ေရာ္နယ္ဒိုကို ခ်ီးမြမ္းဖို႔ စကားလံုး ရွားပါးေနျပီ – ဆန္းတို႔စ္

ဆြစ္ဇာလန္အသင္းဘက္ကို ဟက္ထရစ္သြင္းယူျပီး ေနးရွင္းလိဂ္ဗိုလ္လုပြဲဆီ ေပၚတူဂီကုိ ပို႔ေဆာင္ေပးခဲ့တဲ့ တိုက္စစ္မွဴးေရာ္နယ္ဒိုကို စကားလံုး အမ်ိဳးမ်ိဳးနဲ႔ ခ်ီးမြမ္းခဲ့ျပီးျပီမို႔ ခ်ီးက်ဴးစရာ စကားလံုးေတာင္ ရွားပါးေနျပီလို႔ ေပၚတူဂီနည္းျပ ဆန္းတို႔စ္က ပြဲအျပီးမွာ ခ်ီးက်ဴးေျပာဆိုသြားခဲ့ပါတယ္။

စီ ေရာ္နယ္ဒိုဟာ သူ႔ရဲ႕ ေပၚတူဂီအသင္းအတြက္ တစ္ေက်ာ့ျပန္ ကစားေပးတဲ့ ပြဲစဥ္မွာ လွပေျပာင္ေျမာက္တဲ့ ဖရီးကစ္သြင္းဂိုးအပါအ၀င္ ေပၚတူဂီအတြက္ အႏိုင္ဂိုး (၃)ဂိုးစလံုးကို သြင္းယူေပးႏိုင္ခဲ့သူျဖစ္ပါတယ္။ ဒါေၾကာင့္လည္း ဆန္းတို႔စ္က ေဘာလံုးေလာကရဲ႕ ပါရမီရွင္လို႔ ရိုးရိုးရွင္းရွင္းနဲ႔ ထိထိမိမိ ခ်ီးက်ဴးသြားခဲ့ပါတယ္။

အသက္ (၃၄) ႏွစ္အရြယ္ ေပၚတူဂီတိုက္စစ္မွဴးရဲ႕ ႏိုင္ငံတကာသြင္းဂိုးဟာ (၈၈)ဂိုးအထိ ရွိလာခဲ့ျပီျဖစ္သလို ကစားသမားဘ၀မွာ ဟက္ထရစ္ (၅၃) ၾကိမ္ေျမာက္ သြင္းယူႏိုင္ခဲ့မႈလည္း ျဖစ္ခဲ့ပါတယ္။ ပြဲကစားခ်ိန္ ေနာက္ဆံုး (၂) မိနစ္အတြင္းမွာ ေရာ္နယ္ဒိုက (၂) ဂိုးဆက္တိုက္သြင္းယူေပးခဲ့ျပီး ေပၚတူဂီကို နိုင္ပြဲရေစခဲ့သလို သူ႔အတြက္လည္း အမွတ္တရပြဲတစ္ပြဲ ျဖစ္လာခဲ့ပါတယ္။

“ေရာ္နယ္ဒိုကို ခ်ီးက်ဴးဖို႔အတြက္ ေျပာစရာစကားလံုးေတြ ေတာ္ေတာ္မ်ားမ်ားကို ကၽြန္ေတာ္ အသံုးျပဳခဲ့ျပီးပါျပီ၊ ၂၀၀၃ ခုႏွစ္မွာကတည္းက သူ႔ရဲ႕ နည္းျပအျဖစ္ ကၽြန္ေတာ္ရွိေနခဲ့ျပီး သူ ဘယ္အဆင့္အတန္းထိ ေရာက္ေအာင္သြားႏိုင္မလဲဆိုတာကို ကၽြန္ေတာ္သိခဲ့ပါတယ္၊ သူက ပါရမီရွင္တစ္ေယာက္ပါ၊ ပါရမီရွင္ေတြဆိုတာက ကိုယ္တုိင္ၾကိဳးစားအားထုတ္ျပီး ေရးဆြဲထြင္းထုတတ္သူေတြပါ” လို႔ ဆန္းတို႔စ္က ဆိုခဲ့ပါတယ္။

