ေဘာလံုးမွာ ၾသဇာအာဏာအရိွဆံုး အမ်ိဳးသမီး၊ ေစ့စပ္ညိွႏိႈင္းမႈေတြရဲ႕ဧကရီ မာရီနာ ဂရာေနာ့ဗ္စကီရာ

[ZawGyi]
ေဒၚနယ္ထရမ့္ဆိုတဲ့နာမည္ဟာ သေဘာတူညီမႈေတြရဲ႕ အႏုပညာလို႔ တင္စားျခင္းခံရသလို ေစ့စပ္ညိွႏႈိင္းမႈေတြကိုသာ ျပတိုက္တခုအတြင္း ေနရာခ်ရမယ္ဆိုရင္ ေအဒင္ဟာဇက္ကို ရီးယဲလ္မက္ဒရစ္အသင္းထံ ေရာင္းခ်ႏိုင္ခဲ့ျခင္းက မာရီနာရဲ႕ Masterpiece လို႔ ဆိုရပါလိမ့္မယ္။

စတန္းဖို႔ဒ္ဘရစ္ခ်္ကေန ထြက္ခြာေတာ့မယ္လို႔ အတိအလင္းဝန္ခံထားတဲ့ ကစားသမားတေယာက္၊ စာခ်ဳပ္သက္တမ္း (၁)ႏွစ္သာက်န္ရိွေတာ့တဲ့ ကစားသမားတေယာက္အတြက္ ေပါင္သန္း (၁၃၀)အထိ ရေအာင္ ေစ်းတင္ႏိုင္ခဲ့ျခင္းဟာ မာရီနာရဲ႕ အရည္အေသြးေၾကာင့္ဆိုတာ အထင္အရွားပါပဲ။

ပရီးမီးယားလိဂ္ထိပ္တန္းကလပ္အသင္းၾကီးတသင္းျဖစ္တဲ့ ခ်ယ္လ္ဆီးအသင္းမွာ အမ်ိဳးသားေတြနည္းတူ ရင္ေဘာင္တန္းျပီး အေရးပါတဲ့ေျခလွမ္းတိုင္းကို ဆံုးျဖတ္ခ်က္ခ်ႏိုင္ဖို႔ဆိုတာကေတာ့ အမ်ိဳးသမီးတေယာက္အဖို႔ မလြယ္လွပါဘူး။ ဒါေပမယ့္လည္း ရဲရင့္လွတဲ့ ရုရွသူေလးဟာ ျခေသၤ့ျပာတို႔ရဲ႕ ေျခလွမ္းတိုင္းကို ထက္ထက္ျမက္ျမက္နဲ႔ပဲ ဦးေဆာင္ေနပါတယ္။ ဒါေၾကာင့္ပဲ သူ႔ရဲ႕ငယ္ဆရာေတြက မီးခိုးေရာင္ၾကြက္ငယ္ေလးလို႔ တင္စားခဲ့ၾကတာပါ။

နာမည္အျပည့္အစံုဆိုရင္ မာရီနာ ဂရာေနာ့ဗ္စကီရာလို႔ေခၚတဲ့ ျခေသၤ့ျပာသူဟာ (၁၉၇၅)ခုႏွစ္ ဇန္နဝါရီလမွာ ေမြးဖြားလာခဲ့သူပါ။ ေမာ္စကိုမွာ ဂီတနဲ႔အက အထူးျပဳဘာသာယူျပီး ေက်ာင္းတက္ခဲ့တယ္။ ေက်ာင္းတက္ေနစဥ္တေလွ်ာက္ အားကစားနဲ႔ပတ္သက္လုိ႔ ဘာလႈပ္ရွားမႈမွ မရိွခဲ့ဘဲ ဆိုဗီယက္ယူနီယံျပိဳကြဲျပီး ေျခာက္လအၾကာမွာ ေက်ာင္းျပီးခဲ့ပါတယ္။

” ကြ်န္ေတာ္ မာရီနာကို စာသင္ခဲ့ရတာကို အမွတ္ရေနေသးတယ္။ ဒါေပမယ့္ သူနဲ႔ပတ္သက္လို႔ တခုတ္တရေျပာစရာေတာ့ သိပ္မရွိလွပါဘူး။ လန္ဒန္မွာ အားကစားေလာကထဲ သူေအာင္ေအာင္ျမင္ျမင္ ျဖတ္သန္းေနတာက တကယ္စိတ္ဝင္စားစရာပါ။ ” လို႔ ဆရာတဦးက ဆုိပါတယ္။

