အာဆင္နယ္ကို ေျပာင္းေရႊ႕ခ်င္ေၾကာင္း ဝန္ခံခဲ့တဲ့ ဖေရဆာ

ဘုန္းေမာက္အသင္းရဲ႕ ေတာင္ပံတုိက္စစ္ကစားသမား ရုိင္ယန္ ဖေရဆာက သူ႔အေနနဲ႔ အာဆင္နယ္အသင္းကို ေျပာင္းေရႊ႕ကစားဖို႔ စိတ္ဆႏၵရွိေၾကာင္း အသိမိတ္ေဆြေတြကို ဝန္ခံေျပာဆိုခဲ့တယ္လုိ႔ Football Insider က ေဖာ္ထုတ္ေရးသားခဲ့ပါတယ္။

ဖေရဆာတစ္ေယာက္ ဘုန္းေမာက္သ္အသင္းက ကစားေဖာ္ေတြနဲ႔ အသိမိတ္ေဆြေတြကို ခုလို ဝန္ခံေျပာဆိုခဲ့ေၾကာင္းကို အဆုိပါ စေကာ့တလန္ကြင္းလယ္ၾကယ္ပြင့္နဲ႔ ရင္းႏွီးတဲ့ သတင္းအရင္းအျမစ္ တစ္ခ်ိဳ႕က Football Insider ကို ထုတ္ေဖာ္ေျပာဆိုခဲ့ၾကတာျဖစ္ပါတယ္။

စေကာ့တလန္သားဟာ ျပီးခဲ့တဲ့ရာသီမွာ ဘုန္းေမာက္အသင္းနဲ႔အတူ အေကာင္းဆံုးစြမ္းေဆာင္ရည္ကို ရရိွခဲ့ျပီး ပရီးမီးယားလိဂ္မွာ သြင္းဂိုး ၆ ဂိုးအျပင္ ဂိုးဖန္တီးမႈ (၁၄)ၾကိမ္အထိ ျပဳလုပ္ႏိုင္ခဲ့တာေၾကာင့္ ဂိုးဖန္တီးမႈ အမ်ားဆံုးကစားသမားျဖစ္ခဲ့တဲ့ ခ်ယ္လ္ဆီးတိုက္စစ္ကစားသမား ေအဒင္ဟာဇက္ (၁၅ ၾကိမ္) ထက္ တစ္ၾကိမ္သာ ေလ်ာ့နည္းခဲ့ပါတယ္။

ဖေရဆာတစ္ေယာက္ ေျပာဆိုခဲ့တဲ့ ထဲမွာ အာဆင္နယ္အသင္းက သူ႔ကို ကမ္းလွမ္းဖို႔ ျပင္ဆင္ေနတယ္ဆိုတဲ့ အေၾကာင္းကိစၥလည္းပါဝင္ျပီး အာဆင္နယ္အသင္းဟာ ေျပာင္းေရႊ႕ေၾကး ေပါင္ သန္း ၂၀ နဲ႔ စတင္ကမ္းလွမ္းသြားဖို႔ရွိေနတယ္လုိ႔ သိရပါတယ္။ အာဆင္နယ္အသင္းကို ေျပာင္းေရႊ႕ကစားခ်င္ေၾကာင္း ဝန္ခံထားတဲ့ ဖေရဆာနဲ႔ ပုဂၢိဳလ္ေရးသေဘာတူညီမႈရဖို႔ ဂန္းနားတို႔အတြက္ အခက္အခဲမရိွႏိုင္ေပမယ့္ ဘုန္းေမာက္ေတာင္းဆိုတဲ့ေစ်း ေပါင္သန္း (၄၀)က အေျပာင္းအေရႊ႕ ေရွ႕ဆက္ႏိုင္ဖို႔ တားဆီးေနတဲ့အရာတခုပဲ ျဖစ္ေနပါတယ္။

ယခုေႏြရာသီမွာ ေတာင္ပံတုိက္စစ္ပိုင္းကို အားျဖည့္ဖို႔ ဆံုးျဖတ္ထားတဲ့ အာဆင္နယ္အသင္းဟာ ဖေရဆာအျပင္ ဒါလီယန္း လီဖန္းေတာင္ပံကစားသမား ယာနစ္ ကာရက္စ္ကို ကို လည္းေခၚယူဖို႔ၾကိဳးပမ္းေနတဲ့အျပင္ လိုရီးယန္႔အသင္းက ကေလာက္ဒီ ေမာရစ္၊ ဂ်န္႔အသင္းက ထေရာက္ဆတ္နဲ႔ ဗလင္စီယာအသင္းက ဖာရန္ ေတာရက္စ္တို႔ကိုလည္း ပစ္မွတ္ထားေနပါတယ္။
Ref: Football Insider

