ပရီးမီးယားလိဂ္ ကလပ္ေတြကို ေနာက္ေကာက္ခ်လိုက္တဲ့ ကြန္တီ

အင္တာမီလန္အသင္းဟာ စတီဗင္ ဂ်ာရတ္လက္သစ္လို႔ ႏိႈင္းယွဥ္ခ်ီးက်ဴးျခင္းခံထားရတဲ့ ကာဂလီယာရီအသင္းက စီးရီးေအၾကယ္ပြင့္ နီကိုလို ဘာရယ္လာကို ေခၚယူဖို႔အတြက္ သေဘာတူညီခ်က္ ရယူႏိုင္ခဲ့ျပီျဖစ္တယ္လုိ႔ Corriere dello Sport က အတည္ျပဳ ေဖာ္ျပလို္က္ျပီျဖစ္ပါတယ္။

ဆန္စီရို အေျခစိုက္အသင္းဟာ အသက္ ၂၂ ႏွစ္အရြယ္သာရွိေသးတဲ့ အဆုိပါ အီတလီလက္ေရြးစင္နဲ႔ ၅ ႏွစ္စာခ်ဳပ္ခ်ဳပ္ဆိုဖို႔ သေဘာတူညီမႈႈ ရယူႏုိင္ခဲ့ျပီျဖစ္တယ္လုိ႔ သိရပါတယ္။ အင္တာမီလန္အသင္းဟာ ကာဂလီယာရီအသင္းကို ေျပာင္းေရႊ႕ေၾကး ယူရို ၃၅ သန္း (ေပါင္ ၃၁ သန္း) နဲ႔ ကမ္းလွမ္းထားျပီး ေျပာင္းေရႊ႕ေၾကး ညွိႏိႈင္းမႈကေတာ့ အျပီးမသတ္ႏုိင္ေသးဘူးလို႔ သိရပါတယ္။

အဆုိပါ ကစားသမားကို ေခၚယူဖို႔ အာဆင္နယ္၊ မန္ယူ၊ ခ်ယ္လ္ဆီး၊ လီဗာပူးလ္၊ စပါးအစရွိတဲ့ ပရီးမီးယားလိဂ္ ထိပ္တန္းကလပ္ေတြနဲ႔ နာပိုလီ၊ ဂ်ဴဗင္တပ္၊ ရိုးမားအစရွိတဲ့ စီးရီးေအထိပ္တန္းကလပ္ေတြက စိတ္ဝင္စားခဲ့ၾကျပီး ျပီးခဲ့တဲ့ စီးရီးေအတစ္ရာသီလံုး ကင္းေထာက္ေတြ အၾကိမ္ၾကိမ္ ေစလႊတ္ျပီး ေစာင့္ၾကည့္ခဲ့ၾကကာ ခ်ဥ္းကပ္မႈအမ်ိဳးမ်ိဳးလည္း ျပဳလုပ္ခဲ့ၾကေပမယ့္ အင္တာမီလန္အသင္းက ၾကားဝင္ သေဘာတူညီခ်က္ ရယူႏုိင္ခဲ့တာျဖစ္ပါတယ္။

ကာဂလီယာရီ အကယ္ဒမီထြက္ ကြင္းလယ္ဗဟိုကစားသမား ဘာရယ္လာဟာ ကာဂလီယာရီအသင္းအတြက္ ၁၁၂ ပြဲပါဝင္ကစားေပးထားျပီး သြင္းဂိုး ၇ ဂိုး သြင္းယူေပးထားပါတယ္။
Ref: Goal, Corriere dello Sport

 

Unicode

 

အင်တာမီလန်အသင်းဟာ စတီဗင် ဂျာရတ်လက်သစ်လို့ နှိုင်းယှဉ်ချီးကျူးခြင်းခံထားရတဲ့ ကာဂလီယာရီအသင်းက စီးရီးအေကြယ်ပွင့် နီကိုလို ဘာရယ်လာကို ခေါ်ယူဖို့အတွက် သဘောတူညီချက် ရယူနိုင်ခဲ့ပြီဖြစ်တယ်လို့ Corriere dello Sport က အတည်ပြု ဖော်ပြလိုက်ပြီဖြစ်ပါတယ်။

ဆန်စီရို အခြေစိုက်အသင်းဟာ အသက် ၂၂ နှစ်အရွယ်သာရှိသေးတဲ့ အဆိုပါ အီတလီလက်ရွေးစင်နဲ့ ၅ နှစ်စာချုပ်ချုပ်ဆိုဖို့ သဘောတူညီမှုှု ရယူနိုင်ခဲ့ပြီဖြစ်တယ်လို့ သိရပါတယ်။ အင်တာမီလန်အသင်းဟာ ကာဂလီယာရီအသင်းကို ပြောင်းရွှေ့ကြေး ယူရို ၃၅ သန်း (ပေါင် ၃၁ သန်း) နဲ့ ကမ်းလှမ်းထားပြီး ပြောင်းရွှေ့ကြေး ညှိနှိုင်းမှုကတော့ အပြီးမသတ်နိုင်သေးဘူးလို့ သိရပါတယ်။

အဆိုပါ ကစားသမားကို ခေါ်ယူဖို့ အာဆင်နယ်၊ မန်ယူ၊ ချယ်လ်ဆီး၊ လီဗာပူးလ်၊ စပါးအစရှိတဲ့ ပရီးမီးယားလိဂ် ထိပ်တန်းကလပ်တွေနဲ့ နာပိုလီ၊ ဂျူဗင်တပ်၊ ရိုးမားအစရှိတဲ့ စီးရီးအေထိပ်တန်းကလပ်တွေက စိတ်ဝင်စားခဲ့ကြပြီး ပြီးခဲ့တဲ့ စီးရီးအေတစ်ရာသီလုံး ကင်းထောက်တွေ အကြိမ်ကြိမ် စေလွှတ်ပြီး စောင့်ကြည့်ခဲ့ကြကာ ချဉ်းကပ်မှုအမျိုးမျိုးလည်း ပြုလုပ်ခဲ့ကြပေမယ့် အင်တာမီလန်အသင်းက ကြားဝင် သဘောတူညီချက် ရယူနိုင်ခဲ့တာဖြစ်ပါတယ်။

ကာဂလီယာရီ အကယ်ဒမီထွက် ကွင်းလယ်ဗဟိုကစားသမား ဘာရယ်လာဟာ ကာဂလီယာရီအသင်းအတွက် ၁၁၂ ပွဲပါဝင်ကစားပေးထားပြီး သွင်းဂိုး ၇ ဂိုး သွင်းယူပေးထားပါတယ်။
Ref: Goal, Corriere dello Sport



အလတ်ဆတ်ဆုံး၊ အတိကျဆုံး အားကစားသတင်းတွေ ဖတ်ဖို့ အောက်ပါ Page ကို Like ထားပါ။
error: Content is protected !!