မာရီနာဟာ ေမာ္စကိုတကၠသိုလ္မွာ ႏိုင္ငံျခားဘာသာစကားေတြလည္း သင္ယူခဲ့တယ္။ အဂၤလိပ္စကားကို ကြ်မ္းက်င္ပိုင္ႏိုင္စြာ ေျပာတတ္ျပီး အျခားဥေရာပစကား ေတာ္ေတာ္မ်ားမ်ားလည္း ေျပာႏိုင္ဆိုႏုိင္သူ ျဖစ္ပါတယ္။ ဒါေၾကာင့္လည္း ေရနံကုမၸဏီတခုျဖစ္တဲ့ Sibneft မွာ ခ်ယ္လ္ဆီးသူေဌး ေအဘရာမိုဗစ္ခ်္ရဲ႕ ကိုယ္ေရးအရာရိွ ျဖစ္လာခဲ့တာပါ။

(၂၀၀၃)ခုႏွစ္မွာ ခ်ယ္လ္ဆီးအသင္းကို ေအဘရာမိုဗစ္ခ်္ ဝယ္ယူျပီးခဲ့ခ်ိန္မွာေတာ့ မာရီနာရဲ႕အရည္အေသြးကို ယံုၾကည္တဲ့ ရုရွသူေဌးဟာ သူ႔ရဲ႕ ကိုယ္ေရးအရာရိွကို လန္ဒန္ဆီ တပါတည္း ေခၚေဆာင္လာခဲ့ပါတယ္။ လုပ္ပိုင္ခြင့္အျပည့္အဝ ရရိွထားတဲ့ မာရီနာဟာ အသင္းအစည္းအေဝးပြဲတိုင္းမွာ ေအဘရာမိုဗစ္ခ်္ကိုယ္စား ဦးေဆာင္သူ ျဖစ္လာပါတယ္။

ခ်ယ္လ္ဆီးအသင္းရဲ႕ ကစားသမားစာခ်ဳပ္ေတြ၊ ကစားသမားေခၚယူမႈေတြမွာ မာရီနာရဲ႕ ေစ့စပ္ညိွႏႈိင္းမႈက အဓိကက်ခဲ့ျပီး အရာရာတိုင္းအတြက္ အခရာ ျဖစ္ခဲ့ပါတယ္။ ဂြ်န္တယ္ရီကို စာခ်ဳပ္သစ္ခ်ဳပ္ဆိုခဲ့တုန္းကဆိုရင္ မာရီနာနဲ႔ ျပတ္သားမႈကို ျမင္ခဲ့ရျပန္တယ္။ မာရီနာကမ္းလွမ္းထားတဲ့ စာခ်ဳပ္အခ်က္အလက္ေတြကို အသင္းေခါင္းေဆာင္ၾကီးက ျပင္ဖို႔ ၾကိဳးစားခဲ့တဲ့။ အဲဒီအတြက္ မာရီနာကလည္း ရွင္းရွင္းလင္းလင္းပဲ တံု႔ျပန္ခဲ့ပါတယ္။ ” ဒီစာခ်ဳပ္ကို လက္ခံရင္လက္ခံ၊ လက္မခံႏိုင္ရင္ အသင္းက ထြက္သြားပါ။ ”

စတန္းဖို႔ဒ္ဘရစ္ခ်္မွာ မာရီနာရဲ႕ ျဖတ္သန္းခဲ့ရမႈက ေအးေအးေဆးေဆးပါပဲ။ (၂၀၁၄)ခုႏွစ္မွာ အမႈေဆာင္ခ်ဳပ္အျဖစ္ ရာထူးတိုးျမွင့္ျခင္း ခံခဲ့၇တယ္။ ျဗိတိန္သတင္းစာတေစာင္ကဆိုရင္ ေဘာလံုးမွာ ၾသဇာအာဏာအရိွဆံုးအမ်ိဳးသမီးဆိုျပီး ကင္ပြန္းတပ္ခဲ့ပါတယ္။