 

Unicode

 

ဘုန်းမောက်အသင်းရဲ့ တောင်ပံတိုက်စစ်ကစားသမား ရိုင်ယန် ဖရေဆာက သူ့အနေနဲ့ အာဆင်နယ်အသင်းကို ပြောင်းရွှေ့ကစားဖို့ စိတ်ဆန္ဒရှိကြောင်း အသိမိတ်ဆွေတွေကို ဝန်ခံပြောဆိုခဲ့တယ်လို့ Football Insider က ဖော်ထုတ်ရေးသားခဲ့ပါတယ်။

ဖရေဆာတစ်ယောက် ဘုန်းမောက်သ်အသင်းက ကစားဖော်တွေနဲ့ အသိမိတ်ဆွေတွေကို ခုလို ဝန်ခံပြောဆိုခဲ့ကြောင်းကို အဆိုပါ စကော့တလန်ကွင်းလယ်ကြယ်ပွင့်နဲ့ ရင်းနှီးတဲ့ သတင်းအရင်းအမြစ် တစ်ချို့က Football Insider ကို ထုတ်ဖော်ပြောဆိုခဲ့ကြတာဖြစ်ပါတယ်။

စကော့တလန်သားဟာ ပြီးခဲ့တဲ့ရာသီမှာ ဘုန်းမောက်အသင်းနဲ့အတူ အကောင်းဆုံးစွမ်းဆောင်ရည်ကို ရရှိခဲ့ပြီး ပရီးမီးယားလိဂ်မှာ သွင်းဂိုး ၆ ဂိုးအပြင် ဂိုးဖန်တီးမှု (၁၄)ကြိမ်အထိ ပြုလုပ်နိုင်ခဲ့တာကြောင့် ဂိုးဖန်တီးမှု အများဆုံးကစားသမားဖြစ်ခဲ့တဲ့ ချယ်လ်ဆီးတိုက်စစ်ကစားသမား အေဒင်ဟာဇက် (၁၅ ကြိမ်) ထက် တစ်ကြိမ်သာ လျော့နည်းခဲ့ပါတယ်။

ဖရေဆာတစ်ယောက် ပြောဆိုခဲ့တဲ့ ထဲမှာ အာဆင်နယ်အသင်းက သူ့ကို ကမ်းလှမ်းဖို့ ပြင်ဆင်နေတယ်ဆိုတဲ့ အကြောင်းကိစ္စလည်းပါဝင်ပြီး အာဆင်နယ်အသင်းဟာ ပြောင်းရွှေ့ကြေး ပေါင် သန်း ၂၀ နဲ့ စတင်ကမ်းလှမ်းသွားဖို့ရှိနေတယ်လို့ သိရပါတယ်။ အာဆင်နယ်အသင်းကို ပြောင်းရွှေ့ကစားချင်ကြောင်း ဝန်ခံထားတဲ့ ဖရေဆာနဲ့ ပုဂ္ဂိုလ်ရေးသဘောတူညီမှုရဖို့ ဂန်းနားတို့အတွက် အခက်အခဲမရှိနိုင်ပေမယ့် ဘုန်းမောက်တောင်းဆိုတဲ့ဈေး ပေါင်သန်း (၄၀)က အပြောင်းအရွှေ့ ရှေ့ဆက်နိုင်ဖို့ တားဆီးနေတဲ့အရာတခုပဲ ဖြစ်နေပါတယ်။

ယခုနွေရာသီမှာ တောင်ပံတိုက်စစ်ပိုင်းကို အားဖြည့်ဖို့ ဆုံးဖြတ်ထားတဲ့ အာဆင်နယ်အသင်းဟာ ဖရေဆာအပြင် ဒါလီယန်း လီဖန်းတောင်ပံကစားသမား ယာနစ် ကာရက်စ်ကို ကို လည်းခေါ်ယူဖို့ကြိုးပမ်းနေတဲ့အပြင် လိုရီးယန့်အသင်းက ကလောက်ဒီ မောရစ်၊ ဂျန့်အသင်းက ထရောက်ဆတ်နဲ့ ဗလင်စီယာအသင်းက ဖာရန် တောရက်စ်တို့ကိုလည်း ပစ်မှတ်ထားနေပါတယ်။
Ref: Football Insider



Leave a Reply

Your email address will not be published.

*
*
*

error: Content is protected !!