၅၊ ၆၊ ၂၀၁၉ အေျပာင္းအေရႊ႕ရပ္ဝန္း သတင္းတိုမ်ား

၁။ ဖီနာဘာခ်ီအသင္းရဲ႕ အားကစားဒါရိုက္တာ ေဒမီယန္ ကိုမိုလီဟာ အာဆင္နယ္အသင္းက ေလာရင့္ ကိုစီယယ္နီနဲ႔ မုိဟာမက္ အယ္လ္နီနီတို႔ကို ေခၚယူဖုိ႔ လန္ဒန္ကလပ္က တာဝန္ရွိသူေတြနဲ႔ ေဆြးေႏြးမႈ ျပဳလုပ္ေနပါတယ္။ တူရကီမီဒီယာေတြရဲ႕ ေဖာ္ျပခ်က္အရ ကိုမိုလီဟာ ယူရိုပါလိဂ္ဖိုင္နယ္ပြဲစဥ္ကစားေေနစဥ္တုန္းကလည္း အဆုိပါကိစၥ ေဆြးေႏြးဖို႔အတြက္ ဘာကူျမိဳ႕ကိုလာေရာက္ခဲ့ေသးတယ္လို႔ သိရပါတယ္။ အာဆင္နယ္အသင္းဟာ အဆုိပါကစားသမား ၂ ဦးလံုးအတြက္ သင့္ေလ်ာ္တဲ့ ေျပာင္းေရႊ႕ေၾကး ရရွိရင္ လက္လႊတ္သြားဖို႔ ဆံုးျဖတ္ထားျပီးျဖစ္ပါတယ္။

၂။ ဝါဒါဘရီမင္အသင္းရဲ႕ အားကစားဒါရိုက္တာ ဖရန္႔ ေဘာမန္းက အသင္းက ဂိုးသမား ဂ်ီရီ ပါဗ္လန္ကာကို ေရာင္းခ်ဖို႔ အစီအစဥ္လံုးဝမရွိဘူးလို႔ ယတိျပတ္ ျငင္းဆိုလိုက္ပါတယ္။ အဆိုပါ ၂၇ ႏွစ္အရြယ္ ဂိုးသမားကို ေခၚယူဖုိ႔ လီဗာပူးလ္အသင္းက ခ်ဥ္းကပ္ေနပါတယ္။

၃။ မန္ခ်က္စတာယူႏိုက္တက္အသင္းဟာ စပို႔တင္း လစၥဘြန္းအသင္းက ကြင္းလယ္လူ ဘရူႏို ဖာနန္ဒက္စ္ကို ေခၚယူဖို႔အတြက္ ေျပာင္းေရႊ႕ေၾကး ယူရို သန္း ၈၀ နဲ႔ စတင္ကမ္းလွမ္းလုိက္ျပီျဖစ္ပါတယ္။ မန္ယူအသင္း ကမ္းလွမ္းတဲ့ ယူရို သန္း ၈၀ မွာ ၅၅ သန္းက ကနဦးေျပာင္းေရႊ႕ေၾကးျဖစ္ျပီးေတာ့ က်န္ ၂၅ သန္းက ပြဲကစားခြင့္နဲ႔ ေအာင္ပြဲအေပၚ မူတည္ျပီး ေပးေခ်မယ့္ ထပ္မံေပးေခ်ရမယ့္ ဆုေၾကးေငြ ျဖစ္ပါတယ္။

၄။ ဝက္စ္ဟမ္းအသင္းရဲ႕ တုိက္စစ္မွဴး မာကို အာႏိုတိုဗစ္ဟာ အင္တာမီလန္ နည္းျပသစ္ ကြန္တီရဲ႕ ပစ္မွတ္စာရင္းမွာ ပါဝင္လာပါတယ္။ ကြန္တီဟာ ထိပ္တန္းတုိက္စစ္မွဴးေတြကို ေခၚယူရာမွာ အဆင္မေျပခဲ့ရင္ အာႏိုတိုဗစ္ကို ေခၚယူဖို႔ စီစဥ္ေနပါတယ္။