ေအဘရာမိုဗစ္ခ်္နဲ႔ ခြာျပဲထားတဲ့ ဟိုေဆးေမာ္ရင္ညိဳကို စတန္းဖို႔ဒ္ရစ္ခ်္ဆီ ျပန္ေခၚတာအပါအဝင္ ခက္ခဲတဲ့စိန္ေခၚမႈေတြကို မာရီနာတေယာက္ ေအာင္ျမင္စြာ ေက်ာ္ျဖတ္ျပတယ္။ ေအဂ်င့္ေတြနဲ႔ ေတ့ေတ့ဆိုင္ဆုိင္ ေဆြးေႏြးတယ္။ လူငယ္အကယ္ဒမီကို ခ်ယ္လ္ဆီးအသင္းအတြက္ အျမတ္အစြန္းျဖစ္လာေအာင္ ေျပာင္းလဲႏိုင္ခဲ့တယ္။

” မာရီနာက ခ်ယ္လ္ဆီးအသင္းမွာ အာဏာၾကီးတဲ့သူပါ။ ရိုမန္က သူ႔ကို အရမ္းယံုတယ္။ သူက ထင္ေပၚေက်ာ္ၾကားမႈကို စိတ္မဝင္စားဘူး။ ဒါေပမယ့္ အသင္းအတြက္ အေရးအပါဆံုးနဲ႔ လုပ္ပိုင္ခြင့္အရိွဆံုးက မာရီနာပဲဆိုတာ သံသယရိွစရာ မလိုပါဘူး။ ” လို႔ အတြင္းလူတဦးက ေျပာပါတယ္။

တကယ္လည္း မာရီနာရဲ႕ဘဝကို သိသူနည္းပါတယ္။ သိုသိုသိပ္သိပ္ပဲ ေနထုိင္သူျဖစ္လို႔ သူ႔ေမြးဖြားရာ ရုရွႏိုင္ငံမွာေတာင္ သူ႔အေၾကာင္းကို လူသိပ္မသိလွပါဘူး။ Sumosan လို႔ အမည္ရတဲ့ စားေသာက္ဆိုင္တခုရဲ႕ အမာခံပရိသတ္တေယာက္အျဖစ္ေတာ့ နာမည္ၾကီးပါတယ္။

” မာရီနာက အံၾသေလာက္စရာ အမ်ိဳးသမီးဗ်။ အရမ္းကိုပဲ ပေရာ္ဖက္ရွင္နယ္ဆန္တယ္။ သူ ဘာလိုခ်င္သလဲဆိုတာကို သူသိတယ္။ ဘယ္ကိစၥၾကီးၾကီးငယ္ငယ္မဆုိ သူ ကိုင္တြယ္ႏိုင္စြမ္းရိွတယ္။ ကြ်န္ေတာ္ ျပႆနာေတြ႕တုိင္း သူ႔ဆီကို ဆက္သြယ္ရတာပဲ။ သူကလည္း ေျဖရွင္းေပးႏုိင္တာခ်ည္းပဲ။ ” လို႔ Sumonsan ရဲ႕ စားေတာ္ကဲ ဘက္ကာဘယ္ခစ္က ဆိုပါတယ္။

ခ်ယ္လ္ဆီးအသင္းမွာ မာရီနာ ရုန္းကန္ရခ်ိန္ေတြလည္း ရိွခဲ့တယ္။ အဓိကအားျဖင့္ နည္းျပကြန္တီကိုင္တြယ္တဲ့ ကာလအပိုင္းအျခားေတြမွာပါ။ အေျပာင္းအေရႊ႕ကိစၥေတြနဲ႔ပတ္သက္လုိ႔ ကြန္တီနဲ႔ ထိပ္တိုက္ေတြ႕ခဲ့ရတယ္။

ကြန္တီက အီတလီေနာက္ခံလူ ဘိုႏူခ်ီကို လိုခ်င္ခဲ့ေပမယ့္ မာရီနာက မေခၚေပးႏိုင္ခဲ့ဘူး။ အဲဒီေနာက္ပိုင္းမွာေတာ့ မာရီနာနဲ႔ ကြန္တီၾကား ဆက္ဆံေရးျပိဳကြဲခဲ့ကာ မ်က္ႏွာခ်င္းဆိုင္ မေတြ႕ဆံုရေလာက္ေအာင္ အထိ အေျခအေနဆိုးခဲ့ပါတယ္။ နည္းျပတဦးျဖစ္တဲ့ ကာလိုကူဒီစီနီကေနတဆင့္ပဲ စကားေျပာခဲ့ၾကတယ္။

