Month: May 2019

၁။ ဂျူဗင်တပ်အသင်းဟာ ချယ်လ်ဆီးအသင်းနဲ့ ယူရိုပါလိဂ်ဖလား ပူပူနွေးနွေးရယူထားတဲ့ အီတလီလူမျိုးနည်းပြ မော်ရီဇီယို ဆာရီကို တစ်နှစ်လုပ်ခ ပေါင် ၆.၂ သန်းနဲ့ ကမ်းလှမ်းလိုက်ပြီဖြစ်ပါတယ်။ ချယ်လ်ဆီးအသင်းကတော့ သူတု့အသင်းက အသက် ၆၀ အရွယ်နည်းပြကြီးကို လာမယ့်ရာသီမှာ အသင်းမှာ ဆက်ပြီး ထားမထား လာမယ့်ရက်ပိုင်းအတွင်း ဆုံးဖြတ်သွားတော့မှာဖြစ်တယ်လို့ The Mirror က ဖော်ပြခဲ့ပါတယ်။ ၂။ မန်ချက်စတာ ယူနိုက်တက်အသင်းဟာ ပီအက်စ်ဂျီအသင်းကနေ ထွက်ခွာလာတော့မယ့် ကွင်းလယ်လူ အေဒရီယန် ရာဘီယော့ကို ခေါ်ယူနိုင်ဖို့ ရေပန်းစားလာပြီဖြစ်ပါတယ်။ အစောပိုင်းကာလတွေတုန်းက အဆိုပါကစားသမားကို…

reading now

အာဆင်နယ် ဂန္တဝင်ဟောင်း ချာလီ နီကိုလပ်စ်က အသင်းက ဂျာမန် ကွင်းလယ်တိုက်စစ်ကစားသမား အိုဇေးလ်ကို အသင်းကနေ ထွက်ခွာခိုင်းသင့်တဲ့အချိန်ရောက်ပြီလို့ အမ်းမရိတ်အခြေစိုက်အသင်းကို တိုက်တွန်းပြောဆိုလိုက်ကြောင်း Goal က ဖော်ပြခဲ့ပါတယ်။ ဂန်းနားတွေအနေနဲ့ အိုဇေးလ်နဲ့ နောက်ခံလူတစ်ချို့ကို သံယောဇဉ်ဆက်မထားပဲ ရောင်းထုတ်ပစ်ဖို့ နီကိုလပ်စ်က တိုက်တွန်းပြောဆိုခဲ့တာပါ။ "ဒီအချိန်က နှုတ်ဆက်ပွဲ လုပ်ရတော့မယ့်အချိန်ပါပဲ" လို့ အာဆင်နယ်နဲ့ စကော့တလန် တိုက်စစ်မှူးဟောင်း နီကိုလပ်စ်က ပြောဆိုပါတယ်။ ကမ္ဘာ့ဖလား ချန်ပီယံ ဂျာမနီအသင်းသား အိုဇေးလ်ဟာ အာဆင်နယ်အသင်းမှာ ၆ ရာသီကြာ ကစားခဲ့သူဖြစ်ပြီး အဆိုပါကာလအတွင်းမှာ…

reading now

[ZawGyi] ၁။ စပိန်ထိပ်သီးကလပ် ဘာစီလိုနာအသင်းဟာ အက်သလက်တီကိုအသင်းရဲ့ ဘယ်နောက်ခံလူ ဖိလစ်ပီလူးဝစ်ကို ပြောင်းရွှေ့ကြေးအလွတ်နဲ့ခေါ်ယူသွားဖို့ ပစ်မှတ်ထားနေပါတယ်။ အသက် (၃၀)အရွယ် ကစားသမားဟာ အက်သလက်တီကိုအတွက် ပြိုင်ပွဲစုံ (၅၄)ပွဲအထိ ကစားခဲ့သူ ဖြစ်ပါတယ်။ ၂။ ပြောင်းရွှေ့ကြေးပေါင်သန်း (၁၀၀)သတ်မှတ်ထားတဲ့ ကွင်းလယ်လူ မီလင်ကိုဗစ်-ဆာဗစ်အတွက် ဂျူဗင်တပ်အသင်းဟာ ပြောင်းရွှေ့ကြေးသက်သာစေဖို့ ရူဂါနီနဲ့ အော်ဆိုလီနီတို့ကို အလိုက်ပေးကမ်းလှမ်းခဲ့တယ်လို့ သိရပါတယ်။ ၃။ စပယ်လက်တီနဲ့ လောလောလတ်လတ်လမ်းခွဲထားခဲ့တဲ့ အင်တာမီလန်အသင်းဟာ နည်းပြသစ်အဖြစ် ချယ်လ်ဆီးနဲ့ ဂျူဗင်တပ်နည်းပြဟောင်း ကွန်တီကို ခန့်အပ်လိုက်ပြီဖြစ်ကြောင်း ဒီနေ့မှာပဲ တရားဝင်ကြေညာခဲ့ပါတယ်။ ၄။…