၅။ ဂ်ိမ္းစ္ ရိုဒရီဂြက္ဇ္ဟာ ဘိုင္ယန္ျမဴးနစ္ကို လံုးဝ ျပန္သြားေတာ့မွာမဟုတ္ဘူးလို႔ အဆုိပါ ဂ်ာမန္ကလပ္ရဲ႕ စီအီးအို ရူမင္နစ္ဂီက အတည္ျပဳေျပာဆိုခဲ့ပါတယ္။ ဘုိင္ယန္ျမဴးနစ္အသင္းဟာ ယူရို ၄၂ သန္းနဲ႔ အဆုိပါကစားသမားကို ေခၚယူခြင့္ရွိေနေပမယ့္ မေခၚယူဖို႔ ဆံုးျဖတ္လုိက္တာျဖစ္ပါတယ္။

၆။ ကြင္းလယ္တုိက္စစ္ အားျဖည့္ဖို႔ ျပင္ဆင္ေနတဲ့ ခ်န္ပီယံလိဂ္ ခ်န္ပီယံ လီဗာပူးလ္အသင္းဟာ ေအဂ်က္စ္အသင္းက ၾကယ္ပြင့္ ဒြန္နီ ဗန္ဒီဘိခ္ကို ေခၚယူဖုိ႔ စိတ္ဝင္စားေနပါတယ္။ ေအဂ်က္စ္အသင္းက အဆုိပါကစားသမားအတြက္ ေျပာင္းေရႊ႕ေၾကး ေပါင္ ၄၉ သန္း အလိုရွိေနပါတယ္။

၇။ စပါးအသင္းဟာ ဘက္တစ္အသင္းက အာဂ်င္တီးနား ကြင္းလယ္လူ ဂီယိုဗန္နီ လိုဆယ္ဆိုကို ေခၚယူႏုိင္ဖို႔ အျပင္းအထန္ ၾကိဳးပမ္းေနပါတယ္။ လာလီဂါကလပ္ဘကက္ေတာ့ ေျပာင္းေရႊ႕ေၾကး ေပါင္ သန္း ၇၀ နဲ႔ ကမ္းလွမ္းလာခဲ့မယ္ဆိုရင္ လက္ခံသြားဖို႔ အဆင္သင့္ရွိေနပါတယ္။

၈။ BBC ရဲ႕ သတင္းအရ မန္ခ်က္စတာ စီးတီးအသင္းဟာ အသင္းက ကြင္းလယ္ ၾကယ္ပြင့္ ေဒးဗစ္ ေဆးလ္ဗားအသင္းကေန ထြက္ခြာမသြားဖို႔ ေမွ်ာ္လင့္ေနပါတယ္။ ေဆးလ္ဗားဟာ လာမယ့္ ၂၀၂၀ ခုႏွစ္မွာ စာခ်ဳပ္သက္တမ္းကုန္ဆံုးေတာ့မွာျဖစ္ေပမယ့္ မန္စီးတီးနည္းျပ ပပ္ ဂြာဒီယိုလာကေတာ့ အဆုိပါ စပိန္သားကို စာခ်ဳပ္သက္တမ္းတိုးျမွင့္ျပီး အသင္းမွာ ဆက္လက္ထိမ္းသိမ္းထားႏုိင္ဖို႔ ေမွ်ာ္လင့္ေနပါတယ္။

၉။ နာပုိလီအသင္းဟာ သူတို႔ရဲ႕ အဓိက ေနာက္ခံလူ ကာလီဒူ ကူလီဘလီအတြက္ စာခ်ဳပ္ဖ်က္သိမ္းခ ယူရို သန္း ၁၅၀ (ေပါင္ ၁၃၃ သန္း) ထက္ ပိုမိုနည္းပါးတဲ့ တန္ေၾကးနဲ႔ ကမ္းလွမ္းမႈေတြ ရွိလာရင္ လက္ခံစဥ္းစားမွာမဟုတ္ဘူးလို႔ သိရပါတယ္။ Corriere dello Sport ရဲ႕ ေဖာ္ျပခ်က္အရ မန္ယူ၊ ရီးရဲလ္နဲ႔ဂ်ဴဗင္တပ္တို႔ဟာ အဆုိပါ ၂၇ ႏွစ္သားကို ေခၚယူဖုိ႔ စိတ္ဆႏၵရွိေနၾကေပမယ့္ နာပိုလီေတာင္းဆိုတဲ့ တန္ေၾကးကို ေပးေခ်ဖို႔ အခက္ေတြ႕ေနၾကပါတယ္။

