ဒန္းနစ္ ပရတ္ကို ေရာင္းခ်ရန္ ဆမ္ဒိုးရီးယား သေဘာတူ

ဆမ္ဒိုးရီးယားအသင္းဟာ အာဆင္နယ္အသင္းက ကမ္းလွမ္းျခင္းခံထားရတဲ့ သူတို႔ရဲ႕ ကြင္းလယ္လူ ဒင္းနစ္ ပရတ္ကို ေရာင္းခ်ဖို႔ ႏႈတ္အားျဖင့္ သေဘာတူညီခဲ့ေၾကာင္း ကာယကံရွင္ ဘယ္လ္ဂ်ီယံကစားသမားက ထုတ္ေဖာ္ေျပာဆိုလုိက္ျပီျဖစ္ပါတယ္။

အီတလီမီဒီယာေတြရဲ႕ ေဖာ္ျပခ်က္ေတြအရ ဆမ္ဒိုးရီယားအသင္းဟာ ကစားသမားကို အသင္းကေန ထြက္ခြာခြင့္ျပဳဖို႔ သေဘာတူညီလိုက္ျပီျဖစ္ျပီး ဘယ္လ္ဂ်ီယံ ၾကယ္ပြင့္ဟာ အာဆင္နယ္အသင္းနဲ႔ ပုဂၢိဳလ္ေရး အခ်က္အလက္ေတြ ညွိႏိႈႈင္းခြင့္ ရရွိေတာ့မွာျဖစ္ပါတယ္။ အာဆင္နယ္အသင္းဟာ အသင္းကေန ထြက္ခြာသြားျပီျဖစ္တဲ့ ကြင္းလယ္လူ အာရြန္ ရမ္ေဆးေနရာမွာ ဒန္းနစ္ ပရတ္နဲ႔ အစားထိုးဖို႔ ဆႏၵရွိေနတာျဖစ္ပါတယ္။

Tuttosport ရဲ႕ ေဖာ္ျပခ်က္အရ အဆုိပါကစားသမားနဲ႔ စီးရီးေအကလပ္တို႔အၾကား ယူရို ၂၅ သန္း (ေပါင္ ၂၂ သန္း) တန္ စာခ်ဳပ္ဖ်က္သိမ္းခ သေဘာတူညီခ်က္ ရွိထားတယ္ဆိုတဲ့ အခ်က္ကို ျငင္းဆန္ခဲ့တယ္လို႔ ဆိုထားျပီး ယူရို ၂၂ သန္း (ေပါင္ ၁၉.၅ သန္း) တည္းနဲ႔ အသင္းက ထြက္ခြာခြင့္ေပးဖို႔ ဆမ္ဒိုးရီးယားဘက္က သေဘာတူညီထားတယ္လုိ႔ ေရးသားခဲ့ပါတယ္။

ကစားသမားကိုယ္တုိင္ကလည္း “ကၽြန္ေတာ္ ထိပ္တန္းလိဂ္တစ္ခုခုက ထိပ္တန္းကလပ္ေတြဆီကို ေျပာင္းေရႊ႕ခ်င္ခဲ့တာပါ။ အသင္းနဲ႔ ကၽြန္ေတာ့္အၾကားမွာ စာခ်ဳပ္ဖ်က္သိမ္းခ သေဘာတူထားတာ မရွိပါဘူး။ ဒါေပမယ့္ ဆမ္ဒိုးရီးယားဘက္က ကၽြန္ေတာ့္ကို အသင္းက ထြက္ခြာခြင့္ေပးမယ္လို႔ ႏႈတ္အားျဖင့္ သေဘာတူညီလိုက္ပါျပီ။ စိတ္ဝင္စားစရာ ကမ္းလွမ္းမႈ ရရွိလာခ်ိန္မွာေပါ့” လို႔ ဘယ္လ္ဂ်ီယံ မီဒီယာ Het Laatste Nieuws ကို ေျပာဆိုခဲ့ပါတယ္။

အာဆင္နယ္အသင္းဟာ ပရတ္အျပင္ ဆမ္ဒိုးရီးယားအသင္းမွာ ကစားေနတဲ့ ဒိန္းမတ္ေနာက္ခံလူ ဂ်ိဳအာခ်င္ အန္ဒါဆင္ကိုလည္း ေခၚယူဖုိ႔ ကမ္းလွမ္းထားျပီး ေဆြးေႏြးမႈေတြ ဆက္လက္ျပဳလုပ္ေနပါတယ္။
Ref: Tuttosport, Football365, Het Laatste Nieuws

