ပီအက်စ်ဂျီအသင်းကနေ ထွက်ခွာခွင့် တောင်းဆိုထားတဲ့ အမ်ဘာပေ





 

Unicode

 

ရီးရဲလ်မက်ဒရစ်အသင်းရဲ့ ချိတ်ဆက်မှုကို ခံနေရတဲ့ ပီအက်စ်ဂျီအသင်းရဲ့ ကြယ်ပွင့်တိုက်စစ်မှူး ကိုင်လီယန် အမ်ဘာပေဟာ အသင်းကနေ ထွက်ခွာခွင့်ပြုဖို့ တောင်းဆိုမှုပြုလုပ်ထားတယ်လို့ စပိန်ရုပ်သံလိုင်း El Chiringuito ရဲ့ ဖော်ပြချက်ကို ကိုးကားပြီး The Sun က ဖော်ပြခဲ့ပါတယ်။

အသက် ၂၀ အရွယ်တိုက်စစ်မှူး အမ်ဘာပေဟာ ပြီးခဲ့တဲ့ရာသီတုန်းက အရေးပါတဲ့ တိုက်စစ်မှူး နေမာတစ်ယောက် ဒါဏ်ရာပြဿနာတွေနဲ့ ရုံးကန်နေရချိန်မှာ သွင်းဂိုး ၃၇ ဂိုးသွင်းယူကာ ဂိုးဖန်တီးမှု ၁၂ ကြိမ်ဖန်တီးပေးကာ ပီအက်စ်ဂျီအသင်းရဲ့ တိုက်စစ်ကို အဓိက ဦးဆောင်ခဲ့သူဖြစ်ပါတယ်။

အမ်ဘာပေဟာ ပြီးခဲ့တဲ့လတုန်းကတည်းက သူ့ရဲ့ အနာဂတ်ဟာ တခြားတစ်နေနေရာရာမှာ ဖြစ်နိုင်တယ်လို့ ထုတ်ဖော်ပြောဆိုထားသူဖြစ်ပြီး ရီးရဲလ်မက်ဒရစ်အသင်းဟာ သူငယ်စဉ်ကတည်းက နှစ်သက်တဲ့အသင်းဖြစ်တယ်လို့လည်း ဖွင့်ဟထားဖူးသူဖြစ်ပါတယ်။

လက်ရှိမှာတော့ အမ်ဘာပေဟာ အသင်းကနေ ထွက်ခွာချင်နေပြီလို့ ပီအက်စ်ဂျီအသင်းထံ အသိပေး တောင်းဆိုထားပြီဖြစ်ကြောင်း စပိန် တီဗီချန်နယ် El Chiringuito က ဖော်ပြလိုက်ပြီဖြစ်ပါတယ်။ ရီးရဲလ်နည်းပြ ဇီနဒင်း ဇီဒန်းဟာ အီဒင် ဟာဇက်ကို အပြီးသတ် ခေါ်ယူပြီးချိန်ကျရင် အမ်ဘာပေကို ခေါ်ယူဖို့ ဆက်လက်ကြိုးစားသွားဖို့ ရှိနေတယ်လို့လည်း အင်္ဂလိပ် မီဒီယာ The Sun က ဖော်ပြခဲ့ပါတယ်။
Ref: The Sun, Goal, El Chiringuito



အလတ်ဆတ်ဆုံး၊ အတိကျဆုံး အားကစားသတင်းတွေ ဖတ်ဖို့ အောက်ပါ Page ကို Like ထားပါ။
error: Content is protected !!