အာဆင္နယ္မွာ ေသခ်ာေပါက္ ဆက္ရွိေနမယ့္ အူဘာမီယန္း

အာဆင္နယ္အသင္းရဲ႕ တုိက္စစ္မွဴး ပီယာရီ အမ္းမရစ္ အူဘာမီယန္းကို တရုတ္စူပါလိဂ္ကလပ္ေတြက ျမင့္မားတဲ့ လစာႏႈန္းထားေတြနဲ႔ ကမ္းလွမ္းမႈ ျပဳလုပ္ေနၾကေပမယ့္ အဆုိပါကစားသမားဟာ အနည္းဆံုး လက္ရွိ ၂၀၁၉-၂၀ ရာသီမွာ အာဆင္နယ္အသင္းမွာပဲ ဆက္ရွိေနဖို႔ သေခ်ာတယ္လုိ႔ Express သတင္းစာက ေဖာ္ျပခဲ့ပါတယ္။

Express ရဲ႕ ေဖာ္ျပခ်က္အရ အီတလီဂႏၱဝင္ ခံစစ္မွဴးၾကီး ေဖဘီယို ကန္နဗားရိုးကိုင္တြယ္ေနတဲ့ ကြမ္က်ိဳး အဲဗားဂရန္ဒီအသင္းနဲ႔ တျခားစူပါလိဂ္ကလပ္အသင္းတစ္သင္းျဖစ္တဲ့ ရွန္ဟိုင္း SIPG အသင္းေတြဟာ အူဘာမီယန္းကို ေခၚယူဖို႔ တစ္ပတ္လုပ္ခ ယူရို ၃၄၀၀၀၀ (ေပါင္ ၃၀၀၀၀၀) နဲ႔ ကမ္းလွမ္းမႈေတြ ျပဳလုပ္ထားၾကေပမယ့္ အဆုိပါကစားသမားဟာ အသင္းေျပာင္းေရႊ႕မွာမဟုတ္ဘူးလို႔ဆုိပါတယ္။

အေၾကာင္းကေတာ့ အဆုိပါကစားသမားနဲ႔ အာဆင္နယ္အသင္းတုိ႔အၾကားမွာ သစၥာေစာင့္သိမႈ အပိုဆုေၾကး တစ္ႏွစ္ကို ယူရို ၄.၂ သန္း (ေပါင္ ၃.၈ သန္း) ေပးေခ်ဖို႔ သေဘာတူညီထားတာေၾကာင့္ ျဖစ္တယ္လို႔ အဆုိပါသတင္းကဆိုပါတယ္။ အာဆင္နယ္အသင္းဟာ ရာသီသစ္မစတင္မီွတုိင္းမွာ အူဘာမီယန္းကို အဆုိပါ ဆုေၾကးေငြေပးအပ္ဖို႔ သေဘာတူညီထားျပီးေတာ့ ကစားသမားဘက္က အဆုိပါဆုေၾကးေငြကို လက္ခံျပီးရင္ အသင္းေျပာင္းေရႊ႕ခြင့္မရွိေတာ့ဘူးလို႔ ဆိုပါတယ္။

ဒါေၾကာင့္ ပရီးမီးယားလိဂ္ ပူးတြဲဂိုးသြင္း ေရႊဖိနပ္ဆုရွင္ အူဘာမီယန္းအေနနဲ႔ လက္ရွိရာသီမွာ အသင္းေျပာင္းေရႊ႕ခြင့္ မရွိေတာ့ပဲ လာမယ့္ရာသီေရာက္မွာသာ ဆုေၾကးကို ျငင္းပယ္ျပီး အသင္းေျပာင္းေရႊ႕ႏုိင္မွာျဖစ္ပါတယ္။ လက္ရွိမွာ အဆုိပါကစားသမားကို ေခၚယူဖို႔ တရုတ္ကလပ္ေတြအျပင္ ရီးရဲလ္မက္ဒရစ္၊ ဘာစီလိုနာနဲ႔ အင္တာမီလန္အသင္းေတြကပါ စိတ္ဝင္စားေနၾကတာျဖစ္ပါတယ္။

အာဆင္နယ္အသင္းဟာ အသက္ ၃၀ အရြယ္ရွိျပီျဖစ္တဲ့ အူဘာမီယန္းနဲ႔ စာခ်ဳပ္သက္တမ္း ၂ ႏွစ္က်န္ရွိေနေသးျပီး တစ္ပတ္လုပ္ခ ေပါင္ ၂၅၀၀၀၀ နဲ႔ စာခ်ဳပ္သက္တမ္းတုိးျမွင့္ဖို႔ ၾကိဳးပမ္းေနပါတယ္။ အူဘာမီယန္းရဲ႕လက္ရွိ လစာက တစ္ပတ္ကို ေပါင္ ၁၉၀၀၀၀ ျဖစ္ပါတယ္။

အာဆင္နယ္အသင္းဟာ အူဘာမီယန္းကို ေျပာင္းေရႊ႕ေၾကး ေပါင္ ၅၆ သန္းနဲ႔ ျပီးခဲ့တဲ့ ၂၀၁၈ ဇန္နဝါရီလကမွ ေဒါ့မြန္အသင္းကေန ေခၚယူထားတာျဖစ္ျပီးေတာ့ အသင္းအတြက္ ၆၅ ပြဲကစးျပီး သြင္းဂိုး ၄၁ သြင္းယူေပးထားကာ ၁၄ ဂိုးဖန္တီးေပးထားသူျဖစ္ပါတယ္။
Ref: Express, Kicker

