ဂန္းနားေတြ စိတ္ဝင္စားတာခံေနရလို႔ ဂုဏ္ယူေနတဲ့ အာဂ်င္တိုင္းၾကယ္ပြင့္

ေရဗားပလိတ္အသင္းက ကြင္းလယ္တုိက္စစ္ၾကယ္ပြင့္ အစ္ဇီကီယယ္ ပလာစီယိုစ္က အာဆင္နယ္အသင္းက သူ႔ကို ေခၚယူဖုိ႔ ၾကိဳးပမ္းေနတဲ့ အေပၚမွာ ဂုဏ္ယူမိတယ္လုိ႔ ထုတ္ေဖာ္ေျပာဆိုလိုက္ပါတယ္။

အာဆင္နယ္အသင္းဟာ အဆုိပါကစားသမားကို ေခၚယူႏုိင္လိမ့္မယ္လုိ႔ သတင္းေျပးေနတဲ့အသင္းျဖစ္ျပီး အဆုိပါကိစၥနဲ႔ ပတ္သက္ျပီး အာဂ်င္တီးနားမီဒီယာေတြရဲ႕ ကမ္းလွမ္းခ်က္ကို ပလာစီယိုစ္က ေျဖၾကားရာမွာေတာ့ “ကၽြန္ေတာ့္ကို ရီးရဲလ္၊ အာဆင္နယ္တို႔လို အသင္းေတြမ်ိဳးေတြ စိတ္ဝင္စားၾကတဲ့အတြက္ ဂုဏ္ယူမိပါတယ္။” လို႔ ေျပာဆိုခဲ့တာျဖစ္ပါတယ္။

အသက္ ၂၀ အရြယ္သာရွိေသးတဲ့ ရီးရဲလ္မက္ဒရစ္ပစ္မွတ္ေဟာင္း ပလာစီယိုစ္ဟာ ေတာင္အေမရိကရဲ႕ အေတာက္ပဆံုးၾကယ္ပြင့္ျဖစ္လာမယ့္ကစားသမားလို႔ ခန္႔မွန္းသံုးသပ္ျခင္းခံထားရသူျဖစ္ပါတယ္။ ပလာစီယိုစ္ဟာ ရာသီကုန္မွာ ရီးရဲလ္မက္ဒရစ္အသင္းကို ေျပာင္းေရႊ႕ဖို႔ ျပီးခဲ့တဲ့ ဇန္နဝါရီလတုန္းက သေဘာတူညီခ်က္ ရရွိခဲ့ေပမယ့္ ဒါဏ္ရာျပႆနာနဲ႔ နည္းျပအေျပာင္းအလဲေတြေၾကာင့္ အေျပာင္းအေရႊ႕ပ်က္ျပယ္ခဲ့သူျဖစ္ပါတယ္။

ပလာစီယိုစ္ဟာ လာမယ့္ ၁၄ ရက္ေန႔မွာ စတင္က်င္းပမယ့္ ကိုပါအေမရိက ျပိဳင္ပြဲဝင္ အာဂ်င္တီးနားအသင္းမွာ ေရြးခ်ယ္ခံထားရသူျဖစ္ေပမယ့္ ျပိဳင္ပြဲစတင္ဖို႔ ရက္အနည္းငယ္သာလိုေတာ့ခ်ိန္မွာ ဒါဏ္ရာ ရရွိသြားတာေၾကာင့္ လူစာရင္းကေန ႏႈတ္ထြက္ထားသူျဖစ္ပါတယ္။ အဆုိပါကစားသမားနဲ႔ ေရးဗားပလိတ္အသင္းတို႔အၾကား ေပါင္ ၁၈ သန္းတန္ စာခ်ဳပ္ဖ်က္သိမ္းခ သေဘာတူညီခ်က္ ရွိထားျပီး ေခၚယူခ်င္တဲ့ ဘယ္အသင္းမဆို စာခ်ဳပ္ဖ်က္သိမ္းခ ေပးေခ်ျပီး ေခၚယူႏုိင္မွာျဖစ္တယ္လို႔ Metro ရဲ႕ သတင္းတစ္ရပ္ကလည္း ေဖာ္ျပထားပါတယ္။

အာဆင္နယ္အသင္းဟာ အသင္းက ကြင္းလယ္လူ အာရြန္ ရမ္ေဆးနဲ႔ လမ္းခြဲထားသလို ေနာက္ထပ္ ကြင္းလယ္လူတစ္ဦးျဖစ္တဲ့ မီဆြတ္ အိုေဇးလ္ဟာလည္း အသင္းကေန ထြက္ခြာဖြယ္ရွိေနတာေၾကာင့္ အဆုိပါကစားသမားေတြရဲ႕ ေနရာမွာအစားထိုးဖို႔ ကြင္းလယ္တုိက္စစ္ကစားသမားတစ္ခ်ိဳ႕ကို ပစ္မွတ္ထား ခ်ဥ္းကပ္ေနျပီး ပလာစီယိုစ္အျပင္ ဒန္းနစ္ ပရတ္၊ ရိုင္ယန္ ဖေရဆာ၊ ခရစၥတီယန္ အန္ကြန္ကူနဲ႔ မာရီယို ေဂါ့ဇီတို႔ကို ခ်ိတ္ဆက္ေနပါတယ္။
Ref: Metro