 

Unicode

 

ဆမ်ဒိုးရီးယားအသင်းဟာ အာဆင်နယ်အသင်းက ကမ်းလှမ်းခြင်းခံထားရတဲ့ သူတို့ရဲ့ ကွင်းလယ်လူ ဒင်းနစ် ပရတ်ကို ရောင်းချဖို့ နှုတ်အားဖြင့် သဘောတူညီခဲ့ကြောင်း ကာယကံရှင် ဘယ်လ်ဂျီယံကစားသမားက ထုတ်ဖော်ပြောဆိုလိုက်ပြီဖြစ်ပါတယ်။

အီတလီမီဒီယာတွေရဲ့ ဖော်ပြချက်တွေအရ ဆမ်ဒိုးရီယားအသင်းဟာ ကစားသမားကို အသင်းကနေ ထွက်ခွာခွင့်ပြုဖို့ သဘောတူညီလိုက်ပြီဖြစ်ပြီး ဘယ်လ်ဂျီယံ ကြယ်ပွင့်ဟာ အာဆင်နယ်အသင်းနဲ့ ပုဂ္ဂိုလ်ရေး အချက်အလက်တွေ ညှိနှိုှုင်းခွင့် ရရှိတော့မှာဖြစ်ပါတယ်။ အာဆင်နယ်အသင်းဟာ အသင်းကနေ ထွက်ခွာသွားပြီဖြစ်တဲ့ ကွင်းလယ်လူ အာရွန် ရမ်ဆေးနေရာမှာ ဒန်းနစ် ပရတ်နဲ့ အစားထိုးဖို့ ဆန္ဒရှိနေတာဖြစ်ပါတယ်။

Tuttosport ရဲ့ ဖော်ပြချက်အရ အဆိုပါကစားသမားနဲ့ စီးရီးအေကလပ်တို့အကြား ယူရို ၂၅ သန်း (ပေါင် ၂၂ သန်း) တန် စာချုပ်ဖျက်သိမ်းခ သဘောတူညီချက် ရှိထားတယ်ဆိုတဲ့ အချက်ကို ငြင်းဆန်ခဲ့တယ်လို့ ဆိုထားပြီး ယူရို ၂၂ သန်း (ပေါင် ၁၉.၅ သန်း) တည်းနဲ့ အသင်းက ထွက်ခွာခွင့်ပေးဖို့ ဆမ်ဒိုးရီးယားဘက်က သဘောတူညီထားတယ်လို့ ရေးသားခဲ့ပါတယ်။

ကစားသမားကိုယ်တိုင်ကလည်း “ကျွန်တော် ထိပ်တန်းလိဂ်တစ်ခုခုက ထိပ်တန်းကလပ်တွေဆီကို ပြောင်းရွှေ့ချင်ခဲ့တာပါ။ အသင်းနဲ့ ကျွန်တော့်အကြားမှာ စာချုပ်ဖျက်သိမ်းခ သဘောတူထားတာ မရှိပါဘူး။ ဒါပေမယ့် ဆမ်ဒိုးရီးယားဘက်က ကျွန်တော့်ကို အသင်းက ထွက်ခွာခွင့်ပေးမယ်လို့ နှုတ်အားဖြင့် သဘောတူညီလိုက်ပါပြီ။ စိတ်ဝင်စားစရာ ကမ်းလှမ်းမှု ရရှိလာချိန်မှာပေါ့” လို့ ဘယ်လ်ဂျီယံ မီဒီယာ Het Laatste Nieuws ကို ပြောဆိုခဲ့ပါတယ်။

အာဆင်နယ်အသင်းဟာ ပရတ်အပြင် ဆမ်ဒိုးရီးယားအသင်းမှာ ကစားနေတဲ့ ဒိန်းမတ်နောက်ခံလူ ဂျိုအာချင် အန်ဒါဆင်ကိုလည်း ခေါ်ယူဖို့ ကမ်းလှမ်းထားပြီး ဆွေးနွေးမှုတွေ ဆက်လက်ပြုလုပ်နေပါတယ်။
Ref: Tuttosport, Football365, Het Laatste Nieuws



အလတ်ဆတ်ဆုံး၊ အတိကျဆုံး အားကစားသတင်းတွေ ဖတ်ဖို့ အောက်ပါ Page ကို Like ထားပါ။
error: Content is protected !!