အူဘာမီယန္း လုပြဲမွာ ပါဝင္လာတဲ့ အင္တာမီလန္

အင္တာမီလန္အသင္းရဲ႕ နည္းျပသစ္ အန္တိုနီယို ကြန္တီဟာ အာဆင္နယ္တုိက္စစ္မွဴး ပီယာရီ-အမ္းမရစ္ အူဘာမီယန္းကို ေခၚယူဖုိ႔ မ်က္စိက်လာေနတယ္လုိ႔ The Express သတင္းဌာနက ေဖာ္ျပခဲ့ပါတယ္။

ျပီးခဲ့တဲ့ ရာသီ ပရီးမီးယားလိဂ္ရဲ႕ ပူးတြဲဂိုးသြင္းရွင္တစ္ဦးျဖစ္တဲ့ အူဘာမီယန္းကို ေခၚယူခ်င္တဲ့ ကလပ္အသင္းေတြ အမ်ားအျပားရွိေနျပီး ဥေရာပ ထိပ္သီး ရီးရဲလနဲ႔ တရုတ္ စူပါလိဂ္ကလပ္အသင္းေတြျဖစ္ၾကတဲ့ ကြမ္က်ိဳး အဲဗားဂရန္ဒီနဲ႔ ရွန္ဟိုင္း SIPG တို႔လည္းပါဝင္ေနပါတယ္။ လက္ရွိမွာေတာ့ အင္တာမီလန္အသင္းပါ ထပ္ျပီး တိုးလာတာျဖစ္ပါတယ္။

အန္တုိနီယုိ ကြန္တီဟာ လက္ရွိ အင္တာမီလန္အသင္းက အာဂ်င္တီးနား တိုက္စစ္မွဴး ေမာ္ရို အီကာဒီကို သေဘာက်ႏွစ္သက္သူမဟုတ္ပဲ သူ႔ကို ေရာင္းထုတ္ျပီး ကစားသမားသစ္ ေခၚယူဖုိ႔ ျပင္ဆင္ေနသူျဖစ္ပါတယ္။ အင္တာမီလန္အသင္းဟာ အေစာပိုင္းကာလေတြတုန္းက မန္ယူအသင္းက တိုက္စစ္မွဴး ရိုမီယူ လူကာကူကို ေခၚယူဖုိ႔ ခ်ဥ္းကပ္ခဲ့ေပမယ့္ မန္ယူအသင္းေတာင္းဆိုတဲ့ ေပါင္ ၈၅ သန္းကို ေပးေခ်ဖို႔ မတတ္ႏုိင္တာေၾကာင့္ အေျပာင္းအေရႊ႕ဟာ ပ်က္ျပယ္လုနီးပါး အေျခအေနကို ေရာက္ရွိေနျပီျဖစ္ပါတယ္။

ဒါေၾကာင့္လည္း လက္ရွိမွာေတာ့ အာဆင္နယ္အသင္းက ထိပ္တန္းတိုက္စစ္မွဴး အူဘာမီယန္းကို ထပ္မံပစ္မွတ္ထားလာတာျဖစ္ပါတယ္။ အင္တာမီလန္အသင္းဟာ ဘ႑ာေရးမွ်ေျခစည္းမ်ဥ္းနဲဲ႔ ညိဖို႔ နီးစပ္ေနတာေၾကာင့္ ေျပာင္းေရႊ႕ေၾကး ေပါင္ ၄၀ သန္းထက္ ပိုမို သံုးစြဲမွာမဟုတ္ပဲ ေငြသား တခ်ိဳ႕ တဝက္နဲ႔ ကစားသမား အလိုက္ေပးကာ ကမ္းလွမ္းသြားဖြယ္ ရွိေနပါတယ္။

အာဆင္နယ္အသင္းဟာ အူဘာမီယန္းကို ေျပာင္းေရႊ႕ေၾကး ေပါင္ ၅၆ သန္းနဲ႔ ျပီးခဲ့တဲ့ ၂၀၁၈ ဇန္နဝါရီလကမွ ေဒါ့မြန္အသင္းကေန ေခၚယူထားတာျဖစ္ျပီးေတာ့ အသင္းအတြက္ ၆၅ ပြဲကစးျပီး သြင္းဂိုး ၄၁ သြင္းယူေပးထားကာ ၁၄ ဂိုးဖန္တီးေပးထားသူျဖစ္ပါတယ္။ လက္ရွိမွာ စာခ်ဳပ္သက္တမ္း ၂ ႏွစ္က်န္ရွိေနေသးတဲ့ အူဘာမီယန္းကို အာဆင္နယ္အသင္းဘက္က လက္လႊတ္လိုတဲ့ ဆႏၵမရွိပဲ တစ္ပတ္လုပ္ခ ေပါင္ ၂၅၀၀၀၀ နဲ႔ စာခ်ဳပ္သက္တမ္းတိုးျမွင့္ဖို႔ ၾကိဳးပမ္းေနပါတယ္။
Ref: The Express, Teamtalk, TMW

