လာကာဇက္နဲ႔ အနာဂတ္ကိစၥ ေဆြးေႏြးေတာ့မယ့္ အာဆင္နယ္

အာဆင္နယ္အသင္းဟာ အလက္ဇန္းဒါး လာကာဇက္ရဲ႕ အနာဂတ္ကိစၥကို ေရေရရာရာ ေဆြးေႏြးဖို႔ ကာယကံရွင္ကစားသမားနဲ႔ သူ႔ရဲ႕ ကိုယ္စားလွယ္ေတြနဲ႔ ေတြ႕ဆံု ေဆြးေႏြးသြားဖို႔ စီစဥ္ထားျပီးျဖစ္တယ္လုိ႔ Evening Standard က ေဖာ္ျပခဲ့ပါတယ္။

အသက္ ၂၈ ႏွစ္အရြယ္ ျပင္သစ္တုိက္စစ္မွဴး လာကာဇက္ကို ေခၚယူဖို႔ ဘာစီလိုနာအသင္းနဲ႔ အက္သလက္တီကို မက္ဒရစ္အသင္းတို႔က ခ်ဥ္းကပ္ေနျပီး အာဆင္နယ္အသင္းတာဝန္ရွိသူေတြဘက္က အဆုိပါကစားသမားရဲ႕ စိတ္ဆႏၵကို တိတိက်က် သိရွိလိုေနတာျဖစ္ပါတယ္။

ဘာစီလိုနာအသင္းဟာ လူးဝစ္ ဆြာရက္ဇ္ရဲ႕ ေနရာမွာ လာကာဇက္နဲ႔ အစားထိုးခ်င္ေနျပီး အက္သလက္တီကို မက္ဒရစ္အသင္းကလည္း အသင္းက ထြက္ခြာေတာ့မယ့္ အန္တိြဳင္း ဂရစ္ဇ္မန္းရဲ႕ ေနရာမွာ ၎ကစားသမားနဲ႔ အစားထိုးဖို႔ ဆႏၵရွိေနၾကပါတယ္။

အာဆင္နယ္အသင္းဟာ သူတို႔ရဲ႕ တစ္ႏွစ္တာအေကာင္းဆံုးကစားသမားဆုရွင္ တုိက္စစ္မွဴးကို လက္လႊတ္ခံလိုတဲ့ စိတ္ဆႏၵမရွိပဲ ကစားသမားဘက္က အသင္းမွာ ဆက္ေနဖို႔ ဆႏၵရွိတယ္ဆိုရင္ တစ္ပတ္လုပ္ခ ေပါင္ ၂၅၀၀၀၀ တန္ စာခ်ဳပ္သစ္နဲ႔ ကမ္းလွမ္းသြားမွာျဖစ္ပါတယ္။ လာကာဇက္ရဲ႕ စာခ်ဳပ္သက္တမ္းဟာ ၂၀၂၂ ခုႏွစ္အထိ က်န္ရွိေနေသးေပမယ့္ အာဆင္နယ္အသင္းကေတာ့ ကစားသမားရဲ႕ အနာဂတ္ စိတ္ခ်ရေအာင္ စာခ်ဳပ္သက္တမ္းတိုးျမွင့္ထားဖို႔ ဆႏၵရွိေနတာျဖစ္ပါတယ္။

အသင္းက ေနာက္ထပ္တုိက္စစ္မွဴး တစ္ေယာက္ျဖစ္တဲ့ အူဘာမီယန္းကို တရုတ္ကလပ္ေတြက ျမင့္မားတဲ့ လစာႏႈန္းထားနဲ႔ ကမ္းလွမ္းထားျပီး ကစားသမားကိုယ္တုိင္ကလည္း မတင္မက် အေျခအေနမ်ိဳး ျဖစ္လာေနတာမို႔ အာဆင္နယ္အသင္းက လက္က်န္တုိက္စစ္မွဴး လာကာဇက္ကို အသင္းမွာ ဆက္လက္ထိမ္းသိမ္းထားႏုိင္ဖို႔ ၾကိဳးပမ္းလာတာျဖစ္ပါတယ္။
Ref: Evening Standard

