မန္ယူနဲ႔ ရီးရဲလ္တို႔အတြက္ သတင္းေကာင္းေၾကညာလုိက္တဲ့ အဲရစ္ဆင္

ခ်န္ပီယံလိဂ္ ဗိုလ္လုပြဲေရာက္ စပါးအသင္းက ဒိန္းမတ္ ကြင္းလယ္ၾကယ္ပြင့္ ခရစၥတီယန္ အဲရစ္ဆင္က အေတြ႕အၾကံဳသစ္ေတြ ရယူဖို႔အတြက္ ယခုေႏြရာသီမွာ အသင္းကေန ထြက္ခြာခ်င္ေနျပီျဖစ္တယ္လုိ႔ အတည္ျပဳေျပာၾကားခဲ့ေၾကာင္း Daily Mail ရဲ႕သတင္းအရ သိရပါတယ္။

အေစာပိုင္းကာလေတြတုန္းကတည္းက လိပ္ခဲတည္းလည္းျဖစ္ေနတဲ့ အနာဂတ္ကို အဲရစ္ဆင္ဟာ ေတိက်ေရရာတဲ့ အေျဖထုတ္ေပးလိုက္တာျဖစ္ျပီး သူ႔ကို ေခၚယူဖုိ႔ စိတ္ဝင္စားေနတဲ့ မန္ယူအသင္းနဲ႔ ရီးရဲလ္မက္ဒရစ္အသင္းအတြက္ကေတာ့ သတင္းေကာင္းျဖစ္လာခဲ့ပါတယ္။

အဲရစ္ဆင္ဟာ ေတာ့တင္ဟမ္ေဟာ့စပါးအသင္းနဲ႔ စာခ်ဳပ္သက္တမ္း ေနာက္ဆံုးႏွစ္ထဲကို ေရာက္ရွိေနသူျဖစ္ၿပီး စပါးအသင္းက ကမ္းလွမ္းတဲ့ စာခ်ဳပ္သစ္ကို သေဘာတူညီမႈ မေပးေသးသူျဖစ္ပါတယ္။ အသက္ ၂၇ ႏွစ္အရြယ္ရွိၿပီျဖစ္တဲ့ အဲရစ္ဆင္ဟာ စပါးအသင္းအတြက္ ၆ ရာသီၾကာ ကစားေပးၿပီးေနာက္ အသင္းကေန ထြက္ခြာဖို႔ အခ်ိန္က်လာၿပီလုိ႔ ခံစားေနရတာျဖစ္ပါတယ္။

“ကၽြန္ေတာ့္ရဲ႕ကစားသမားဘဝမွာ အသစ္တစ္စံုတရာကို စမ္းသပ္ၾကည့္္ရမယ့္အခ်ိန္ကို ေရာက္ေနၿပီလုိ႔ ထင္ပါတယ္။ ကၽြန္ေတာ္ စပါးမွာျဖစ္ပ်က္ေနတဲ့ အရာအားလံုးအတြက္ အထိန္းအကြပ္မရွိဆံုး၊ အနက္ရႈိင္းဆံုးေလးစားမႈ ရရွိခဲ့့ပါတယ္။ အဲဒီလိုမွမဟုတ္ရင္ မေကာင္းတဲ့ဘက္ကျဖစ္ပါလိမ့္မယ္။ ဒါေပမယ့္ ကၽြန္ေတာ္ ေျပာသလုိပဲ အသစ္ေတြကို စမ္းသပ္ခ်င္ေနပါတယ္” လို႔ သူကဆိုခဲ့ပါတယ္။

