နံနက္ခင္းသတင္းတိုမ်ား

၁။ အက္သလက္တီကို မက္ဒရစ္အသင္းရဲ႕ ကြင္းလယ္လူ ေသာမတ္ ပါေတးရဲ႕ ဖခင္ျဖစ္သူက သူ႔ရဲ႕ သားဟာ အဂၤလန္မွာ သြားေရာက္စားဖို႔ စိတ္ဆႏၵရွိနတယ္လို႔ ထုတ္ေဖာ္ေျပာဆိုလိုက္ပါတယ္။ အက္သလက္တီကို မက္ဒရစ္အသင္းဟာ အဆုိပါကစားသမားရဲ႕ စာခ်ဳပ္ဖ်က္သိမ္းခကို ေပါင္ ၄၄ သန္း သတ္မွတ္ထားျပီး အာဆင္နယ္အသင္းနဲ႔ မန္ယူအသင္းေတြက ေခၚယူဖုိ႔ စိတ္ဝင္စားေနပါတယ္။

၂။ စပါးအသင္းရဲ႕ ကြင္းလယ္လူ ခရစၥတီယန္ အဲရစ္ဆင္ဟာ အသင္းကေန ထြက္ခြာေတာ့မယ္လို႔ အတိတလင္း ေၾကညာထားေပမယ့္ အသင္းပိုင္ရွင္ ဒန္နီယယ္ လီဗိုင္းကေတာ့ အဆုိပါ ကစားသမားကို ေရာင္းခ်ဖို႔ စိတ္ဆႏၵမရွိျဖစ္ေနတယ္လုိ႔ The Mirror က ေဖာ္ျပခဲ့ပါတယ္။ အဲရစ္ဆင္ဟာ စပါးအသင္းနဲ႔ စာခ်ဳပ္သက္တမ္း ၁ ႏွစ္သာက်န္ရွိေတာ့ျပီး စာခ်ဳပ္သစ္ ခ်ဳပ္ဆိုဖို႔ ျငင္းဆန္ထားပါတယ္။

၃။ အာဆင္နယ္ပရိသတ္ေတြကို စုိးရိမ္ေစခဲ့တဲ့ အျပဳအမူတစ္ခုကို တိုက္စစ္မွဴး ေအာ္ဘာမီယန္းက ျပဳလုပ္သြားခဲ့ျပီ ျဖစ္ပါတယ္။ ကလပ္အသင္းအမ်ားအျပားရဲ႕ ခ်ဥ္းကပ္မႈေတြနဲ႔ ကမ္းလွမ္းမႈေတြကို လက္ခံရရွိထားတဲ့ ေအာ္ဘာမီယန္းက သူ႔ရဲ႕ အင္စတာဂရမ္မွာ အာဆင္နယ္ဂ်ာစီ၀တ္ဆင္ထားတဲ့ ရုပ္ပံုနဲ႔ သူ႔ရဲ႕ Bio အေၾကာင္းကို ေဖာ္ျပထားမႈမွာ “အာဆင္နယ္” ဆိုတဲ့ နာမည္ကို ယခင္တုန္းက ထည့္သြင္းထားခဲ့ေပမယ့္ လက္ရွိမွာ ဓာတ္ပံုကိုေရာ၊ အဆိုပါစာသားကိုပါ ရုတ္တရက္ ဖယ္ရွားသြားခဲ့တာျဖစ္တယ္လုိ႔ သိရျပီး အဲဒီအေပၚမွာ အာဆင္နယ္ပရိသတ္ေတြက စိုးရိမ္ေနၾကတာ ျဖစ္ပါတယ္။

၄။ လိုင္ယြန္အသင္းဟာ အသင္းရဲ႕ေနာက္ခံကစားသမား ဖာလန္း မန္ဒီကို ရီးရဲမက္ဒရစ္အသင္းထံ ေရာင္းခ်ဖို႔ သေဘာတူညီမႈရရွိခဲ့ၿပီဆုိတဲ့သတင္းေတြကို အသင္းရဲ႕တြစ္တာအေကာင့္ကေနတဆင့္ တရားဝင္ျငင္းပယ္သြားခဲဲ့ပါတယ္။ မန္ဒီဟာ လုိင္ယြန္အသင္းမွာ ၂ ရာသီၾကာကစားေပးခဲ့ၿပီးေနာက္ ယခုေႏြရာသီမွာ ရီးရဲမက္ဒရစ္အသင္းကို ယူရိုသန္း ၅၀ နဲ႔ ေျပာင္းေရႊ႕ေတာ့မယ္လို႔ သတင္းေတြထြက္ေပၚေနသူျဖစ္ပါတယ္။ ဒါေပမယ့္လည္း လုိင္ယြန္အသင္းက “လုိင္ယြန္အသင္းအေနနဲ႔ ျပင္သစ္လက္ေရြးစင္ေနာက္ခံကစားသမား ဖာလန္းမန္ဒီအတြက္ ရီးရဲမက္ဒရစ္အသင္းနဲ႔ သေဘာတူညီမႈရရွိခဲ့ၿပီးၿပီလို႔ ေဖာ္ျပေနၾကတဲ့ အခ်ိဳ႕မီဒီယာေတြရဲ႕ သတင္းေတြကုိ ျငင္းပယ္ပါတယ္”လုိ႔ တြစ္တာအေကာင့္ကေန ထုတ္ျပန္ေၾကညာခဲ့ပါတယ္။