 

Unicode

 

အာဆင်နယ်အသင်းဟာ အလက်ဇန်းဒါး လာကာဇက်ရဲ့ အနာဂတ်ကိစ္စကို ရေရေရာရာ ဆွေးနွေးဖို့ ကာယကံရှင်ကစားသမားနဲ့ သူ့ရဲ့ ကိုယ်စားလှယ်တွေနဲ့ တွေ့ဆုံ ဆွေးနွေးသွားဖို့ စီစဉ်ထားပြီးဖြစ်တယ်လို့ Evening Standard က ဖော်ပြခဲ့ပါတယ်။

အသက် ၂၈ နှစ်အရွယ် ပြင်သစ်တိုက်စစ်မှူး လာကာဇက်ကို ခေါ်ယူဖို့ ဘာစီလိုနာအသင်းနဲ့ အက်သလက်တီကို မက်ဒရစ်အသင်းတို့က ချဉ်းကပ်နေပြီး အာဆင်နယ်အသင်းတာဝန်ရှိသူတွေဘက်က အဆိုပါကစားသမားရဲ့ စိတ်ဆန္ဒကို တိတိကျကျ သိရှိလိုနေတာဖြစ်ပါတယ်။

ဘာစီလိုနာအသင်းဟာ လူးဝစ် ဆွာရက်ဇ်ရဲ့ နေရာမှာ လာကာဇက်နဲ့ အစားထိုးချင်နေပြီး အက်သလက်တီကို မက်ဒရစ်အသင်းကလည်း အသင်းက ထွက်ခွာတော့မယ့် အန်တွိုင်း ဂရစ်ဇ်မန်းရဲ့ နေရာမှာ ၎င်းကစားသမားနဲ့ အစားထိုးဖို့ ဆန္ဒရှိနေကြပါတယ်။

အာဆင်နယ်အသင်းဟာ သူတို့ရဲ့ တစ်နှစ်တာအကောင်းဆုံးကစားသမားဆုရှင် တိုက်စစ်မှူးကို လက်လွှတ်ခံလိုတဲ့ စိတ်ဆန္ဒမရှိပဲ ကစားသမားဘက်က အသင်းမှာ ဆက်နေဖို့ ဆန္ဒရှိတယ်ဆိုရင် တစ်ပတ်လုပ်ခ ပေါင် ၂၅၀၀၀၀ တန် စာချုပ်သစ်နဲ့ ကမ်းလှမ်းသွားမှာဖြစ်ပါတယ်။ လာကာဇက်ရဲ့ စာချုပ်သက်တမ်းဟာ ၂၀၂၂ ခုနှစ်အထိ ကျန်ရှိနေသေးပေမယ့် အာဆင်နယ်အသင်းကတော့ ကစားသမားရဲ့ အနာဂတ် စိတ်ချရအောင် စာချုပ်သက်တမ်းတိုးမြှင့်ထားဖို့ ဆန္ဒရှိနေတာဖြစ်ပါတယ်။

အသင်းက နောက်ထပ်တိုက်စစ်မှူး တစ်ယောက်ဖြစ်တဲ့ အူဘာမီယန်းကို တရုတ်ကလပ်တွေက မြင့်မားတဲ့ လစာနှုန်းထားနဲ့ ကမ်းလှမ်းထားပြီး ကစားသမားကိုယ်တိုင်ကလည်း မတင်မကျ အခြေအနေမျိုး ဖြစ်လာနေတာမို့ အာဆင်နယ်အသင်းက လက်ကျန်တိုက်စစ်မှူး လာကာဇက်ကို အသင်းမှာ ဆက်လက်ထိမ်းသိမ်းထားနိုင်ဖို့ ကြိုးပမ်းလာတာဖြစ်ပါတယ်။
Ref: Evening Standard



အလတ်ဆတ်ဆုံး၊ အတိကျဆုံး အားကစားသတင်းတွေ ဖတ်ဖို့ အောက်ပါ Page ကို Like ထားပါ။
error: Content is protected !!