“သူက ေဘာလံုးေလာကရဲ႕ ပါရမီရွင္တစ္ေယာက္ပါပဲ၊ ဒီပြဲက ခက္ခဲမႈေတြ ရွိခဲ့ပါတယ္။ ႏွစ္သငး္စလံုးက ေတာင့္တင္းၾကျပီး အႏိုင္ရဖို႔ ကစားသြားခဲ့ပါတယ္၊ နည္းဗ်ဴဟာပိုင္းအရ ကၽြန္ေတာ္တို႔ ေကာင္းေကာင္းကစားႏိုင္ခဲ့ျပီး ကစားကြက္ကို ေျပာင္းလဲခဲ့ပါတယ္၊ ကြင္းထဲမွာ ဘာလုပ္ရမလဲဆိုတာ ကစားသမားေတြက ေကာင္းေကာင္းနားလည္ခဲ့ၾကေပမယ့္ အနည္းငယ္ေတာ့ ခက္ခဲခဲ့ပါတယ္” လို႔ ဆန္းတို႔စ္က ဥေရာပေဘာလံုးအဖြဲ႕ခ်ဳပ္ရဲ႕ ၀က္ဘ္ဆိုက္ကတဆင့္ ေျပာဆိုသြားခဲ့ပါတယ္။

ေပၚတူဂီအတြက္ ေနးရွင္းလိဂ္ျပိဳင္ပြဲကို ပထမဆံုးပြဲအျဖစ္ ေရာ္နယ္ဒိုက ၀င္ေရာက္ကစားေပးခဲ့ျပီးေနာက္ ဟက္ထရစ္သြင္းယူႏိုင္ခဲ့မႈဟာ ေပၚတူဂီအသင္းကို ကမၻာ့ဖလား၊ ယူရိုပါဖလား၊ ကြန္ဖက္ဒေရးရွင္းဖလားနဲ႔ ေနးရွင္းလိဂ္တို႔လို အဓိကျပိဳင္ပြဲၾကီးေတြရဲ႕ ဆီမီးဖိုင္နယ္အဆင့္မွာ ဟက္ထရစ္သြင္းယူႏိုင္ခဲ့တဲ့ အသင္းျဖစ္ေအာင္လည္း ေရာ္နယ္ဒိုက ဖန္တီးေပးႏိုင္ခဲ့ပါတယ္။
Ref: Goal

 

Unicode

 

ဆွစ်ဇာလန်အသင်းဘက်ကို ဟက်ထရစ်သွင်းယူပြီး နေးရှင်းလိဂ်ဗိုလ်လုပွဲဆီ ပေါ်တူဂီကို ပို့ဆောင်ပေးခဲ့တဲ့ တိုက်စစ်မှူးရော်နယ်ဒိုကို စကားလုံး အမျိုးမျိုးနဲ့ ချီးမွမ်းခဲ့ပြီးပြီမို့ ချီးကျူးစရာ စကားလုံးတောင် ရှားပါးနေပြီလို့ ပေါ်တူဂီနည်းပြ ဆန်းတို့စ်က ပွဲအပြီးမှာ ချီးကျူးပြောဆိုသွားခဲ့ပါတယ်။

စီ ရော်နယ်ဒိုဟာ သူ့ရဲ့ ပေါ်တူဂီအသင်းအတွက် တစ်ကျော့ပြန် ကစားပေးတဲ့ ပွဲစဉ်မှာ လှပပြောင်မြောက်တဲ့ ဖရီးကစ်သွင်းဂိုးအပါအဝင် ပေါ်တူဂီအတွက် အနိုင်ဂိုး (၃)ဂိုးစလုံးကို သွင်းယူပေးနိုင်ခဲ့သူဖြစ်ပါတယ်။ ဒါကြောင့်လည်း ဆန်းတို့စ်က ဘောလုံးလောကရဲ့ ပါရမီရှင်လို့ ရိုးရိုးရှင်းရှင်းနဲ့ ထိထိမိမိ ချီးကျူးသွားခဲ့ပါတယ်။