 

Unicode

 

ရေဗားပလိတ်အသင်းက ကွင်းလယ်တိုက်စစ်ကြယ်ပွင့် အစ်ဇီကီယယ် ပလာစီယိုစ်က အာဆင်နယ်အသင်းက သူ့ကို ခေါ်ယူဖို့ ကြိုးပမ်းနေတဲ့ အပေါ်မှာ ဂုဏ်ယူမိတယ်လို့ ထုတ်ဖော်ပြောဆိုလိုက်ပါတယ်။

အာဆင်နယ်အသင်းဟာ အဆိုပါကစားသမားကို ခေါ်ယူနိုင်လိမ့်မယ်လို့ သတင်းပြေးနေတဲ့အသင်းဖြစ်ပြီး အဆိုပါကိစ္စနဲ့ ပတ်သက်ပြီး အာဂျင်တီးနားမီဒီယာတွေရဲ့ ကမ်းလှမ်းချက်ကို ပလာစီယိုစ်က ဖြေကြားရာမှာတော့ “ကျွန်တော့်ကို ရီးရဲလ်၊ အာဆင်နယ်တို့လို အသင်းတွေမျိုးတွေ စိတ်ဝင်စားကြတဲ့အတွက် ဂုဏ်ယူမိပါတယ်။” လို့ ပြောဆိုခဲ့တာဖြစ်ပါတယ်။

အသက် ၂၀ အရွယ်သာရှိသေးတဲ့ ရီးရဲလ်မက်ဒရစ်ပစ်မှတ်ဟောင်း ပလာစီယိုစ်ဟာ တောင်အမေရိကရဲ့ အတောက်ပဆုံးကြယ်ပွင့်ဖြစ်လာမယ့်ကစားသမားလို့ ခန့်မှန်းသုံးသပ်ခြင်းခံထားရသူဖြစ်ပါတယ်။ ပလာစီယိုစ်ဟာ ရာသီကုန်မှာ ရီးရဲလ်မက်ဒရစ်အသင်းကို ပြောင်းရွှေ့ဖို့ ပြီးခဲ့တဲ့ ဇန်နဝါရီလတုန်းက သဘောတူညီချက် ရရှိခဲ့ပေမယ့် ဒါဏ်ရာပြဿနာနဲ့ နည်းပြအပြောင်းအလဲတွေကြောင့် အပြောင်းအရွှေ့ပျက်ပြယ်ခဲ့သူဖြစ်ပါတယ်။

ပလာစီယိုစ်ဟာ လာမယ့် ၁၄ ရက်နေ့မှာ စတင်ကျင်းပမယ့် ကိုပါအမေရိက ပြိုင်ပွဲဝင် အာဂျင်တီးနားအသင်းမှာ ရွေးချယ်ခံထားရသူဖြစ်ပေမယ့် ပြိုင်ပွဲစတင်ဖို့ ရက်အနည်းငယ်သာလိုတော့ချိန်မှာ ဒါဏ်ရာ ရရှိသွားတာကြောင့် လူစာရင်းကနေ နှုတ်ထွက်ထားသူဖြစ်ပါတယ်။ အဆိုပါကစားသမားနဲ့ ရေးဗားပလိတ်အသင်းတို့အကြား ပေါင် ၁၈ သန်းတန် စာချုပ်ဖျက်သိမ်းခ သဘောတူညီချက် ရှိထားပြီး ခေါ်ယူချင်တဲ့ ဘယ်အသင်းမဆို စာချုပ်ဖျက်သိမ်းခ ပေးချေပြီး ခေါ်ယူနိုင်မှာဖြစ်တယ်လို့ Metro ရဲ့ သတင်းတစ်ရပ်ကလည်း ဖော်ပြထားပါတယ်။

အာဆင်နယ်အသင်းဟာ အသင်းက ကွင်းလယ်လူ အာရွန် ရမ်ဆေးနဲ့ လမ်းခွဲထားသလို နောက်ထပ် ကွင်းလယ်လူတစ်ဦးဖြစ်တဲ့ မီဆွတ် အိုဇေးလ်ဟာလည်း အသင်းကနေ ထွက်ခွာဖွယ်ရှိနေတာကြောင့် အဆိုပါကစားသမားတွေရဲ့ နေရာမှာအစားထိုးဖို့ ကွင်းလယ်တိုက်စစ်ကစားသမားတစ်ချို့ကို ပစ်မှတ်ထား ချဉ်းကပ်နေပြီး ပလာစီယိုစ်အပြင် ဒန်းနစ် ပရတ်၊ ရိုင်ယန် ဖရေဆာ၊ ခရစ္စတီယန် အန်ကွန်ကူနဲ့ မာရီယို ဂေါ့ဇီတို့ကို ချိတ်ဆက်နေပါတယ်။
Ref: Metro



အလတ်ဆတ်ဆုံး၊ အတိကျဆုံး အားကစားသတင်းတွေ ဖတ်ဖို့ အောက်ပါ Page ကို Like ထားပါ။
error: Content is protected !!