ရီးရဲလ္မက္ဒရစ္အသင္းဟာ ေတာ့တင္ဟမ္ေဟာ့စပါးကြင္းလယ္ၾကယ္ပြင့္ အဲရစ္ဆင္ကို ယခုေႏြရာသီ ျပန္လည္တည္ေဆာက္ေရးလုပ္ငန္းစဥ္ရဲ႕တစ္စိတ္တပိုင္းအျဖစ္ ေခၚယူလုိေနၿပီး မန္ခ်က္စတာယူႏုိက္တက္ကလည္း အဲရစ္ဆင္ကို စိတ္ဝင္စားေနတာျဖစ္ပါတယ္။ အဲရစ္ဆင္က ယခုေႏြရာသီမွာ အသင္းကေန ပိုမုိထြက္ခြာလိုေနတာဟာ ရီးရဲမက္ဒရစ္အသင္းက ေခၚယူဖို႔ စိတ္ဝင္စားေနတာကို သိရွိေနတာေၾကာင့္ျဖစ္တယ္ဆုိတာ သံသယျဖစ္စရာမရွိေၾကာင္း ဝန္ခံေျပာၾကားခဲ့ပါတယ္။

“ေတာ့တင္ဟမ္ သေဘာမက်ႏုိင္တဲ့ အခ်က္ေတြအမ်ားႀကီးမရွိပါဘူး။ တကယ္လို႔ ကၽြန္ေတာ္ သြားရမယ္ဆုိရင္ ေနာက္တဆင့္ကို တက္လွမ္းတာပဲျဖစ္ဖုိ႔ ေမွ်ာ္လင့္မိပါတယ္။ ေနာက္ထပ္တစ္ဆင့္ပါ။ ဒါေပမယ့္ အဲဒါကလည္း ရီးရဲမက္ဒရစ္က ေတာ့တင္ဟမ္ကို ဖုန္းေခၚၿပီး အဲရစ္ဆင္ကို သူတုိ႔လုိခ်င္တယ္ဆုိၿပီး ေျပာဖို႔လိုပါတယ္။ ကၽြန္ေတာ္သိရသေလာက္ကေတာ့ သူတို႔အဲဒီလိုမလုပ္ရေသးပါဘူး။ ၿပီးေတာ့ ေနာက္ထပ္အသင္းေတြလည္း လာဦးမွာပါ။” လို႔ ေျပာၾကားခဲ့ေၾကာင္း Daily Mail က ေဖာ္ျပခဲ့ပါတယ္။
Ref: Goal, Daily Mail

 

Unicode

 

ချန်ပီယံလိဂ် ဗိုလ်လုပွဲရောက် စပါးအသင်းက ဒိန်းမတ် ကွင်းလယ်ကြယ်ပွင့် ခရစ္စတီယန် အဲရစ်ဆင်က အတွေ့အကြုံသစ်တွေ ရယူဖို့အတွက် ယခုနွေရာသီမှာ အသင်းကနေ ထွက်ခွာချင်နေပြီဖြစ်တယ်လို့ အတည်ပြုပြောကြားခဲ့ကြောင်း Daily Mail ရဲ့သတင်းအရ သိရပါတယ်။

အစောပိုင်းကာလတွေတုန်းကတည်းက လိပ်ခဲတည်းလည်းဖြစ်နေတဲ့ အနာဂတ်ကို အဲရစ်ဆင်ဟာ တေိကျရေရာတဲ့ အဖြေထုတ်ပေးလိုက်တာဖြစ်ပြီး သူ့ကို ခေါ်ယူဖို့ စိတ်ဝင်စားနေတဲ့ မန်ယူအသင်းနဲ့ ရီးရဲလ်မက်ဒရစ်အသင်းအတွက်ကတော့ သတင်းကောင်းဖြစ်လာခဲ့ပါတယ်။

အဲရစ်ဆင်ဟာ တော့တင်ဟမ်ဟော့စပါးအသင်းနဲ့ စာချုပ်သက်တမ်း နောက်ဆုံးနှစ်ထဲကို ရောက်ရှိနေသူဖြစ်ပြီး စပါးအသင်းက ကမ်းလှမ်းတဲ့ စာချုပ်သစ်ကို သဘောတူညီမှု မပေးသေးသူဖြစ်ပါတယ်။ အသက် ၂၇ နှစ်အရွယ်ရှိပြီဖြစ်တဲ့ အဲရစ်ဆင်ဟာ စပါးအသင်းအတွက် ၆ ရာသီကြာ ကစားပေးပြီးနောက် အသင်းကနေ ထွက်ခွာဖို့ အချိန်ကျလာပြီလို့ ခံစားနေရတာဖြစ်ပါတယ်။

