဂ်ီၾကယ္ပြင့္ ေနမာဟာ ျပင္သစ္ေျမမွာ မေပ်ာ္မရႊင္ျဖစ္ေနတယ္လုိ႔ Goal က ေဖာ္ျပခဲ့ပါတယ္။ အဆုိပါ ဘရာဇီးလ္ၾကယ္ပြင့္ဟာ ဘာစီလိုနာအသင္းထံ ျပန္လည္ေျပာင္းေရႊ႕ခြင့္ရဖို႔ ေမွ်ာ္လင့္ေနျပီး ပီအက္စ္ဂ်ီဘက္က အဆုိပါကစားသမားကို လက္လႊတ္မခံဖို႔ ဆံုးျဖတ္ထားတာေၾကာင့္ အခက္ေတြ႕ေနပါတယ္။

၆။ ရိုးမားအသင္းဟာ ရွက္တာဒိုးနက္ နည္းျပ ေပၚလို ဖြန္ဆီကာကို နည္းျပသစ္အျဖစ္ ခန္႔အပ္လိုက္ျပီျဖစ္ပါတယ္။ ေပၚတူဂီသားနည္းျပ ဖြန္ဆီကာဟာ ရိုးမားအသင္းနဲ႔ ၂ ႏွစ္သက္တမ္းရွိတဲ့ စာခ်ဳပ္ ခ်ဳပ္ဆိုခဲ့တယ္လို႔ သိရပါတယ္။

၇။ အီဒင္ ဟာဇက္ကို လက္လႊတ္ဆံုးရံႈးထားရတဲ့ ခ်ယ္လ္ဆီးအသင္းဟာ ဗလင္စီယာအသင္းရဲ႕ ေတာင္ပံတုိက္စစ္မွဴး ဂြန္ကာလို ဂီြဒက္စ္ကို ေျပာင္းေရႊ႕ေၾကး ယူရို သန္း ၇၀ နဲ႔ ကမ္းလွမ္းခဲ့ျပီး အဆုိပါ ကမ္းလွမ္းခ်က္ဟာ ျငင္းဆန္ပယ္ခ်ခံခဲ့ရတယ္လုိ႔ Goal ရဲ႕ သတင္းေဖာ္ျပခ်က္အရ သိရပါတယ္။ ခ်ယ္လ္ဆီးအသင္းဟာ ကစားသမားသစ္ေခၚယူခြင့္ ပိတ္ပင္ျခင္းခံထားရေပမယ့္ အယူခံဝင္ထားတဲ့အသင္းျဖစ္ျပီး ဟာဇက္ေနရာကို ျဖည့္ဆည္းဖို႔ ၾကိဳးပမ္းေန ပါတယ္။

၈။ စပါးေနာက္ခံလူ ယန္း ဗာတြန္ဂန္က အသင္းေဖာ္ အဲရစ္ဆင္တစ္ေယာက္ အသင္းကေန ထြက္ခြာမသြားဖို႔ ေမွ်ာ္လင့္ေနတယ္လို႔ ထုတ္ေဖာ္ဝန္ခံခဲ့ပါတယ္။ အဲရစ္ဆင္ဟာ စိန္ေခၚမႈအသစ္ေတြကို ရွာေဖြဖို႔အတြက္ လန္ဒန္ကလပ္အသင္းကေန ထြက္ခြာေတာ့မယ္လို႔ တရားဝင္ ေၾကညာထားသူျဖစ္ျပီး ရီးရဲလ္မက္ဒရစ္အသင္းထံ ေျပာင္းေရႊ႕ျဖစ္လိမ့္မယ္လို႔ နာမည္ၾကီးေနပါတယ္။

၉။ မန္ခ်က္စတာ စီးတီးအသင္းက ၾကယ္ပြင့္ ေတာင္ပံကစားသမား လီရိြဳင္း ဆာေနးက သူ႔ရဲ႕ အနာဂတ္နဲ႔ ပတ္သက္ျပီး မန္ယူ ဂႏၱဝင္ ေဒးဗစ္ ဘက္ခမ္းနဲ႔ ေဆြးေႏြး အၾကံဥာဏ္ရယူသြားဖို႔ စိတ္ဆႏၵရွိေနတယ္လုိ႔ The Sun က ေဖာ္ျပခဲ့ပါတယ္။ ဆာေနးကို ဘုိင္ယန္ျမဴးနစ္အသင္းက ေခၚယူခ်င္ေနျပီး ဆာေနးအေနနဲ႔ ၂၀၀၃ ခုႏွစ္တုန္းက မန္ယူအသင္းကေန ရီးရဲလ္မက္ဒရစ္အသင္းထံ ေျပာင္းေရႊ႕သြားခဲ့တဲ့ ေဒးဗစ္ ဘက္ခမ္းရဲ႕ အၾကံဥာဏ္ကို ရယူခ်င္ေနတာျဖစ္ပါတယ္။

