အိုေဇးလ္ကို အငွားခ်ဖို႔ အထိ စဥ္းစားလာတဲ့ အာဆင္နယ္

အာဆင္နယ္အသင္းဟာ အသင္းက ကြင္းလယ္တုိက္စစ္ကစားသမား မီဆြတ္ အိုေဇးလ္တစ္ေယာက္ အသင္းကေန ထြက္ခြာသြားေစမယ့္ နည္းလမ္းကို ရွာေဖြေနျပီး ဝယ္လက္မရွိရင္ အငွားခ်ထားဖို႔အထိ စဥ္းစားေနတယ္လို႔ Football London က ေဖာ္ျပခဲ့ပါတယ္။

အုိေဇးလ္ဟာ ခ်ယ္ဆီးအသင္းနဲ႔ ယွဥ္ၿပိဳင္ကစားခဲ့တဲ့ ယူရိုပါလိဂ္ဗိုလ္လုပြဲစဥ္မွာ နည္းျပ အမ္မရီကို ေစာ္ကားတဲ့စကားလံုးေတြကို ေျပာၾကားခဲ့တဲ့အျပင္ အသင္းရံႈးနိမ္႔ေနခ်ိန္ လူစားလဲလွယ္ရာမွာ စိတ္ပ်က္လက္လက္ အမူအရာနဲ႔ ေျဖးေျဖးခ်င္း ကြင္းထဲက ထြက္ခြာလာခဲ့တာေၾကာင့္ ဘုတ္အဖြဲ႕ရဲ႕ စိတ္ဆိုး ေဒါသထြက္မႈကိုလည္း ခံေနရသူျဖစ္ပါတယ္။

လက္ရွိအခ်ိန္မွာ အာဆင္နယ္အသင္းဘက္က အိုေဇးလ္ကို လံုးဝ အေရာင္းစာရင္းတင္ထားတာမ်ိဳးမဟုတ္ေပမယ့္ ေခၚယူမယ့္အသင္းကို ရွာေဖြေနတာကိုေတာ့ အသင္းရဲ႕ တာဝန္ရွိသူတစ္ေယာက္က ဝန္ခံေျပာဆိုထားပါတယ္။ အာဆင္နယ္အသင္းအေနနဲ႔ အစားထိုးကစားသမား ေခၚယူႏုိင္ခဲ့ရင္ အိုေဇးလ္ကို လံုးဝ အေရာင္းစာရင္းတင္သြားမွာျဖစ္ပါတယ္။

လက္ရွိမွာေတာ့ အဆိုပါကစားသမားကို ေခၚယူဖို႔ တူရကီကလပ္ ဖီနာဘာခ်ီအသင္းနဲ႔ မန္ယူအသင္းေတြက စိတ္ဝင္စားေနတယ္လုိ႔ သတင္းေတြ ထြက္ေပၚေနေပမယ့္ သက္ဆုိင္ရာ အသင္းေတြကေတာ့ မဟုတ္မွန္ေၾကာင္း ျငင္းဆိုထားပါတယ္။ အထူးသျဖင့္ အိုေဇးလ္ရဲ႕ တစ္ပတ္လုပ္ခ ေပါင္ ၃၅၀၀၀၀ ဆိုတဲ့ လစာႏႈန္းထားကို ေပးေခ်ဖို႔ အသင္းေတြဘက္က စိတ္ဝင္စားမႈမရွိၾကတာျဖစ္တယ္လုိ႔ သတင္းေတြကဆိုပါတယ္။