“ကျွန်တော့်ရဲ့ကစားသမားဘဝမှာ အသစ်တစ်စုံတရာကို စမ်းသပ်ကြည့််ရမယ့်အချိန်ကို ရောက်နေပြီလို့ ထင်ပါတယ်။ ကျွန်တော် စပါးမှာဖြစ်ပျက်နေတဲ့ အရာအားလုံးအတွက် အထိန်းအကွပ်မရှိဆုံး၊ အနက်ရှိုင်းဆုံးလေးစားမှု ရရှိခဲ့ပါတယ်။ အဲဒီလိုမှမဟုတ်ရင် မကောင်းတဲ့ဘက်ကဖြစ်ပါလိမ့်မယ်။ ဒါပေမယ့် ကျွန်တော် ပြောသလိုပဲ အသစ်တွေကို စမ်းသပ်ချင်နေပါတယ်” လို့ သူကဆိုခဲ့ပါတယ်။

ရီးရဲလ်မက်ဒရစ်အသင်းဟာ တော့တင်ဟမ်ဟော့စပါးကွင်းလယ်ကြယ်ပွင့် အဲရစ်ဆင်ကို ယခုနွေရာသီ ပြန်လည်တည်ဆောက်ရေးလုပ်ငန်းစဉ်ရဲ့တစ်စိတ်တပိုင်းအဖြစ် ခေါ်ယူလိုနေပြီး မန်ချက်စတာယူနိုက်တက်ကလည်း အဲရစ်ဆင်ကို စိတ်ဝင်စားနေတာဖြစ်ပါတယ်။ အဲရစ်ဆင်က ယခုနွေရာသီမှာ အသင်းကနေ ပိုမိုထွက်ခွာလိုနေတာဟာ ရီးရဲမက်ဒရစ်အသင်းက ခေါ်ယူဖို့ စိတ်ဝင်စားနေတာကို သိရှိနေတာကြောင့်ဖြစ်တယ်ဆိုတာ သံသယဖြစ်စရာမရှိကြောင်း ဝန်ခံပြောကြားခဲ့ပါတယ်။

“တော့တင်ဟမ် သဘောမကျနိုင်တဲ့ အချက်တွေအများကြီးမရှိပါဘူး။ တကယ်လို့ ကျွန်တော် သွားရမယ်ဆိုရင် နောက်တဆင့်ကို တက်လှမ်းတာပဲဖြစ်ဖို့ မျှော်လင့်မိပါတယ်။ နောက်ထပ်တစ်ဆင့်ပါ။ ဒါပေမယ့် အဲဒါကလည်း ရီးရဲမက်ဒရစ်က တော့တင်ဟမ်ကို ဖုန်းခေါ်ပြီး အဲရစ်ဆင်ကို သူတို့လိုချင်တယ်ဆိုပြီး ပြောဖို့လိုပါတယ်။ ကျွန်တော်သိရသလောက်ကတော့ သူတို့အဲဒီလိုမလုပ်ရသေးပါဘူး။ ပြီးတော့ နောက်ထပ်အသင်းတွေလည်း လာဦးမှာပါ။” လို့ ပြောကြားခဲ့ကြောင်း Daily Mail က ဖော်ပြခဲ့ပါတယ်။
Ref: Goal, Daily Mail



အလတ်ဆတ်ဆုံး၊ အတိကျဆုံး အားကစားသတင်းတွေ ဖတ်ဖို့ အောက်ပါ Page ကို Like ထားပါ။
error: Content is protected !!