ဘာပဲျဖစ္ျဖစ္ ခ်ယ္လ္ဆီးအသင္းကို မာရီနာတေယာက္ အေကာင္းဆံုးဦးေဆာင္ေနႏိုင္တယ္ဆိုတာ ျငင္းမယ့္သူ မရိွေလာက္ပါဘူး။ ဟာဇက္ရဲ႕အေျပာင္းအေရႊ႕အပါအဝင္ လူငယ္အကယ္ဒမီကို အဆင့္ျမွင့္ႏိုင္ခဲ့တာေတြ၊ စီးပြားေရးစပြန္ဆာ အမ်ားအျပား ရွာႏုိင္ခဲ့တာေတြ၊ Nike နဲ႔ တႏွစ္ ေပါင္သန္း (၆၀)တန္ စပြန္ဆာစာခ်ဳပ္ႏိုင္ခဲ့တာေတြက မာရီနာရဲ႕ အစြမ္းအစေတြေၾကာင့္ ျဖစ္ပါတယ္။

ဟာဇက္ရဲ႕ အေျပာင္းအေရႊ႕ကေတာ့ ေစ့စပ္ညိွႏိႈင္းမႈေတြမွာ သူ ဘယ္ေလာက္ေတာ္ေၾကာင္း သက္ေသျပခဲ့တာပါ။ လက္ရိွအခ်ိန္မွာလည္း အေျပာင္းအေရႊ႕ပိတ္ပင္ခံထားရတဲ့ ခ်ယ္လ္ဆီးအတြက္ လာမယ့္ရာသီ အေကာင္းဆံုးျဖစ္ေအာင္ မာရီနာ ဘယ္လိုစီမံသြားမလဲဆိုတာကလည္း စိတ္ဝင္စားစရာ ျဖစ္ေနပါတယ္။

မာရီနာဟာ လူသိမ်ားသူ မဟုတ္ဘူး။ ထင္ေပၚေက်ာ္ၾကားမႈကိုလည္း သူ စိတ္မဝင္စားဘူး။ ဒါေပမယ့္ ခ်ယ္လ္ဆီးအသင္းရဲ႕ အနာဂတ္၊ ခ်ယ္လ္ဆီးအသင္းရဲ႕ ဆံုးျဖတ္ခ်က္တုိင္းဟာ အသက္ (၄၄)ႏွစ္အရြယ္ ဒီအမ်ိဳးသမီးရဲ႕ လက္ထဲမွာပဲ ရိွေနပါတယ္။

Ref : Daily Mail , Daily Express တို႔က အခ်က္အလက္ေတြကို မွီးပါသည္။

[Unicode]
ဒေါ်နယ်ထရမ့်ဆိုတဲ့နာမည်ဟာ သဘောတူညီမှုတွေရဲ့ အနုပညာလို့ တင်စားခြင်းခံရသလို စေ့စပ်ညှိနှိုင်းမှုတွေကိုသာ ပြတိုက်တခုအတွင်း နေရာချရမယ်ဆိုရင် အေဒင်ဟာဇက်ကို ရီးယဲလ်မက်ဒရစ်အသင်းထံ ရောင်းချနိုင်ခဲ့ခြင်းက မာရီနာရဲ့ Masterpiece လို့ ဆိုရပါလိမ့်မယ်။

စတန်းဖို့ဒ်ဘရစ်ချ်ကနေ ထွက်ခွာတော့မယ်လို့ အတိအလင်းဝန်ခံထားတဲ့ ကစားသမားတယောက်၊ စာချုပ်သက်တမ်း (၁)နှစ်သာကျန်ရှိတော့တဲ့ ကစားသမားတယောက်အတွက် ပေါင်သန်း (၁၃၀)အထိ ရအောင် ဈေးတင်နိုင်ခဲ့ခြင်းဟာ မာရီနာရဲ့ အရည်အသွေးကြောင့်ဆိုတာ အထင်အရှားပါပဲ။

