လိဒ္စ္ယူႏိုက္တက္ကို ဝယ္ယူဖို႔ ပီအက္စ္ဂ်ီအသင္းပိုင္ရွင္ ေဆြးေႏြးေန

အဂၤလိပ္ မီဒီယာေတြရဲ႕ ေဖာ္ျပခ်က္ေတြအရ ပီအက္စ္ဂ်ီအသင္းပိုင္ရွင္ ျပင္သစ္-ကာတာ ႏွစ္ႏုိင္ငံသား ဘီလီယံနာ နက္ဆာ အယ္လ္-ခါလိုင္ဖာဟာ ခ်န္ပီယံရွစ္ကလပ္ လိဒ္ယူႏုိက္တက္အသင္းကို ဝယ္ယူဖို႔ ေဆြးေႏြးမႈျပဳလုပ္ေနတယ္လို႔ သိရပါတယ္။

ျပင္သစ္မီဒီယာေတြရဲ႕ ေဖာ္ျပခ်က္ေတြကို ကိုးကားျပီး Telegraph က ေရးသားရာမွာေတာ့ လိဒ္အသင္းပိုင္ရွင္ အန္ဒရီယာ ရက္ဒရီဇာနီနဲ႔ နည္းျပျဖစ္သူ ဘီယယ္ဆာတို႔ဟာ ျပီးခဲ့တဲ့ တနလၤာေန႔တုန္းက ကာတာႏုိင္ငံ ဒိုဟာျမိဳ႕မွာ အယ္လ္-ခါလိုင္ဖာနဲ႔ သြားေရာက္ ေတြ႕ဆံု ေဆြးေႏြးခဲ့ၾကတယ္လုိ႔ ဆိုပါတယ္။

အယ္ဂ်ားဇီးယား ရုပ္သံဌာန၊ BeIN Sports နဲ႔ Qatar Sports Investments (QSI) တို႔ရဲ႕ ဦးေဆာင္သူ အယ္လ္-နက္ဆာဟာ အဂၤလန္ေဘာလံုးေလာကမွာ ရင္းႏွီးျမွဳပ္ႏွံဖို႔ စိတ္အားထက္သန္ေနသူျဖစ္ျပီး သူနဲ႔ ပုဂၢိဳလ္ေရးအရ ရင္းႏွီးတဲ့ ရက္ဒရီဇာနီရဲ႕ လိဒ္အသင္းကို ဝယ္ယူဖို႔ စတင္ၾကိဳးပမ္းလာတျဖစ္တယ္လုိ႔ Metro ကလည္း ေဖာ္ျပခဲ့ပါတယ္။

အယ္လ္-ခါလိုင္ဖာဟာ ရက္ဒရီဇာနီပိုင္ဆုိင္တဲ့ လိဒ္အသင္းရဲ႕ ရွယ္ယာေတြကို အျပီးသတ္ ဝယ္ယူခ်င္တာျဖစ္ေပမယ့္ အီတလီသားကေတာ့ ကာတာသူေဌးဆီကေန ေငြေၾကး ပံ့ပိုးမႈကို ရယူဖို႔ကိုသာ ပိုမိုဆႏၵရွိေနျပီး လိဒ္အသင္းကို အျပည့္အဝ ေရာင္းခ်လိုက္ဖို႔ကိုေတာ့ အထူးတလည္ စိတ္မဝင္စားဘူးျဖစ္ေနတယ္လုိ႔ သတင္းေတြကဆိုပါတယ္။ လက္ရွိမွာ လိဒ္အသင္းကို ဝယ္ယူဖို႔ ကမ္းလွမ္းထားတဲ့ ရင္းႏွီးျမွဳပ္ႏွံသူ ၆ ဦးအထိ ရွိေနတာေၾကာင့္ ရက္ဒရီဇာနီက ေစ်းကိုင္ေနတာျဖစ္ေကာင္းျဖစ္ႏုိင္တယ္လုိ႔ Metro က သံုးသပ္ခဲ့ပါတယ္။

တင္းနစ္ကစားသမားေဟာင္းျဖစ္ျပီး တစ္ဦးခ်င္းၾကြယ္ဝမႈ ေပါင္ ၄.၉ ဘီလီယံ ၾကြယ္ဝခ်မ္းသာတဲ့ အယ္လ္-ခါလိုင္ဖာအေနနဲ႔ လိဒ္အသင္းကို မဝယ္ယူျဖစ္ခဲ့ရင္ ေနာက္ထပ္ပစ္မွတ္အျဖစ္ ေနာ္တင္ဟမ္ ေဖာရက္စ္အသင္းကို ပစ္မွတ္ထားေနတယ္လုိ႔လည္း သိရပါတယ္။

လိဒ္စ္ယူႏိုက္တက္အသင္းဟာ လက္ရွိမွ ခ်န္ပီယံရွစ္မွာ ကစားေနရေပမယ့္ အစဥ္အလာၾကီးမားတဲ့ အသင္းတစ္သင္းျဖစ္ျပီး အမွတ္ေပးခ်န္ပီယံဆု ၃ ၾကိမ္နဲ႔ FA ဖလား တစ္ၾကိမ္ ရယူထားႏုိင္တဲ့အသင္းျဖစ္သလို ဥေရာပဖလား (ယခု ခ်န္ပီယံလိဂ္) နဲ႔ UEFA Cup Winners Cup ဗိုလ္လုပြဲေတြကို တစ္ၾကိမ္စီတက္ေရာက္ထားႏုိင္တဲ့အသင္းျဖစ္ပါတယ္။
Ref: Telegraph, Metro, Independent