 

Unicode

 

အာဆင်နယ်အသင်းရဲ့ တိုက်စစ်မှူး ပီယာရီ အမ်းမရစ် အူဘာမီယန်းကို တရုတ်စူပါလိဂ်ကလပ်တွေက မြင့်မားတဲ့ လစာနှုန်းထားတွေနဲ့ ကမ်းလှမ်းမှု ပြုလုပ်နေကြပေမယ့် အဆိုပါကစားသမားဟာ အနည်းဆုံး လက်ရှိ ၂၀၁၉-၂၀ ရာသီမှာ အာဆင်နယ်အသင်းမှာပဲ ဆက်ရှိနေဖို့ သချောတယ်လို့ Express သတင်းစာက ဖော်ပြခဲ့ပါတယ်။

Express ရဲ့ ဖော်ပြချက်အရ အီတလီဂန္တဝင် ခံစစ်မှူးကြီး ဖေဘီယို ကန်နဗားရိုးကိုင်တွယ်နေတဲ့ ကွမ်ကျိုး အဲဗားဂရန်ဒီအသင်းနဲ့ တခြားစူပါလိဂ်ကလပ်အသင်းတစ်သင်းဖြစ်တဲ့ ရှန်ဟိုင်း SIPG အသင်းတွေဟာ အူဘာမီယန်းကို ခေါ်ယူဖို့ တစ်ပတ်လုပ်ခ ယူရို ၃၄၀၀၀၀ (ပေါင် ၃၀၀၀၀၀) နဲ့ ကမ်းလှမ်းမှုတွေ ပြုလုပ်ထားကြပေမယ့် အဆိုပါကစားသမားဟာ အသင်းပြောင်းရွှေ့မှာမဟုတ်ဘူးလို့ဆိုပါတယ်။

အကြောင်းကတော့ အဆိုပါကစားသမားနဲ့ အာဆင်နယ်အသင်းတို့အကြားမှာ သစ္စာစောင့်သိမှု အပိုဆုကြေး တစ်နှစ်ကို ယူရို ၄.၂ သန်း (ပေါင် ၃.၈ သန်း) ပေးချေဖို့ သဘောတူညီထားတာကြောင့် ဖြစ်တယ်လို့ အဆိုပါသတင်းကဆိုပါတယ်။ အာဆင်နယ်အသင်းဟာ ရာသီသစ်မစတင်မှီတိုင်းမှာ အူဘာမီယန်းကို အဆိုပါ ဆုကြေးငွေပေးအပ်ဖို့ သဘောတူညီထားပြီးတော့ ကစားသမားဘက်က အဆိုပါဆုကြေးငွေကို လက်ခံပြီးရင် အသင်းပြောင်းရွှေ့ခွင့်မရှိတော့ဘူးလို့ ဆိုပါတယ်။

ဒါကြောင့် ပရီးမီးယားလိဂ် ပူးတွဲဂိုးသွင်း ရွှေဖိနပ်ဆုရှင် အူဘာမီယန်းအနေနဲ့ လက်ရှိရာသီမှာ အသင်းပြောင်းရွှေ့ခွင့် မရှိတော့ပဲ လာမယ့်ရာသီရောက်မှာသာ ဆုကြေးကို ငြင်းပယ်ပြီး အသင်းပြောင်းရွှေ့နိုင်မှာဖြစ်ပါတယ်။ လက်ရှိမှာ အဆိုပါကစားသမားကို ခေါ်ယူဖို့ တရုတ်ကလပ်တွေအပြင် ရီးရဲလ်မက်ဒရစ်၊ ဘာစီလိုနာနဲ့ အင်တာမီလန်အသင်းတွေကပါ စိတ်ဝင်စားနေကြတာဖြစ်ပါတယ်။

အာဆင်နယ်အသင်းဟာ အသက် ၃၀ အရွယ်ရှိပြီဖြစ်တဲ့ အူဘာမီယန်းနဲ့ စာချုပ်သက်တမ်း ၂ နှစ်ကျန်ရှိနေသေးပြီး တစ်ပတ်လုပ်ခ ပေါင် ၂၅၀၀၀၀ နဲ့ စာချုပ်သက်တမ်းတိုးမြှင့်ဖို့ ကြိုးပမ်းနေပါတယ်။ အူဘာမီယန်းရဲ့လက်ရှိ လစာက တစ်ပတ်ကို ပေါင် ၁၉၀၀၀၀ ဖြစ်ပါတယ်။

အာဆင်နယ်အသင်းဟာ အူဘာမီယန်းကို ပြောင်းရွှေ့ကြေး ပေါင် ၅၆ သန်းနဲ့ ပြီးခဲ့တဲ့ ၂၀၁၈ ဇန်နဝါရီလကမှ ဒေါ့မွန်အသင်းကနေ ခေါ်ယူထားတာဖြစ်ပြီးတော့ အသင်းအတွက် ၆၅ ပွဲကစးပြီး သွင်းဂိုး ၄၁ သွင်းယူပေးထားကာ ၁၄ ဂိုးဖန်တီးပေးထားသူဖြစ်ပါတယ်။
Ref: Express, Kicker



Leave a Reply

Your email address will not be published.

*
*
*

error: Content is protected !!