၁၀။ ဖီအိုရင္တီးနားအသင္းဟာ နယူးေယာက္ ေကာ့စ္ေမာ့စ္အသင္းပိုင္ရွင္ ဘီလီယံနာ ေရာ့ကို ကြန္မစ္ဆိုရဲ႕ လက္ေအာက္ကို ေရာက္ရွိဖုိ႔ ေသခ်ာေနျပီျဖစ္ပါတယ္။ ANSA ရဲ႕ သတင္းအရ ေပါင္ ၃.၇ ဘီလီယံ ၾကြယ္ဝတဲ့ အဆုိပါ အေမရိကန္သားဟာ လက္ရွိပိုင္ရွင္ေတြျဖစ္ၾကတဲ့ ဒီေယဂို ဒယ္လာ ဗယ္လီနဲ႔ အန္ဒရီယာ ဒယ္လာ ဗယ္လီတို႔နဲ႔ ျပီးခဲ့တဲ့ အဂၤါေန႔တုန္းက ေဆြးေႏြးမႈ ျပဳလုပ္ခဲ့ျပီး အဆင္ေျပခဲ့တယ္လို႔ သိရပါတယ္။

၁၁။ Sky Sports ရဲ႕ ေဖာ္ျပခ်က္အရ ဂ်ဴဗင္တပ္အသင္းဟာ ဖီအိုရင္တီးနား တိုက္စစ္ကစားသမား ဖီဒါရီကိုခ်ီေယဆာကို ေခၚယူဖို႔ ကစားသမားျဖစ္သူနဲ႔ သေဘာတူညီမႈ ရရိွခဲ့ျပီျဖစ္ေၾကာင္း သိရပါတယ္။ ဖီအုိရင္တီးနားအသင္းနဲ႔ သေဘာတူညီမႈသာရခဲ့ရင္ တူရင္အသင္းအေနနဲ႔ ခ်ီေယဆာကို တႏွစ္လုပ္ခ ေပါင္ (၅)သန္းနဲ႔ (၅)ႏွစ္စာခ်ဳပ္ ခ်ဳပ္ဆိုသြားမွာ ျဖစ္ပါတယ္။

Unicode

၁။ ဖီနာဘာချီအသင်းရဲ့ အားကစားဒါရိုက်တာ ဒေမီယန် ကိုမိုလီဟာ အာဆင်နယ်အသင်းက လောရင့် ကိုစီယယ်နီနဲ့ မိုဟာမက် အယ်လ်နီနီတို့ကို ခေါ်ယူဖို့ လန်ဒန်ကလပ်က တာဝန်ရှိသူတွေနဲ့ ဆွေးနွေးမှု ပြုလုပ်နေပါတယ်။ တူရကီမီဒီယာတွေရဲ့ ဖော်ပြချက်အရ ကိုမိုလီဟာ ယူရိုပါလိဂ်ဖိုင်နယ်ပွဲစဉ်ကစားေနေစဉ်တုန်းကလည်း အဆိုပါကိစ္စ ဆွေးနွေးဖို့အတွက် ဘာကူမြို့ကိုလာရောက်ခဲ့သေးတယ်လို့ သိရပါတယ်။ အာဆင်နယ်အသင်းဟာ အဆိုပါကစားသမား ၂ ဦးလုံးအတွက် သင့်လျော်တဲ့ ပြောင်းရွှေ့ကြေး ရရှိရင် လက်လွှတ်သွားဖို့ ဆုံးဖြတ်ထားပြီးဖြစ်ပါတယ်။

၂။ ဝါဒါဘရီမင်အသင်းရဲ့ အားကစားဒါရိုက်တာ ဖရန့် ဘောမန်းက အသင်းက ဂိုးသမား ဂျီရီ ပါဗ်လန်ကာကို ရောင်းချဖို့ အစီအစဉ်လုံးဝမရှိဘူးလို့ ယတိပြတ် ငြင်းဆိုလိုက်ပါတယ်။ အဆိုပါ ၂၇ နှစ်အရွယ် ဂိုးသမားကို ခေါ်ယူဖို့ လီဗာပူးလ်အသင်းက ချဉ်းကပ်နေပါတယ်။