 

Unicode

 

အင်္ဂလိပ် မီဒီယာတွေရဲ့ ဖော်ပြချက်တွေအရ ပီအက်စ်ဂျီအသင်းပိုင်ရှင် ပြင်သစ်-ကာတာ နှစ်နိုင်ငံသား ဘီလီယံနာ နက်ဆာ အယ်လ်-ခါလိုင်ဖာဟာ ချန်ပီယံရှစ်ကလပ် လိဒ်ယူနိုက်တက်အသင်းကို ဝယ်ယူဖို့ ဆွေးနွေးမှုပြုလုပ်နေတယ်လို့ သိရပါတယ်။

ပြင်သစ်မီဒီယာတွေရဲ့ ဖော်ပြချက်တွေကို ကိုးကားပြီး Telegraph က ရေးသားရာမှာတော့ လိဒ်အသင်းပိုင်ရှင် အန်ဒရီယာ ရက်ဒရီဇာနီနဲ့ နည်းပြဖြစ်သူ ဘီယယ်ဆာတို့ဟာ ပြီးခဲ့တဲ့ တနင်္လာနေ့တုန်းက ကာတာနိုင်ငံ ဒိုဟာမြို့မှာ အယ်လ်-ခါလိုင်ဖာနဲ့ သွားရောက် တွေ့ဆုံ ဆွေးနွေးခဲ့ကြတယ်လို့ ဆိုပါတယ်။

အယ်ဂျားဇီးယား ရုပ်သံဌာန၊ BeIN Sports နဲ့ Qatar Sports Investments (QSI) တို့ရဲ့ ဦးဆောင်သူ အယ်လ်-နက်ဆာဟာ အင်္ဂလန်ဘောလုံးလောကမှာ ရင်းနှီးမြှုပ်နှံဖို့ စိတ်အားထက်သန်နေသူဖြစ်ပြီး သူနဲ့ ပုဂ္ဂိုလ်ရေးအရ ရင်းနှီးတဲ့ ရက်ဒရီဇာနီရဲ့ လိဒ်အသင်းကို ဝယ်ယူဖို့ စတင်ကြိုးပမ်းလာတဖြစ်တယ်လို့ Metro ကလည်း ဖော်ပြခဲ့ပါတယ်။

အယ်လ်-ခါလိုင်ဖာဟာ ရက်ဒရီဇာနီပိုင်ဆိုင်တဲ့ လိဒ်အသင်းရဲ့ ရှယ်ယာတွေကို အပြီးသတ် ဝယ်ယူချင်တာဖြစ်ပေမယ့် အီတလီသားကတော့ ကာတာသူဌေးဆီကနေ ငွေကြေး ပံ့ပိုးမှုကို ရယူဖို့ကိုသာ ပိုမိုဆန္ဒရှိနေပြီး လိဒ်အသင်းကို အပြည့်အဝ ရောင်းချလိုက်ဖို့ကိုတော့ အထူးတလည် စိတ်မဝင်စားဘူးဖြစ်နေတယ်လို့ သတင်းတွေကဆိုပါတယ်။ လက်ရှိမှာ လိဒ်အသင်းကို ဝယ်ယူဖို့ ကမ်းလှမ်းထားတဲ့ ရင်းနှီးမြှုပ်နှံသူ ၆ ဦးအထိ ရှိနေတာကြောင့် ရက်ဒရီဇာနီက ဈေးကိုင်နေတာဖြစ်ကောင်းဖြစ်နိုင်တယ်လို့ Metro က သုံးသပ်ခဲ့ပါတယ်။

တင်းနစ်ကစားသမားဟောင်းဖြစ်ပြီး တစ်ဦးချင်းကြွယ်ဝမှု ပေါင် ၄.၉ ဘီလီယံ ကြွယ်ဝချမ်းသာတဲ့ အယ်လ်-ခါလိုင်ဖာအနေနဲ့ လိဒ်အသင်းကို မဝယ်ယူဖြစ်ခဲ့ရင် နောက်ထပ်ပစ်မှတ်အဖြစ် နော်တင်ဟမ် ဖောရက်စ်အသင်းကို ပစ်မှတ်ထားနေတယ်လို့လည်း သိရပါတယ်။

လိဒ်စ်ယူနိုက်တက်အသင်းဟာ လက်ရှိမှ ချန်ပီယံရှစ်မှာ ကစားနေရပေမယ့် အစဉ်အလာကြီးမားတဲ့ အသင်းတစ်သင်းဖြစ်ပြီး အမှတ်ပေးချန်ပီယံဆု ၃ ကြိမ်နဲ့ FA ဖလား တစ်ကြိမ် ရယူထားနိုင်တဲ့အသင်းဖြစ်သလို ဥရောပဖလား (ယခု ချန်ပီယံလိဂ်) နဲ့ UEFA Cup Winners Cup ဗိုလ်လုပွဲတွေကို တစ်ကြိမ်စီတက်ရောက်ထားနိုင်တဲ့အသင်းဖြစ်ပါတယ်။
Ref: Telegraph, Metro, Independent



အလတ်ဆတ်ဆုံး၊ အတိကျဆုံး အားကစားသတင်းတွေ ဖတ်ဖို့ အောက်ပါ Page ကို Like ထားပါ။
error: Content is protected !!