၅။ ဘာစီလိုနာအသင္းရဲ႕ ေနာက္ခံလူ ဆမ္ျမဴရယ္ အမ္တီတီက သူ႔အတြက္ ကမ္းလွမ္းလာတဲ့ ကမ္းလွမ္းမႈေတြကို ပယ္ခ်ပစ္ဖို႔ ဘာစီလိုနာအသင္းထံ ေတာင္းဆိုလုိက္ပါတယ္။ အဆုိပါ ကစားသမားကို အာဆင္နယ္၊ မန္ယူစတဲ့အသင္းေတြက ေခၚယူဖုိ႔ ဆႏၵရွိေနျပီး ဘာစီလိုနာအသင္းကလည္း အေျပာင္းအေရႊ႕ ဘက္ဂ်က္တိုးျမွင့္ႏုိင္ဖို႔အတြက္ ေရာင္းထုတ္ခ်င္ေနေပမယ့္ ျပင္သစ္သားကေတာ့ ႏူကမ့္ပ္မွာ ဆက္ေနဖို႔ကိုသာ ဆႏၵရွိေနတာျဖစ္ပါတယ္။

၆။ နာပိုလီအသင္းဟာ မန္ခ်က္စတာယူႏုိက္တက္အသင္းရဲ႕ တုိက္စစ္မွဴး ရိုမီယူ လူကာကူကို ေခၚယူဖုိ႔အတြက္ ၾကိဳးပမ္းေနတဲ့ အသင္းေတြထဲမွာ တစ္သင္းအပါအဝင္ျဖစ္လာခဲ့ျပီျဖစ္ပါတယ္။ စီးရီးေအျပိဳင္ဘက္ အင္တာမီလန္အသင္းဟာ လူကာကူကို ေခၚယူဖို႔ ၾကိဳးပမ္းေနျပီး နာပိုလီအသင္းကလည္း ေခၚယူဖို႔ အျပိဳင္ၾကိဳးပမ္းလာတာျဖစ္ပါတယ္။ နာပိုလီအသင္းဟာ လူကာကူအတြက္ ေျပာင္းေရႊ႕ေၾကး ယူရို သန္း ၇၀ (ေပါင္ ၆၂ သန္း) နဲ႔ ကမ္းလွမ္းသြားဖို႔ရွိေနပါတယ္။

၇။ ရီးရဲလ္မက္ဒရစ္အသင္းဟာ ျပင္သစ္လက္ေရြးစင္ ကစားသမားေတြျဖစ္ၾကတဲ့ ကိုင္လီယန္ အမ္ဘာေပနဲ႔ ကြင္းလယ္လူ ေပါလ္ ေပါ့ဘာတို႔ကို ေခၚယူဖုိ႔ ၾကိဳးပမ္းေနဆဲျဖစ္တယ္လုိ႔ သိရပါတယ္။ ျပင္သစ္သတင္းစာ L’Equipe ရဲ႕ ေဖာ္ျပခ်က္အရ နည္းျပ ဇီဒန္းဟာ အီဒင္ ဟာဇက္ကို ေခၚယူမႈ အျပည့္အဝ အျပီးသတ္ႏုိင္တာနဲ႔ အဆုိပါ ကစားသမား ၂ ဦးကို ဆက္လက္ၾကိဳးပမ္းသြားဖို႔ရွိေနတယ္လုိ႔ သိရပါတယ္။