ပရီးမီးယားလိဂ်ထိပ်တန်းကလပ်အသင်းကြီးတသင်းဖြစ်တဲ့ ချယ်လ်ဆီးအသင်းမှာ အမျိုးသားတွေနည်းတူ ရင်ဘောင်တန်းပြီး အရေးပါတဲ့ခြေလှမ်းတိုင်းကို ဆုံးဖြတ်ချက်ချနိုင်ဖို့ဆိုတာကတော့ အမျိုးသမီးတယောက်အဖို့ မလွယ်လှပါဘူး။ ဒါပေမယ့်လည်း ရဲရင့်လှတဲ့ ရုရှသူလေးဟာ ခြင်္သေ့ပြာတို့ရဲ့ ခြေလှမ်းတိုင်းကို ထက်ထက်မြက်မြက်နဲ့ပဲ ဦးဆောင်နေပါတယ်။ ဒါကြောင့်ပဲ သူ့ရဲ့ငယ်ဆရာတွေက မီးခိုးရောင်ကြွက်ငယ်လေးလို့ တင်စားခဲ့ကြတာပါ။

နာမည်အပြည့်အစုံဆိုရင် မာရီနာ ဂရာနော့ဗ်စကီရာလို့ခေါ်တဲ့ ခြင်္သေ့ပြာသူဟာ (၁၉၇၅)ခုနှစ် ဇန်နဝါရီလမှာ မွေးဖွားလာခဲ့သူပါ။ မော်စကိုမှာ ဂီတနဲ့အက အထူးပြုဘာသာယူပြီး ကျောင်းတက်ခဲ့တယ်။ ကျောင်းတက်နေစဉ်တလျှောက် အားကစားနဲ့ပတ်သက်လို့ ဘာလှုပ်ရှားမှုမှ မရှိခဲ့ဘဲ ဆိုဗီယက်ယူနီယံပြိုကွဲပြီး ခြောက်လအကြာမှာ ကျောင်းပြီးခဲ့ပါတယ်။

” ကျွန်တော် မာရီနာကို စာသင်ခဲ့ရတာကို အမှတ်ရနေသေးတယ်။ ဒါပေမယ့် သူနဲ့ပတ်သက်လို့ တခုတ်တရပြောစရာတော့ သိပ်မရှိလှပါဘူး။ လန်ဒန်မှာ အားကစားလောကထဲ သူအောင်အောင်မြင်မြင် ဖြတ်သန်းနေတာက တကယ်စိတ်ဝင်စားစရာပါ။ ” လို့ ဆရာတဦးက ဆိုပါတယ်။

မာရီနာဟာ မော်စကိုတက္ကသိုလ်မှာ နိုင်ငံခြားဘာသာစကားတွေလည်း သင်ယူခဲ့တယ်။ အင်္ဂလိပ်စကားကို ကျွမ်းကျင်ပိုင်နိုင်စွာ ပြောတတ်ပြီး အခြားဥရောပစကား တော်တော်များများလည်း ပြောနိုင်ဆိုနိုင်သူ ဖြစ်ပါတယ်။ ဒါကြောင့်လည်း ရေနံကုမ္ပဏီတခုဖြစ်တဲ့ Sibneft မှာ ချယ်လ်ဆီးသူဌေး အေဘရာမိုဗစ်ချ်ရဲ့ ကိုယ်ရေးအရာရှိ ဖြစ်လာခဲ့တာပါ။

(၂၀၀၃)ခုနှစ်မှာ ချယ်လ်ဆီးအသင်းကို အေဘရာမိုဗစ်ချ် ဝယ်ယူပြီးခဲ့ချိန်မှာတော့ မာရီနာရဲ့အရည်အသွေးကို ယုံကြည်တဲ့ ရုရှသူဌေးဟာ သူ့ရဲ့ ကိုယ်ရေးအရာရှိကို လန်ဒန်ဆီ တပါတည်း ခေါ်ဆောင်လာခဲ့ပါတယ်။ လုပ်ပိုင်ခွင့်အပြည့်အဝ ရရှိထားတဲ့ မာရီနာဟာ အသင်းအစည်းအဝေးပွဲတိုင်းမှာ အေဘရာမိုဗစ်ချ်ကိုယ်စား ဦးဆောင်သူ ဖြစ်လာပါတယ်။