တူရကီကလပ္ရဲ႕ အားကစားဒါရိုက္တာျဖစ္တဲ့ ေဒမီယန္ ကိုမုိလီက အိုေဇးလ္ကို ေခၚယူဖို႔ စိတ္မဝင္စားေၾကာင္းနဲ႔ သူ႔အေၾကာင္း ေကာလဟာလေတြနဲ႔ အခ်ိန္ကုန္ခံေနမွာမဟုတ္ဘူးလို႔ မီဒီယာေတြနဲ႔ ေတြ႕ဆံုခ်ိန္မွာ ယတိျပတ္ျငင္းဆိုခဲ့ပါတယ္။ ဒါေၾကာင့္ လက္ရွိမွာ အိုေဇးလ္ကို ေရေရရာရာ ေခၚယူလိုတဲ့ အသင္းမရွိျဖစ္ေနျပီး အာဆင္နယ္ဘက္ကေတာ့ လိုအပ္လာရင္ လစာတစ္စိတ္တစ္ပိုင္း ေပးေခ်ျပီး အငွားခ်ဖို႔အထိ စိတ္ကူးေနတယ္လုိ႔ Football London က ေဖာ္ျပခဲ့တာျဖစ္ပါတယ္။

တူရကီ မီဒီယာေတြရဲ႕ ေဖာ္ျပခ်က္ေတြအရလည္း ဖီနာဘာခ်ီအသင္းဟာ အိုေဇးလ္ကို ဝယ္ယူဖို႔ စိတ္မဝင္စားေပမယ့္ အာဆင္နယ္ဘက္က လစာတစ္စိတ္တစ္ပိုင္း ေပးေခ်ျပီး အငွားခ်ထားမယ္ဆိုရင္ေတာ့ ေခၚယူဖို႔ စိတ္ဆႏၵရွိေနတယ္လုိ႔ သိရပါတယ္။

အိုေဇးလ္ဟာ အာဆင္နယ္အသင္းကို ၂၀၁၃ ခုႏွစ္တုန္းက ေျပာင္းေရႊ႕ေၾကး ေပါင္ ၄၂.၄ သန္းနဲ႔ ေျပာင္းေရႊ႕လာသူျဖစ္ျပီး အသင္းအတြက္ ဂိုး ၄၀ သြင္းယူေပးထားကာ ၆၃ ဂုိး ဖန္တီးေပးထားသူျဖစ္ပါတယ္။
Ref: Football London, The Sun, Fanatik

 

Unicode

 

အာဆင်နယ်အသင်းဟာ အသင်းက ကွင်းလယ်တိုက်စစ်ကစားသမား မီဆွတ် အိုဇေးလ်တစ်ယောက် အသင်းကနေ ထွက်ခွာသွားစေမယ့် နည်းလမ်းကို ရှာဖွေနေပြီး ဝယ်လက်မရှိရင် အငှားချထားဖို့အထိ စဉ်းစားနေတယ်လို့ Football London က ဖော်ပြခဲ့ပါတယ်။

အိုဇေးလ်ဟာ ချယ်ဆီးအသင်းနဲ့ ယှဉ်ပြိုင်ကစားခဲ့တဲ့ ယူရိုပါလိဂ်ဗိုလ်လုပွဲစဉ်မှာ နည်းပြ အမ်မရီကို စော်ကားတဲ့စကားလုံးတွေကို ပြောကြားခဲ့တဲ့အပြင် အသင်းရှုံးနိမ့်နေချိန် လူစားလဲလှယ်ရာမှာ စိတ်ပျက်လက်လက် အမူအရာနဲ့ ဖြေးဖြေးချင်း ကွင်းထဲက ထွက်ခွာလာခဲ့တာကြောင့် ဘုတ်အဖွဲ့ရဲ့ စိတ်ဆိုး ဒေါသထွက်မှုကိုလည်း ခံနေရသူဖြစ်ပါတယ်။