အသက် (၃၄) နှစ်အရွယ် ပေါ်တူဂီတိုက်စစ်မှူးရဲ့ နိုင်ငံတကာသွင်းဂိုးဟာ (၈၈)ဂိုးအထိ ရှိလာခဲ့ပြီဖြစ်သလို ကစားသမားဘဝမှာ ဟက်ထရစ် (၅၃) ကြိမ်မြောက် သွင်းယူနိုင်ခဲ့မှုလည်း ဖြစ်ခဲ့ပါတယ်။ ပွဲကစားချိန် နောက်ဆုံး (၂) မိနစ်အတွင်းမှာ ရော်နယ်ဒိုက (၂) ဂိုးဆက်တိုက်သွင်းယူပေးခဲ့ပြီး ပေါ်တူဂီကို နိုင်ပွဲရစေခဲ့သလို သူ့အတွက်လည်း အမှတ်တရပွဲတစ်ပွဲ ဖြစ်လာခဲ့ပါတယ်။

“ရော်နယ်ဒိုကို ချီးကျူးဖို့အတွက် ပြောစရာစကားလုံးတွေ တော်တော်များများကို ကျွန်တော် အသုံးပြုခဲ့ပြီးပါပြီ၊ ၂၀၀၃ ခုနှစ်မှာကတည်းက သူ့ရဲ့ နည်းပြအဖြစ် ကျွန်တော်ရှိနေခဲ့ပြီး သူ ဘယ်အဆင့်အတန်းထိ ရောက်အောင်သွားနိုင်မလဲဆိုတာကို ကျွန်တော်သိခဲ့ပါတယ်၊ သူက ပါရမီရှင်တစ်ယောက်ပါ၊ ပါရမီရှင်တွေဆိုတာက ကိုယ်တိုင်ကြိုးစားအားထုတ်ပြီး ရေးဆွဲထွင်းထုတတ်သူတွေပါ” လို့ ဆန်းတို့စ်က ဆိုခဲ့ပါတယ်။

“သူက ဘောလုံးလောကရဲ့ ပါရမီရှင်တစ်ယောက်ပါပဲ၊ ဒီပွဲက ခက်ခဲမှုတွေ ရှိခဲ့ပါတယ်။ နှစ်သင်းစလုံးက တောင့်တင်းကြပြီး အနိုင်ရဖို့ ကစားသွားခဲ့ပါတယ်၊ နည်းဗျူဟာပိုင်းအရ ကျွန်တော်တို့ ကောင်းကောင်းကစားနိုင်ခဲ့ပြီး ကစားကွက်ကို ပြောင်းလဲခဲ့ပါတယ်၊ ကွင်းထဲမှာ ဘာလုပ်ရမလဲဆိုတာ ကစားသမားတွေက ကောင်းကောင်းနားလည်ခဲ့ကြပေမယ့် အနည်းငယ်တော့ ခက်ခဲခဲ့ပါတယ်” လို့ ဆန်းတို့စ်က ဥရောပဘောလုံးအဖွဲ့ချုပ်ရဲ့ ဝက်ဘ်ဆိုက်ကတဆင့် ပြောဆိုသွားခဲ့ပါတယ်။

ပေါ်တူဂီအတွက် နေးရှင်းလိဂ်ပြိုင်ပွဲကို ပထမဆုံးပွဲအဖြစ် ရော်နယ်ဒိုက ဝင်ရောက်ကစားပေးခဲ့ပြီးနောက် ဟက်ထရစ်သွင်းယူနိုင်ခဲ့မှုဟာ ပေါ်တူဂီအသင်းကို ကမ္ဘာ့ဖလား၊ ယူရိုပါဖလား၊ ကွန်ဖက်ဒရေးရှင်းဖလားနဲ့ နေးရှင်းလိဂ်တို့လို အဓိကပြိုင်ပွဲကြီးတွေရဲ့ ဆီမီးဖိုင်နယ်အဆင့်မှာ ဟက်ထရစ်သွင်းယူနိုင်ခဲ့တဲ့ အသင်းဖြစ်အောင်လည်း ရော်နယ်ဒိုက ဖန်တီးပေးနိုင်ခဲ့ပါတယ်။
Ref: Goal



အလတ်ဆတ်ဆုံး၊ အတိကျဆုံး အားကစားသတင်းတွေ ဖတ်ဖို့ အောက်ပါ Page ကို Like ထားပါ။
error: Content is protected !!