၃။ မန်ချက်စတာယူနိုက်တက်အသင်းဟာ စပို့တင်း လစ္စဘွန်းအသင်းက ကွင်းလယ်လူ ဘရူနို ဖာနန်ဒက်စ်ကို ခေါ်ယူဖို့အတွက် ပြောင်းရွှေ့ကြေး ယူရို သန်း ၈၀ နဲ့ စတင်ကမ်းလှမ်းလိုက်ပြီဖြစ်ပါတယ်။ မန်ယူအသင်း ကမ်းလှမ်းတဲ့ ယူရို သန်း ၈၀ မှာ ၅၅ သန်းက ကနဦးပြောင်းရွှေ့ကြေးဖြစ်ပြီးတော့ ကျန် ၂၅ သန်းက ပွဲကစားခွင့်နဲ့ အောင်ပွဲအပေါ် မူတည်ပြီး ပေးချေမယ့် ထပ်မံပေးချေရမယ့် ဆုကြေးငွေ ဖြစ်ပါတယ်။

၄။ ဝက်စ်ဟမ်းအသင်းရဲ့ တိုက်စစ်မှူး မာကို အာနိုတိုဗစ်ဟာ အင်တာမီလန် နည်းပြသစ် ကွန်တီရဲ့ ပစ်မှတ်စာရင်းမှာ ပါဝင်လာပါတယ်။ ကွန်တီဟာ ထိပ်တန်းတိုက်စစ်မှူးတွေကို ခေါ်ယူရာမှာ အဆင်မပြေခဲ့ရင် အာနိုတိုဗစ်ကို ခေါ်ယူဖို့ စီစဉ်နေပါတယ်။

၅။ ဂျိမ်းစ် ရိုဒရီဂွက်ဇ်ဟာ ဘိုင်ယန်မြူးနစ်ကို လုံးဝ ပြန်သွားတော့မှာမဟုတ်ဘူးလို့ အဆိုပါ ဂျာမန်ကလပ်ရဲ့ စီအီးအို ရူမင်နစ်ဂီက အတည်ပြုပြောဆိုခဲ့ပါတယ်။ ဘိုင်ယန်မြူးနစ်အသင်းဟာ ယူရို ၄၂ သန်းနဲ့ အဆိုပါကစားသမားကို ခေါ်ယူခွင့်ရှိနေပေမယ့် မခေါ်ယူဖို့ ဆုံးဖြတ်လိုက်တာဖြစ်ပါတယ်။

၆။ ကွင်းလယ်တိုက်စစ် အားဖြည့်ဖို့ ပြင်ဆင်နေတဲ့ ချန်ပီယံလိဂ် ချန်ပီယံ လီဗာပူးလ်အသင်းဟာ အေဂျက်စ်အသင်းက ကြယ်ပွင့် ဒွန်နီ ဗန်ဒီဘိခ်ကို ခေါ်ယူဖို့ စိတ်ဝင်စားနေပါတယ်။ အေဂျက်စ်အသင်းက အဆိုပါကစားသမားအတွက် ပြောင်းရွှေ့ကြေး ပေါင် ၄၉ သန်း အလိုရှိနေပါတယ်။

၇။ စပါးအသင်းဟာ ဘက်တစ်အသင်းက အာဂျင်တီးနား ကွင်းလယ်လူ ဂီယိုဗန်နီ လိုဆယ်ဆိုကို ခေါ်ယူနိုင်ဖို့ အပြင်းအထန် ကြိုးပမ်းနေပါတယ်။ လာလီဂါကလပ်ဘကက်တော့ ပြောင်းရွှေ့ကြေး ပေါင် သန်း ၇၀ နဲ့ ကမ်းလှမ်းလာခဲ့မယ်ဆိုရင် လက်ခံသွားဖို့ အဆင်သင့်ရှိနေပါတယ်။