လက်ရှိအချိန်မှာ အာဆင်နယ်အသင်းဘက်က အိုဇေးလ်ကို လုံးဝ အရောင်းစာရင်းတင်ထားတာမျိုးမဟုတ်ပေမယ့် ခေါ်ယူမယ့်အသင်းကို ရှာဖွေနေတာကိုတော့ အသင်းရဲ့ တာဝန်ရှိသူတစ်ယောက်က ဝန်ခံပြောဆိုထားပါတယ်။ အာဆင်နယ်အသင်းအနေနဲ့ အစားထိုးကစားသမား ခေါ်ယူနိုင်ခဲ့ရင် အိုဇေးလ်ကို လုံးဝ အရောင်းစာရင်းတင်သွားမှာဖြစ်ပါတယ်။

လက်ရှိမှာတော့ အဆိုပါကစားသမားကို ခေါ်ယူဖို့ တူရကီကလပ် ဖီနာဘာချီအသင်းနဲ့ မန်ယူအသင်းတွေက စိတ်ဝင်စားနေတယ်လို့ သတင်းတွေ ထွက်ပေါ်နေပေမယ့် သက်ဆိုင်ရာ အသင်းတွေကတော့ မဟုတ်မှန်ကြောင်း ငြင်းဆိုထားပါတယ်။ အထူးသဖြင့် အိုဇေးလ်ရဲ့ တစ်ပတ်လုပ်ခ ပေါင် ၃၅၀၀၀၀ ဆိုတဲ့ လစာနှုန်းထားကို ပေးချေဖို့ အသင်းတွေဘက်က စိတ်ဝင်စားမှုမရှိကြတာဖြစ်တယ်လို့ သတင်းတွေကဆိုပါတယ်။

တူရကီကလပ်ရဲ့ အားကစားဒါရိုက်တာဖြစ်တဲ့ ဒေမီယန် ကိုမိုလီက အိုဇေးလ်ကို ခေါ်ယူဖို့ စိတ်မဝင်စားကြောင်းနဲ့ သူ့အကြောင်း ကောလဟာလတွေနဲ့ အချိန်ကုန်ခံနေမှာမဟုတ်ဘူးလို့ မီဒီယာတွေနဲ့ တွေ့ဆုံချိန်မှာ ယတိပြတ်ငြင်းဆိုခဲ့ပါတယ်။ ဒါကြောင့် လက်ရှိမှာ အိုဇေးလ်ကို ရေရေရာရာ ခေါ်ယူလိုတဲ့ အသင်းမရှိဖြစ်နေပြီး အာဆင်နယ်ဘက်ကတော့ လိုအပ်လာရင် လစာတစ်စိတ်တစ်ပိုင်း ပေးချေပြီး အငှားချဖို့အထိ စိတ်ကူးနေတယ်လို့ Football London က ဖော်ပြခဲ့တာဖြစ်ပါတယ်။

တူရကီ မီဒီယာတွေရဲ့ ဖော်ပြချက်တွေအရလည်း ဖီနာဘာချီအသင်းဟာ အိုဇေးလ်ကို ဝယ်ယူဖို့ စိတ်မဝင်စားပေမယ့် အာဆင်နယ်ဘက်က လစာတစ်စိတ်တစ်ပိုင်း ပေးချေပြီး အငှားချထားမယ်ဆိုရင်တော့ ခေါ်ယူဖို့ စိတ်ဆန္ဒရှိနေတယ်လို့ သိရပါတယ်။

အိုဇေးလ်ဟာ အာဆင်နယ်အသင်းကို ၂၀၁၃ ခုနှစ်တုန်းက ပြောင်းရွှေ့ကြေး ပေါင် ၄၂.၄ သန်းနဲ့ ပြောင်းရွှေ့လာသူဖြစ်ပြီး အသင်းအတွက် ဂိုး ၄၀ သွင်းယူပေးထားကာ ၆၃ ဂိုး ဖန်တီးပေးထားသူဖြစ်ပါတယ်။
Ref: Football London, The Sun, Fanatik



အလတ်ဆတ်ဆုံး၊ အတိကျဆုံး အားကစားသတင်းတွေ ဖတ်ဖို့ အောက်ပါ Page ကို Like ထားပါ။
error: Content is protected !!