၁၀။ မန္ခ်က္စတာယူႏုိက္တက္အသင္းဟာ ဘရာဇီးလ္ ကြင္းလယ္ၾကယ္ပြင့္ အန္ဒရီယားစ္ ပါရဲရားကို စာခ်ဳပ္သစ္ခ်ဳပ္ဆိုေတာ့မွာျဖစ္တယ္လို႔ Fox Sports က ေဖာ္ျပခဲ့ပါတယ္။ အဆုိပါသတင္းအရ မန္ခ်က္စတာယူႏုိက္တက္နည္းျပ အိုလီ ဂန္းနား ဆုိးလ္ရွားဟာ ပါရဲရားရဲ႕ ေျခစြမ္းကို အထူးသေဘာက်ေနျပီး ေလးႏွစ္စာခ်ဳပ္သစ္နဲ႔ ကမ္းလွမ္သြားဖို႔ရွိေနတယ္လုိ႔ ဆုိပါတယ္။ ဟာရဲယားအသင္းကေန ထြက္ခြာသြားျပီျဖစ္တာေၾကာင့္ ပြဲထြက္တစ္ေနရာအတြက္ ေမွ်ာ္လင့္ခ်က္ အားေကာင္းေနတဲ့ ပါရဲရားအေနနဲ႔လည္း မန္ယူအသင္းရဲ႕ စာခ်ဳပ္သစ္ကို လုိလိုလားလား လက္ခံသြားဖြယ္ရွိေနတယ္လို႔ သိရပါတယ္။

 

Unicode

 

၁။ အာဆင်နယ်အသင်းဟာ ဘယ်လ်ဂျီယံ ကွင်းလယ် တောင်ပံကစားသမား ယာနစ် ကာရက်စ်ကို ကို ပြောင်းရွှေ့ကြေး ယူရို သန်း ၃၀ (ပေါင် ၂၆ သန်း) + ထပ်ဆောင်း အပိုဆုကြေးငွေ ပေးချေပြီး ခေါ်ယူဖို့ ဆွေးနွေးနေတာဖြစ်တယ်လို့ အီတလီမီဒီယာ Sport Mediaset က အတည်ပြုဖော်ပြလိုက်ပါတယ်။ အဆိုပါ ပမာဏဟာ ဒါလီယန်း လီဖန်းအသင်းအလိုရှိတဲ့ ပမာဏဖြစ်ပြီး နှစ်ဘက်အသင်းအကြား ဆွေးနွေးမှုတွေဟာ တိုးတက်မှုရှိနေပြီး အပြောင်းအရွှေ့ကို အပြီးသတ်နေပြီဖြစ်တယ်လို့ Football London ကလည်း ဖော်ပြခဲ့ပါတယ်။ အာဆင်နယ်အသင်းဟာ ကစားသမားနဲ့ ပုဂ္ဂိုလ်ရေးသဘောတူညီချက် ရရှိထားပြီးဖြစ်တာကြောင့် တရုတ်ကလပ်နဲ့ ဆွေးနွေးမှုတွေကို အပြီးသတ်ဖို့သာကျန်ရှိတော့တာဖြစ်ပါတယ်။

၂။ ရီးရဲလ်မက်ဒရစ် အသင်းရဲ့ ဂိုးသမား ကေလာ နာဗက်စ်ဟာ သူ့ကို အသင်းက အလွတ်ပြောင်းရွှေ့ကြေးနဲ့ ထွက်ခွာခွင့်ပြုဖို့ မျှော်လင့်နေတယ်လို့ သိရပါတယ်။ နာဗက်စ်ဟာ လက်ရှိမှာ ၂ နှစ်ကျန်ရှိနေသေးပေမယ့် စာချုပ်ဖျက်သိမ်းပြီး အသင်းကနေ ထွက်ခွာချင်နေတာဖြစ်ပါတယ်။