reading now

[ZawGyi] ၁။ အာဆင်နယ်အသင်းရဲ့ခံစစ်မှာ ဗန်ဒိုက်စ်လို ကစားသမားမျိုးရှိနေရင်တောင်မှ ထူးထူးခြားခြားပြောင်းလဲမသွားနိုင်ဘူးလို့ ဂန်းနားဂန္ထဝင်ကစားသမားကြီး လီဒစ်ဆင်ကဆိုခဲ့ပြီး လာမယ့်နွေမှာ ကောင်းကောင်းအင်အားဖြည့်တင်းဖို့ နည်းပြအမ်မရီကို အကြံပြုခဲ့ပါတယ်။ ၂။ ချယ်လ်ဆီးအသင်းကို (၄-၁)ဂိုးနဲ့ အရေးနိမ့်ကာ ယူရိုပါလိဂ်ဖလားကို လက်လွှတ်ခဲ့ရပြီးနောက် နည်းပြအမ်မရီအပါအဝင် ကစားသမားတွေဟာ အဝတ်လဲခန်းအတွင်းမှာ စကားမပြောနိုင်လောက်အောင် နှုတ်ဆိတ်နေခဲ့ကြတယ်လို့ ကွင်းလယ်လူ ချာကာက ဖွင့်ဟပြောကြားခဲ့ပါတယ်။ ဆွစ်ဇာလန်သားက နည်းပြအမ်မရီအနေနဲ့ ကစားသမားတွေကို စိတ်ပျက်နေမလားတောင် မသိဘူးလို့ ဆိုခဲ့ပါတယ်။ ၃။ လန်ဒန်မြို့ခံပြိုင်ဘက်အသင်းနဲ့ ကစားခဲ့တဲ့ အဆိုပါယူရိုပါလိဂ်ဗိုလ်လုပွဲကို ချယ်လ်ဆီးအသင်းပိုင်ရှင် အေဗရာမိုဗစ်ခ်ျက တကူးတကလာရောက်ကြည့်ရှုခဲ့ပေမယ့် အာဆင်နယ်သူဌေးကရွန်ကီကတော့…

reading now

[ZawGyi] ၁။ တိုက်စစ်ကစားသမား ဝီလီယံကတော့ သူ့အသင်းဖော်တွေနဲ့ ချယ်လ်ဆီးအသင်းကို ဘယ်တော့မှ လျော့မတွက်ပါနဲ့လို့ ဆိုလိုက်ပြီး ချယ်လ်ဆီးဟာ ဆုဖလားများစွာကို အရယူဖို့ အာသီတရှိတဲ့အသင်းဖြစ်ကြောင်း ကြုံးဝါးခဲ့ပါတယ်။ ၂။ ပြီးခဲ့တဲ့ရာသီမှာ လိဂ်ချန်ပီယံရှစ်ကလပ် ဝီဂန်အသင်းကို အငှားသွားရောက်ကစားပြီး ခြေစွမ်းပြသခဲ့တဲ့ ညာနောက်ခံလူ ကြယ်ပွင့်လေး ရီးစ်ဂျိမ်းစ်ကို လက်စတာနဲ့ မန်ယူနိုက်တက်အသင်းတွေက ပေါင် (၁၅)သန်းနဲ့ ခေါ်ယူဖို့ ပစ်မှတ်ထားနေကြပါတယ်။ ၃။ ဂျော်ဂျင်ညိုကို ခေါ်ယူနိုင်ခဲ့တာဟာ နည်းပြဆာရီကို ချီးကျူးရမယ့်အချက်ဖြစ်ပြီး ကွင်းလယ်ကြယ်ပွင့် ကန်တီဟာလည်း တိုက်စစ်လိုက်ပါကစားရာမှာ ကစားပုံပိုကောင်းလာခဲ့တာကြောင့် အီတလီသားနည်းပြအပေါ် ဝေဖန်မှုတွေဟာ…