၈။ BBC ရဲ့ သတင်းအရ မန်ချက်စတာ စီးတီးအသင်းဟာ အသင်းက ကွင်းလယ် ကြယ်ပွင့် ဒေးဗစ် ဆေးလ်ဗားအသင်းကနေ ထွက်ခွာမသွားဖို့ မျှော်လင့်နေပါတယ်။ ဆေးလ်ဗားဟာ လာမယ့် ၂၀၂၀ ခုနှစ်မှာ စာချုပ်သက်တမ်းကုန်ဆုံးတော့မှာဖြစ်ပေမယ့် မန်စီးတီးနည်းပြ ပပ် ဂွာဒီယိုလာကတော့ အဆိုပါ စပိန်သားကို စာချုပ်သက်တမ်းတိုးမြှင့်ပြီး အသင်းမှာ ဆက်လက်ထိမ်းသိမ်းထားနိုင်ဖို့ မျှော်လင့်နေပါတယ်။

၉။ နာပိုလီအသင်းဟာ သူတို့ရဲ့ အဓိက နောက်ခံလူ ကာလီဒူ ကူလီဘလီအတွက် စာချုပ်ဖျက်သိမ်းခ ယူရို သန်း ၁၅၀ (ပေါင် ၁၃၃ သန်း) ထက် ပိုမိုနည်းပါးတဲ့ တန်ကြေးနဲ့ ကမ်းလှမ်းမှုတွေ ရှိလာရင် လက်ခံစဉ်းစားမှာမဟုတ်ဘူးလို့ သိရပါတယ်။ Corriere dello Sport ရဲ့ ဖော်ပြချက်အရ မန်ယူ၊ ရီးရဲလ်နဲ့ဂျူဗင်တပ်တို့ဟာ အဆိုပါ ၂၇ နှစ်သားကို ခေါ်ယူဖို့ စိတ်ဆန္ဒရှိနေကြပေမယ့် နာပိုလီတောင်းဆိုတဲ့ တန်ကြေးကို ပေးချေဖို့ အခက်တွေ့နေကြပါတယ်။

၁၀။ ဖီအိုရင်တီးနားအသင်းဟာ နယူးယောက် ကော့စ်မော့စ်အသင်းပိုင်ရှင် ဘီလီယံနာ ရော့ကို ကွန်မစ်ဆိုရဲ့ လက်အောက်ကို ရောက်ရှိဖို့ သေချာနေပြီဖြစ်ပါတယ်။ ANSA ရဲ့ သတင်းအရ ပေါင် ၃.၇ ဘီလီယံ ကြွယ်ဝတဲ့ အဆိုပါ အမေရိကန်သားဟာ လက်ရှိပိုင်ရှင်တွေဖြစ်ကြတဲ့ ဒီယေဂို ဒယ်လာ ဗယ်လီနဲ့ အန်ဒရီယာ ဒယ်လာ ဗယ်လီတို့နဲ့ ပြီးခဲ့တဲ့ အင်္ဂါနေ့တုန်းက ဆွေးနွေးမှု ပြုလုပ်ခဲ့ပြီး အဆင်ပြေခဲ့တယ်လို့ သိရပါတယ်။

၁၁။ Sky Sports ရဲ့ ဖော်ပြချက်အရ ဂျူဗင်တပ်အသင်းဟာ ဖီအိုရင်တီးနား တိုက်စစ်ကစားသမား ဖီဒါရီကိုချီယေဆာကို ခေါ်ယူဖို့ ကစားသမားဖြစ်သူနဲ့ သဘောတူညီမှု ရရှိခဲ့ပြီဖြစ်ကြောင်း သိရပါတယ်။ ဖီအိုရင်တီးနားအသင်းနဲ့ သဘောတူညီမှုသာရခဲ့ရင် တူရင်အသင်းအနေနဲ့ ချီယေဆာကို တနှစ်လုပ်ခ ပေါင် (၅)သန်းနဲ့ (၅)နှစ်စာချုပ် ချုပ်ဆိုသွားမှာ ဖြစ်ပါတယ်။



အလတ်ဆတ်ဆုံး၊ အတိကျဆုံး အားကစားသတင်းတွေ ဖတ်ဖို့ အောက်ပါ Page ကို Like ထားပါ။
error: Content is protected !!