၈။ ဘိုင္ယန္ျမဴးနစ္အသင္းရဲ႕ စီအီးအို ကားလ္-ဟိန္႔ဇ္ ရူမင္နစ္ဂီက ဆာေနးသာ သူတို႔အသင္းကို ေျပာင္းေရႊ႕လာဖို႔ အမွန္တကယ္ ဆႏၵရွိမယ္ဆိုရင္ သူတိုအေနနဲ႔ မရရေအာင္ ေခၚယူသြားမယ္လုိ႔ ေျပာဆိုလိုက္ပါတယ္။ လက္ရွိမွာ ဆာေနးကို ေခၚယူဖို႔ ဘုိင္ယန္ျမဴးနစ္အသင္းရဲ႕ ၾကိဳးပမ္းမႈေတြကို မန္စီးတီးအသင္းက ျငင္းဆန္ပယ္ခ်ထားပါတယ္။

၉။ ေမာ္ရီဇီယို ဆာရီတစ္ေယာက္ ဂ်ဴဗင္တပ္အသင္းကို ေျပာင္းေရႊ႕ဖို႔ ကိစၥဟာ ခ်ယ္လ္ဆီးအသင္းဘက္က ေလ်ာ္ေၾကးေငြ ေတာင္းဆိုေနတာေၾကာင့္ ေရွ႕မတက္ႏုိင္ပဲ တန္႔ေနတယ္လုိ႔ Sky Sport က ေဖာျ္ပခဲ့ပါတယ္။ ခ်ယ္လ္ဆီးအသင္းဟာ ဆာရီအတြက္ စာခ်ဳပ္ဖ်က္သိမ္းခ ေပါင္ ၅.၃ သန္း အလိုရွိေနတာျဖစ္ပါတယ္။

၁၀။ လီဗာပူးလ္အသင္းဟာ ကာဒစ္ဖ္အသင္းက ဂိုးသမား ေနးလ္ အီသာရစ္ခ်္ကို ေခၚယူဖို႔ ခ်ဥ္းကပ္မႈ ျပဳလုပ္ခဲ့တယ္လုိ႔ Goal က ေဖာ္ျပခဲ့ပါတယ္။ အသင္းကေန ဘယ္လ္ဂ်ီယံ ဂိုးသမား မစ္ဂႏိုလက္နဲ႔ ဂ်ာမနီဂိုးသမား ကားရီးယ္စ္တို႔ ထြက္ခြာေတာ့မွာျဖစ္တာေၾကာင့္ အရံဂိုးသမားသစ္ ရွာေဖြေနတဲ့ လီဗာပူးလ္အသင္းဟာ အဆုိပါ ဖိလစ္ပိုင္လက္ေရြးစင္ဂိုးသမားကို ေခၚယူဖုိ႔ အၾကီးအက်ယ္ စိတ္ဝင္စားေနပါတယ္။

 

Unicode

 

၁။ အက်သလက်တီကို မက်ဒရစ်အသင်းရဲ့ ကွင်းလယ်လူ သောမတ် ပါတေးရဲ့ ဖခင်ဖြစ်သူက သူ့ရဲ့ သားဟာ အင်္ဂလန်မှာ သွားရောက်စားဖို့ စိတ်ဆန္ဒရှိနတယ်လို့ ထုတ်ဖော်ပြောဆိုလိုက်ပါတယ်။ အက်သလက်တီကို မက်ဒရစ်အသင်းဟာ အဆိုပါကစားသမားရဲ့ စာချုပ်ဖျက်သိမ်းခကို ပေါင် ၄၄ သန်း သတ်မှတ်ထားပြီး အာဆင်နယ်အသင်းနဲ့ မန်ယူအသင်းတွေက ခေါ်ယူဖို့ စိတ်ဝင်စားနေပါတယ်။

၂။ စပါးအသင်းရဲ့ ကွင်းလယ်လူ ခရစ္စတီယန် အဲရစ်ဆင်ဟာ အသင်းကနေ ထွက်ခွာတော့မယ်လို့ အတိတလင်း ကြေညာထားပေမယ့် အသင်းပိုင်ရှင် ဒန်နီယယ် လီဗိုင်းကတော့ အဆိုပါ ကစားသမားကို ရောင်းချဖို့ စိတ်ဆန္ဒမရှိဖြစ်နေတယ်လို့ The Mirror က ဖော်ပြခဲ့ပါတယ်။ အဲရစ်ဆင်ဟာ စပါးအသင်းနဲ့ စာချုပ်သက်တမ်း ၁ နှစ်သာကျန်ရှိတော့ပြီး စာချုပ်သစ် ချုပ်ဆိုဖို့ ငြင်းဆန်ထားပါတယ်။