ချယ်လ်ဆီးအသင်းရဲ့ ကစားသမားစာချုပ်တွေ၊ ကစားသမားခေါ်ယူမှုတွေမှာ မာရီနာရဲ့ စေ့စပ်ညှိနှိုင်းမှုက အဓိကကျခဲ့ပြီး အရာရာတိုင်းအတွက် အခရာ ဖြစ်ခဲ့ပါတယ်။ ဂျွန်တယ်ရီကို စာချုပ်သစ်ချုပ်ဆိုခဲ့တုန်းကဆိုရင် မာရီနာနဲ့ ပြတ်သားမှုကို မြင်ခဲ့ရပြန်တယ်။ မာရီနာကမ်းလှမ်းထားတဲ့ စာချုပ်အချက်အလက်တွေကို အသင်းခေါင်းဆောင်ကြီးက ပြင်ဖို့ ကြိုးစားခဲ့တဲ့။ အဲဒီအတွက် မာရီနာကလည်း ရှင်းရှင်းလင်းလင်းပဲ တုံ့ပြန်ခဲ့ပါတယ်။ ” ဒီစာချုပ်ကို လက်ခံရင်လက်ခံ၊ လက်မခံနိုင်ရင် အသင်းက ထွက်သွားပါ။ ”

စတန်းဖို့ဒ်ဘရစ်ချ်မှာ မာရီနာရဲ့ ဖြတ်သန်းခဲ့ရမှုက အေးအေးဆေးဆေးပါပဲ။ (၂၀၁၄)ခုနှစ်မှာ အမှုဆောင်ချုပ်အဖြစ် ရာထူးတိုးမြှင့်ခြင်း ခံခဲ့၇တယ်။ ဗြိတိန်သတင်းစာတစောင်ကဆိုရင် ဘောလုံးမှာ သြဇာအာဏာအရှိဆုံးအမျိုးသမီးဆိုပြီး ကင်ပွန်းတပ်ခဲ့ပါတယ်။

အေဘရာမိုဗစ်ချ်နဲ့ ခွာပြဲထားတဲ့ ဟိုဆေးမော်ရင်ညိုကို စတန်းဖို့ဒ်ရစ်ချ်ဆီ ပြန်ခေါ်တာအပါအဝင် ခက်ခဲတဲ့စိန်ခေါ်မှုတွေကို မာရီနာတယောက် အောင်မြင်စွာ ကျော်ဖြတ်ပြတယ်။ အေဂျင့်တွေနဲ့ တေ့တေ့ဆိုင်ဆိုင် ဆွေးနွေးတယ်။ လူငယ်အကယ်ဒမီကို ချယ်လ်ဆီးအသင်းအတွက် အမြတ်အစွန်းဖြစ်လာအောင် ပြောင်းလဲနိုင်ခဲ့တယ်။

” မာရီနာက ချယ်လ်ဆီးအသင်းမှာ အာဏာကြီးတဲ့သူပါ။ ရိုမန်က သူ့ကို အရမ်းယုံတယ်။ သူက ထင်ပေါ်ကျော်ကြားမှုကို စိတ်မဝင်စားဘူး။ ဒါပေမယ့် အသင်းအတွက် အရေးအပါဆုံးနဲ့ လုပ်ပိုင်ခွင့်အရှိဆုံးက မာရီနာပဲဆိုတာ သံသယရှိစရာ မလိုပါဘူး။ ” လို့ အတွင်းလူတဦးက ပြောပါတယ်။

တကယ်လည်း မာရီနာရဲ့ဘဝကို သိသူနည်းပါတယ်။ သိုသိုသိပ်သိပ်ပဲ နေထိုင်သူဖြစ်လို့ သူ့မွေးဖွားရာ ရုရှနိုင်ငံမှာတောင် သူ့အကြောင်းကို လူသိပ်မသိလှပါဘူး။ Sumosan လို့ အမည်ရတဲ့ စားသောက်ဆိုင်တခုရဲ့ အမာခံပရိသတ်တယောက်အဖြစ်တော့ နာမည်ကြီးပါတယ်။