 

Unicode

 

အင်တာမီလန်အသင်းရဲ့ နည်းပြသစ် အန်တိုနီယို ကွန်တီဟာ အာဆင်နယ်တိုက်စစ်မှူး ပီယာရီ-အမ်းမရစ် အူဘာမီယန်းကို ခေါ်ယူဖို့ မျက်စိကျလာနေတယ်လို့ The Express သတင်းဌာနက ဖော်ပြခဲ့ပါတယ်။

ပြီးခဲ့တဲ့ ရာသီ ပရီးမီးယားလိဂ်ရဲ့ ပူးတွဲဂိုးသွင်းရှင်တစ်ဦးဖြစ်တဲ့ အူဘာမီယန်းကို ခေါ်ယူချင်တဲ့ ကလပ်အသင်းတွေ အများအပြားရှိနေပြီး ဥရောပ ထိပ်သီး ရီးရဲလနဲ့ တရုတ် စူပါလိဂ်ကလပ်အသင်းတွေဖြစ်ကြတဲ့ ကွမ်ကျိုး အဲဗားဂရန်ဒီနဲ့ ရှန်ဟိုင်း SIPG တို့လည်းပါဝင်နေပါတယ်။ လက်ရှိမှာတော့ အင်တာမီလန်အသင်းပါ ထပ်ပြီး တိုးလာတာဖြစ်ပါတယ်။

အန်တိုနီယို ကွန်တီဟာ လက်ရှိ အင်တာမီလန်အသင်းက အာဂျင်တီးနား တိုက်စစ်မှူး မော်ရို အီကာဒီကို သဘောကျနှစ်သက်သူမဟုတ်ပဲ သူ့ကို ရောင်းထုတ်ပြီး ကစားသမားသစ် ခေါ်ယူဖို့ ပြင်ဆင်နေသူဖြစ်ပါတယ်။ အင်တာမီလန်အသင်းဟာ အစောပိုင်းကာလတွေတုန်းက မန်ယူအသင်းက တိုက်စစ်မှူး ရိုမီယူ လူကာကူကို ခေါ်ယူဖို့ ချဉ်းကပ်ခဲ့ပေမယ့် မန်ယူအသင်းတောင်းဆိုတဲ့ ပေါင် ၈၅ သန်းကို ပေးချေဖို့ မတတ်နိုင်တာကြောင့် အပြောင်းအရွှေ့ဟာ ပျက်ပြယ်လုနီးပါး အခြေအနေကို ရောက်ရှိနေပြီဖြစ်ပါတယ်။

ဒါကြောင့်လည်း လက်ရှိမှာတော့ အာဆင်နယ်အသင်းက ထိပ်တန်းတိုက်စစ်မှူး အူဘာမီယန်းကို ထပ်မံပစ်မှတ်ထားလာတာဖြစ်ပါတယ်။ အင်တာမီလန်အသင်းဟာ ဘဏ္ဍာရေးမျှခြေစည်းမျဉ်းနဲ့ ညိဖို့ နီးစပ်နေတာကြောင့် ပြောင်းရွှေ့ကြေး ပေါင် ၄၀ သန်းထက် ပိုမို သုံးစွဲမှာမဟုတ်ပဲ ငွေသား တချို့ တဝက်နဲ့ ကစားသမား အလိုက်ပေးကာ ကမ်းလှမ်းသွားဖွယ် ရှိနေပါတယ်။

အာဆင်နယ်အသင်းဟာ အူဘာမီယန်းကို ပြောင်းရွှေ့ကြေး ပေါင် ၅၆ သန်းနဲ့ ပြီးခဲ့တဲ့ ၂၀၁၈ ဇန်နဝါရီလကမှ ဒေါ့မွန်အသင်းကနေ ခေါ်ယူထားတာဖြစ်ပြီးတော့ အသင်းအတွက် ၆၅ ပွဲကစးပြီး သွင်းဂိုး ၄၁ သွင်းယူပေးထားကာ ၁၄ ဂိုးဖန်တီးပေးထားသူဖြစ်ပါတယ်။ လက်ရှိမှာ စာချုပ်သက်တမ်း ၂ နှစ်ကျန်ရှိနေသေးတဲ့ အူဘာမီယန်းကို အာဆင်နယ်အသင်းဘက်က လက်လွှတ်လိုတဲ့ ဆန္ဒမရှိပဲ တစ်ပတ်လုပ်ခ ပေါင် ၂၅၀၀၀၀ နဲ့ စာချုပ်သက်တမ်းတိုးမြှင့်ဖို့ ကြိုးပမ်းနေပါတယ်။
Ref: The Express, Teamtalk, TMW



အလတ်ဆတ်ဆုံး၊ အတိကျဆုံး အားကစားသတင်းတွေ ဖတ်ဖို့ အောက်ပါ Page ကို Like ထားပါ။
error: Content is protected !!