၃။ အာဆင်နယ်ပရိသတ်တွေကို စိုးရိမ်စေခဲ့တဲ့ အပြုအမူတစ်ခုကို တိုက်စစ်မှူး အော်ဘာမီယန်းက ပြုလုပ်သွားခဲ့ပြီ ဖြစ်ပါတယ်။ ကလပ်အသင်းအများအပြားရဲ့ ချဉ်းကပ်မှုတွေနဲ့ ကမ်းလှမ်းမှုတွေကို လက်ခံရရှိထားတဲ့ အော်ဘာမီယန်းက သူ့ရဲ့ အင်စတာဂရမ်မှာ အာဆင်နယ်ဂျာစီဝတ်ဆင်ထားတဲ့ ရုပ်ပုံနဲ့ သူ့ရဲ့ Bio အကြောင်းကို ဖော်ပြထားမှုမှာ “အာဆင်နယ်” ဆိုတဲ့ နာမည်ကို ယခင်တုန်းက ထည့်သွင်းထားခဲ့ပေမယ့် လက်ရှိမှာ ဓာတ်ပုံကိုရော၊ အဆိုပါစာသားကိုပါ ရုတ်တရက် ဖယ်ရှားသွားခဲ့တာဖြစ်တယ်လို့ သိရပြီး အဲဒီအပေါ်မှာ အာဆင်နယ်ပရိသတ်တွေက စိုးရိမ်နေကြတာ ဖြစ်ပါတယ်။

၄။ လိုင်ယွန်အသင်းဟာ အသင်းရဲ့နောက်ခံကစားသမား ဖာလန်း မန်ဒီကို ရီးရဲမက်ဒရစ်အသင်းထံ ရောင်းချဖို့ သဘောတူညီမှုရရှိခဲ့ပြီဆိုတဲ့သတင်းတွေကို အသင်းရဲ့တွစ်တာအကောင့်ကနေတဆင့် တရားဝင်ငြင်းပယ်သွားခဲ့ပါတယ်။ မန်ဒီဟာ လိုင်ယွန်အသင်းမှာ ၂ ရာသီကြာကစားပေးခဲ့ပြီးနောက် ယခုနွေရာသီမှာ ရီးရဲမက်ဒရစ်အသင်းကို ယူရိုသန်း ၅၀ နဲ့ ပြောင်းရွှေ့တော့မယ်လို့ သတင်းတွေထွက်ပေါ်နေသူဖြစ်ပါတယ်။ ဒါပေမယ့်လည်း လိုင်ယွန်အသင်းက “လိုင်ယွန်အသင်းအနေနဲ့ ပြင်သစ်လက်ရွေးစင်နောက်ခံကစားသမား ဖာလန်းမန်ဒီအတွက် ရီးရဲမက်ဒရစ်အသင်းနဲ့ သဘောတူညီမှုရရှိခဲ့ပြီးပြီလို့ ဖော်ပြနေကြတဲ့ အချို့မီဒီယာတွေရဲ့ သတင်းတွေကို ငြင်းပယ်ပါတယ်”လို့ တွစ်တာအကောင့်ကနေ ထုတ်ပြန်ကြေညာခဲ့ပါတယ်။

၅။ ဘာစီလိုနာအသင်းရဲ့ နောက်ခံလူ ဆမ်မြူရယ် အမ်တီတီက သူ့အတွက် ကမ်းလှမ်းလာတဲ့ ကမ်းလှမ်းမှုတွေကို ပယ်ချပစ်ဖို့ ဘာစီလိုနာအသင်းထံ တောင်းဆိုလိုက်ပါတယ်။ အဆိုပါ ကစားသမားကို အာဆင်နယ်၊ မန်ယူစတဲ့အသင်းတွေက ခေါ်ယူဖို့ ဆန္ဒရှိနေပြီး ဘာစီလိုနာအသင်းကလည်း အပြောင်းအရွှေ့ ဘက်ဂျက်တိုးမြှင့်နိုင်ဖို့အတွက် ရောင်းထုတ်ချင်နေပေမယ့် ပြင်သစ်သားကတော့ နူကမ့်ပ်မှာ ဆက်နေဖို့ကိုသာ ဆန္ဒရှိနေတာဖြစ်ပါတယ်။