” မာရီနာက အံသြလောက်စရာ အမျိုးသမီးဗျ။ အရမ်းကိုပဲ ပရော်ဖက်ရှင်နယ်ဆန်တယ်။ သူ ဘာလိုချင်သလဲဆိုတာကို သူသိတယ်။ ဘယ်ကိစ္စကြီးကြီးငယ်ငယ်မဆို သူ ကိုင်တွယ်နိုင်စွမ်းရှိတယ်။ ကျွန်တော် ပြဿနာတွေ့တိုင်း သူ့ဆီကို ဆက်သွယ်ရတာပဲ။ သူကလည်း ဖြေရှင်းပေးနိုင်တာချည်းပဲ။ ” လို့ Sumonsan ရဲ့ စားတော်ကဲ ဘက်ကာဘယ်ခစ်က ဆိုပါတယ်။

ချယ်လ်ဆီးအသင်းမှာ မာရီနာ ရုန်းကန်ရချိန်တွေလည်း ရှိခဲ့တယ်။ အဓိကအားဖြင့် နည်းပြကွန်တီကိုင်တွယ်တဲ့ ကာလအပိုင်းအခြားတွေမှာပါ။ အပြောင်းအရွှေ့ကိစ္စတွေနဲ့ပတ်သက်လို့ ကွန်တီနဲ့ ထိပ်တိုက်တွေ့ခဲ့ရတယ်။

ကွန်တီက အီတလီနောက်ခံလူ ဘိုနူချီကို လိုချင်ခဲ့ပေမယ့် မာရီနာက မခေါ်ပေးနိုင်ခဲ့ဘူး။ အဲဒီနောက်ပိုင်းမှာတော့ မာရီနာနဲ့ ကွန်တီကြား ဆက်ဆံရေးပြိုကွဲခဲ့ကာ မျက်နှာချင်းဆိုင် မတွေ့ဆုံရလောက်အောင် အထိ အခြေအနေဆိုးခဲ့ပါတယ်။ နည်းပြတဦးဖြစ်တဲ့ ကာလိုကူဒီစီနီကနေတဆင့်ပဲ စကားပြောခဲ့ကြတယ်။

ဘာပဲဖြစ်ဖြစ် ချယ်လ်ဆီးအသင်းကို မာရီနာတယောက် အကောင်းဆုံးဦးဆောင်နေနိုင်တယ်ဆိုတာ ငြင်းမယ့်သူ မရှိလောက်ပါဘူး။ ဟာဇက်ရဲ့အပြောင်းအရွှေ့အပါအဝင် လူငယ်အကယ်ဒမီကို အဆင့်မြှင့်နိုင်ခဲ့တာတွေ၊ စီးပွားရေးစပွန်ဆာ အများအပြား ရှာနိုင်ခဲ့တာတွေ၊ Nike နဲ့ တနှစ် ပေါင်သန်း (၆၀)တန် စပွန်ဆာစာချုပ်နိုင်ခဲ့တာတွေက မာရီနာရဲ့ အစွမ်းအစတွေကြောင့် ဖြစ်ပါတယ်။

ဟာဇက်ရဲ့ အပြောင်းအရွှေ့ကတော့ စေ့စပ်ညှိနှိုင်းမှုတွေမှာ သူ ဘယ်လောက်တော်ကြောင်း သက်သေပြခဲ့တာပါ။ လက်ရှိအချိန်မှာလည်း အပြောင်းအရွှေ့ပိတ်ပင်ခံထားရတဲ့ ချယ်လ်ဆီးအတွက် လာမယ့်ရာသီ အကောင်းဆုံးဖြစ်အောင် မာရီနာ ဘယ်လိုစီမံသွားမလဲဆိုတာကလည်း စိတ်ဝင်စားစရာ ဖြစ်နေပါတယ်။

မာရီနာဟာ လူသိများသူ မဟုတ်ဘူး။ ထင်ပေါ်ကျော်ကြားမှုကိုလည်း သူ စိတ်မဝင်စားဘူး။ ဒါပေမယ့် ချယ်လ်ဆီးအသင်းရဲ့ အနာဂတ်၊ ချယ်လ်ဆီးအသင်းရဲ့ ဆုံးဖြတ်ချက်တိုင်းဟာ အသက် (၄၄)နှစ်အရွယ် ဒီအမျိုးသမီးရဲ့ လက်ထဲမှာပဲ ရှိနေပါတယ်။

Ref : Daily Mail , Daily Express တို့က အချက်အလက်တွေကို မှီးပါသည်။



Leave a Reply

Your email address will not be published.

*
*
*

error: Content is protected !!