၃။ မန်ချက်စတာယူနိုက်တက်အသင်းရဲ့ နည်းပြအဖွဲ့ဝင်ဟောင်းတစ်ဦးဖြစ်တဲ့ မူလန်စတင်းက ယူနိုက်တက်အနေနဲ့ ရီးရဲလ်ကြယ်ပွင့် ဂါရတ် ဘေးလ်ကို ခေါ်ယူခဲ့မယ်ဆိုရင် အသင်းအတွက် အရမ်းကို အကျိုးရှိလိမ့်မယ်လို့ တိုက်တွန်းပြောဆိုသွားခဲ့ပါတယ်။ ဆာအဲလက်စ်ဖာဂူဆန်လက်အောက်မှာ လက်ထောက်နည်းပြအဖြစ် တာဝန်ယူခဲ့တဲ့ မူလန်စတင်းက talkSPORT နဲ့ တွေ့ဆုံခဲ့မှုမှာ ယုခလို ပြောဆိုခဲ့တာဖြစ်ပါတယ်။ “ထိပ်တန်းကစားသမားတစ်ဦးကို ခေါ်ယူဖို့ ပြောနေကြတာပါပဲ၊ ဒါပေမယ့် ဂါရတ်ဘေးလ်က သူ့ရဲ့အကောင်းဆုံးပုံစံမှာ ရှိနေသေးရဲ့လား? ၊ သူက မကြာခဏဆိုသလို ထိခိုက်ဒဏ်ရာရရှိတတ်တဲ့ ကစားသမားဆိုတာ အားလုံးသိထားပြီးသားပါ၊ ဒါပေမယ့် အခြားတစ်ဖက်မှာလည်း ဘေးလ်က ယူနိုက်တက်အတွက် ကောင်းမွန်တဲ့ ပြောင်းရွှေ့မှုတစ်ခု ဖြစ်လာမှာပါ။ သူက အင်တိုက်အားတိုက်ကစားနိုင်ပြီး လျင်မြန်မှုအပြည့်လည်း ရှိပါတယ်၊ ဂိုးဖန်တီးပေးနိုင်သလို ဂိုးလည်းသွင်းယူနိုင်ပါတယ်၊ အခုချိန်မှာတော့ သူ ဘယ်အသင်းကို ပြောင်းရွှေ့မလဲဆိုတာတော့ ပြောရခက်ပါတယ်” လို့ မူလန်စတင်းက ပြောခဲ့ပါတယ်။

၄။ ဂျူဗင်တပ်အသင်းဟာ ဂျီနီုအာအသင်းက နောက်ခံကစားသမား ခရစ္စတီယန် ရိုမဲရိုးကို ပြောင်းရွှေ့ကြေး ယူရို သန်း ၃၀ နဲ့ ခေါ်ယူလိုက်ပြီဖြစ်ပါတယ်။ ဂျူဗပင်တပ်အသင်းဟာ အသက် ၂၁ နှစ်အရွယ် အဆိုပါကစားသမားကို လာမယ့် ၂၀၁၉-၂၀ ရာသီ တစ်ရာသီစာ ဂျီနိုအာအသင်းထံ အငှားပြန်ချထားသွားမှာဖြစ်ပါတယ်။

၅။ ပီအက်စ်ဂျီကြယ်ပွင့် နေမာဟာ ပြင်သစ်မြေမှာ မပျော်မရွှင်ဖြစ်နေတယ်လို့ Goal က ဖော်ပြခဲ့ပါတယ်။ အဆိုပါ ဘရာဇီးလ်ကြယ်ပွင့်ဟာ ဘာစီလိုနာအသင်းထံ ပြန်လည်ပြောင်းရွှေ့ခွင့်ရဖို့ မျှော်လင့်နေပြီး ပီအက်စ်ဂျီဘက်က အဆိုပါကစားသမားကို လက်လွှတ်မခံဖို့ ဆုံးဖြတ်ထားတာကြောင့် အခက်တွေ့နေပါတယ်။

၆။ ရိုးမားအသင်းဟာ ရှက်တာဒိုးနက် နည်းပြ ပေါ်လို ဖွန်ဆီကာကို နည်းပြသစ်အဖြစ် ခန့်အပ်လိုက်ပြီဖြစ်ပါတယ်။ ပေါ်တူဂီသားနည်းပြ ဖွန်ဆီကာဟာ ရိုးမားအသင်းနဲ့ ၂ နှစ်သက်တမ်းရှိတဲ့ စာချုပ် ချုပ်ဆိုခဲ့တယ်လို့ သိရပါတယ်။