၆။ နာပိုလီအသင်းဟာ မန်ချက်စတာယူနိုက်တက်အသင်းရဲ့ တိုက်စစ်မှူး ရိုမီယူ လူကာကူကို ခေါ်ယူဖို့အတွက် ကြိုးပမ်းနေတဲ့ အသင်းတွေထဲမှာ တစ်သင်းအပါအဝင်ဖြစ်လာခဲ့ပြီဖြစ်ပါတယ်။ စီးရီးအေပြိုင်ဘက် အင်တာမီလန်အသင်းဟာ လူကာကူကို ခေါ်ယူဖို့ ကြိုးပမ်းနေပြီး နာပိုလီအသင်းကလည်း ခေါ်ယူဖို့ အပြိုင်ကြိုးပမ်းလာတာဖြစ်ပါတယ်။ နာပိုလီအသင်းဟာ လူကာကူအတွက် ပြောင်းရွှေ့ကြေး ယူရို သန်း ၇၀ (ပေါင် ၆၂ သန်း) နဲ့ ကမ်းလှမ်းသွားဖို့ရှိနေပါတယ်။

၇။ ရီးရဲလ်မက်ဒရစ်အသင်းဟာ ပြင်သစ်လက်ရွေးစင် ကစားသမားတွေဖြစ်ကြတဲ့ ကိုင်လီယန် အမ်ဘာပေနဲ့ ကွင်းလယ်လူ ပေါလ် ပေါ့ဘာတို့ကို ခေါ်ယူဖို့ ကြိုးပမ်းနေဆဲဖြစ်တယ်လို့ သိရပါတယ်။ ပြင်သစ်သတင်းစာ L’Equipe ရဲ့ ဖော်ပြချက်အရ နည်းပြ ဇီဒန်းဟာ အီဒင် ဟာဇက်ကို ခေါ်ယူမှု အပြည့်အဝ အပြီးသတ်နိုင်တာနဲ့ အဆိုပါ ကစားသမား ၂ ဦးကို ဆက်လက်ကြိုးပမ်းသွားဖို့ရှိနေတယ်လို့ သိရပါတယ်။

၈။ ဘိုင်ယန်မြူးနစ်အသင်းရဲ့ စီအီးအို ကားလ်-ဟိန့်ဇ် ရူမင်နစ်ဂီက ဆာနေးသာ သူတို့အသင်းကို ပြောင်းရွှေ့လာဖို့ အမှန်တကယ် ဆန္ဒရှိမယ်ဆိုရင် သူတိုအနေနဲ့ မရရအောင် ခေါ်ယူသွားမယ်လို့ ပြောဆိုလိုက်ပါတယ်။ လက်ရှိမှာ ဆာနေးကို ခေါ်ယူဖို့ ဘိုင်ယန်မြူးနစ်အသင်းရဲ့ ကြိုးပမ်းမှုတွေကို မန်စီးတီးအသင်းက ငြင်းဆန်ပယ်ချထားပါတယ်။

၉။ မော်ရီဇီယို ဆာရီတစ်ယောက် ဂျူဗင်တပ်အသင်းကို ပြောင်းရွှေ့ဖို့ ကိစ္စဟာ ချယ်လ်ဆီးအသင်းဘက်က လျော်ကြေးငွေ တောင်းဆိုနေတာကြောင့် ရှေ့မတက်နိုင်ပဲ တန့်နေတယ်လို့ Sky Sport က ဖောြ်ပခဲ့ပါတယ်။ ချယ်လ်ဆီးအသင်းဟာ ဆာရီအတွက် စာချုပ်ဖျက်သိမ်းခ ပေါင် ၅.၃ သန်း အလိုရှိနေတာဖြစ်ပါတယ်။

၁၀။ လီဗာပူးလ်အသင်းဟာ ကာဒစ်ဖ်အသင်းက ဂိုးသမား နေးလ် အီသာရစ်ချ်ကို ခေါ်ယူဖို့ ချဉ်းကပ်မှု ပြုလုပ်ခဲ့တယ်လို့ Goal က ဖော်ပြခဲ့ပါတယ်။ အသင်းကနေ ဘယ်လ်ဂျီယံ ဂိုးသမား မစ်ဂနိုလက်နဲ့ ဂျာမနီဂိုးသမား ကားရီးယ်စ်တို့ ထွက်ခွာတော့မှာဖြစ်တာကြောင့် အရံဂိုးသမားသစ် ရှာဖွေနေတဲ့ လီဗာပူးလ်အသင်းဟာ အဆိုပါ ဖိလစ်ပိုင်လက်ရွေးစင်ဂိုးသမားကို ခေါ်ယူဖို့ အကြီးအကျယ် စိတ်ဝင်စားနေပါတယ်။



အလတ်ဆတ်ဆုံး၊ အတိကျဆုံး အားကစားသတင်းတွေ ဖတ်ဖို့ အောက်ပါ Page ကို Like ထားပါ။
error: Content is protected !!