၇။ အီဒင် ဟာဇက်ကို လက်လွှတ်ဆုံးရှုံးထားရတဲ့ ချယ်လ်ဆီးအသင်းဟာ ဗလင်စီယာအသင်းရဲ့ တောင်ပံတိုက်စစ်မှူး ဂွန်ကာလို ဂွီဒက်စ်ကို ပြောင်းရွှေ့ကြေး ယူရို သန်း ၇၀ နဲ့ ကမ်းလှမ်းခဲ့ပြီး အဆိုပါ ကမ်းလှမ်းချက်ဟာ ငြင်းဆန်ပယ်ချခံခဲ့ရတယ်လို့ Goal ရဲ့ သတင်းဖော်ပြချက်အရ သိရပါတယ်။ ချယ်လ်ဆီးအသင်းဟာ ကစားသမားသစ်ခေါ်ယူခွင့် ပိတ်ပင်ခြင်းခံထားရပေမယ့် အယူခံဝင်ထားတဲ့အသင်းဖြစ်ပြီး ဟာဇက်နေရာကို ဖြည့်ဆည်းဖို့ ကြိုးပမ်းနေ ပါတယ်။

၈။ စပါးနောက်ခံလူ ယန်း ဗာတွန်ဂန်က အသင်းဖော် အဲရစ်ဆင်တစ်ယောက် အသင်းကနေ ထွက်ခွာမသွားဖို့ မျှော်လင့်နေတယ်လို့ ထုတ်ဖော်ဝန်ခံခဲ့ပါတယ်။ အဲရစ်ဆင်ဟာ စိန်ခေါ်မှုအသစ်တွေကို ရှာဖွေဖို့အတွက် လန်ဒန်ကလပ်အသင်းကနေ ထွက်ခွာတော့မယ်လို့ တရားဝင် ကြေညာထားသူဖြစ်ပြီး ရီးရဲလ်မက်ဒရစ်အသင်းထံ ပြောင်းရွှေ့ဖြစ်လိမ့်မယ်လို့ နာမည်ကြီးနေပါတယ်။

၉။ မန်ချက်စတာ စီးတီးအသင်းက ကြယ်ပွင့် တောင်ပံကစားသမား လီရွိုင်း ဆာနေးက သူ့ရဲ့ အနာဂတ်နဲ့ ပတ်သက်ပြီး မန်ယူ ဂန္တဝင် ဒေးဗစ် ဘက်ခမ်းနဲ့ ဆွေးနွေး အကြံဉာဏ်ရယူသွားဖို့ စိတ်ဆန္ဒရှိနေတယ်လို့ The Sun က ဖော်ပြခဲ့ပါတယ်။ ဆာနေးကို ဘိုင်ယန်မြူးနစ်အသင်းက ခေါ်ယူချင်နေပြီး ဆာနေးအနေနဲ့ ၂၀၀၃ ခုနှစ်တုန်းက မန်ယူအသင်းကနေ ရီးရဲလ်မက်ဒရစ်အသင်းထံ ပြောင်းရွှေ့သွားခဲ့တဲ့ ဒေးဗစ် ဘက်ခမ်းရဲ့ အကြံဉာဏ်ကို ရယူချင်နေတာဖြစ်ပါတယ်။

၁၀။ မန်ချက်စတာယူနိုက်တက်အသင်းဟာ ဘရာဇီးလ် ကွင်းလယ်ကြယ်ပွင့် အန်ဒရီယားစ် ပါရဲရားကို စာချုပ်သစ်ချုပ်ဆိုတော့မှာဖြစ်တယ်လို့ Fox Sports က ဖော်ပြခဲ့ပါတယ်။ အဆိုပါသတင်းအရ မန်ချက်စတာယူနိုက်တက်နည်းပြ အိုလီ ဂန်းနား ဆိုးလ်ရှားဟာ ပါရဲရားရဲ့ ခြေစွမ်းကို အထူးသဘောကျနေပြီး လေးနှစ်စာချုပ်သစ်နဲ့ ကမ်းလှမ်သွားဖို့ရှိနေတယ်လို့ ဆိုပါတယ်။ ဟာရဲယားအသင်းကနေ ထွက်ခွာသွားပြီဖြစ်တာကြောင့် ပွဲထွက်တစ်နေရာအတွက် မျှော်လင့်ချက် အားကောင်းနေတဲ့ ပါရဲရားအနေနဲ့လည်း မန်ယူအသင်းရဲ့ စာချုပ်သစ်ကို လိုလိုလားလား လက်ခံသွားဖွယ်ရှိနေတယ်လို့ သိရပါတယ်။



Leave a Reply

Your email address will not be published.

*
*
*