reading now

[ZawGyi] ၁။ မန်ယူနိုက်တက်နဲ့ လက်စတာစီးတီးအသင်းတို့ဟာ ချယ်လ်ဆီးအသင်းရဲ့ ညာနောက်ခံ လူငယ်ကြယ်ပွင့်လေး ရီးစ်ဂျိမ်းစ်ကို ပေါင် (၁၅)သန်းနဲ့ ခေါ်ယူနိုင်ဖို့ အပြိုင်ကြိုးပမ်းနေကြတယ်လို့ သိရပါတယ်။ ၂။ ဘာစီလိုနာဂိုးသမား ဂျက်စ်ပါဆီလက်ဆန်ကတော့ သူ့ကို နူးကမ့်ကနေ ပြောင်းရွှေ့ရခက်ခဲအောင် စာချုပ်လျော်ကြေး ပေါင်သန်း (၆၀)အပြည့် တောင်းဆိုနေတဲ့ ဘာစီလိုနာအသင်းကို ပြစ်တင်ဝေဖန်ခဲ့ပါတယ်။ အသက် (၃၀)နှစ်သားကို ဒီဂီယာနေရာ အစားထိုးဖို့ ပြင်ဆင်နေတဲ့ မန်ယူနိုက်တက်အသင်းက ပစ်မှတ်ထားနေပါတယ်။ ၃။ မန်ယူနိုက်တက်အသင်းဟာ စီးရီးအေထိပ်သီးကလပ် အင်တာမီလန်အသင်း ပစ်မှတ်ထားနေတဲ့ တိုက်စစ်မှူးလူကာကူကို ပေါင်သန်း (၈၀)ရရှိမှ…

reading now

[ZawGyi] အင်တာမီလန်အသင်းရဲ့နည်းပြသစ် အန်တိုနီယိုကွန်တီကတော့ သူ့အနေနဲ့ မန်ယူနိုက်တက် တိုက်စစ်မှူး လူကာကူနဲ့ သတင်းတွေဟာ မဟုတ်မှန်ကြောင်း ပြောကြားခဲပေမယ့် အလက်ဆစ်ဆန်းချက်ဇ်ကိုတော့ ငြင်းဆန်သွားခဲ့ခြင်း မရှိပါဘူး။ ယူနိုက်တက်ဟာ အိုးထရက်ဖို့ဒ်မှာ ကစားရတာ မပျော်မရွှင်ဖြစ်နေတဲ့ ဘယ်လ်ဂျီယံတိုက်စစ်မှူးကို ဆန္ဒရှိပါကထွက်ပါလို့ ခွင့်ပြုထားခဲ့ပြီး သင့်တော်တဲ့ပြောင်းရွှေ့ကြေးရရင် လက်ခံသွားမှာဖြစ်တယ်လို့ ဆိုထားပါတယ်။ အခြားတစ်ဖက်မှာလည်း တိုက်စစ်ကစားသမားတဦးဖြစ်တဲ့ အလက်ဆစ်ဆန်းချက်ဇ်ဟာ ဒီနှစ်နွေမှာ မန်ယူနိုက်တက်ကနေ ထွက်ခွာဖို့ ပြင်ဆင်နေပြီး အေးဂျင့်ဖြစ်သူ ဖာနန်ဒိုဖီလီဆီဗစ်ခ်ျဟာ အီတလီမြေကိုသွားရောက်ကာ ဂျူဗင်တပ်၊ အင်တာမီလန်တို့နဲ့ အပြောင်းအရွှေ့အတွက် ဆွေးနွေးမှုတွေ ပြုလုပ်နေပါတယ်။ ကွန်တီဟာ ဒီနေ့…

reading now

[ZawGyi] ချယ်လ်ဆီးအသင်းရဲ့နောက်ခံလူ မားကို့စ်အလွန်ဆိုဟာ ဗုဒ္ဓဟူးနေ့ညက ကစားခဲ့တဲ့ ယူရိုပါလိဂ်ဗိုလ်လုပွဲမှာ အရံခုံတွင်သာ အချိန်ကုန်ဆုံးခဲ့ရပြီးနောက် စပိန်ထိပ်သီးကလပ် အက်သလက်တီကိုမက်ဒရစ်အသင်းဆီ ပြောင်းရွှေ့ရန် သဘောတူလိုက်ပြီဖြစ်ကြောင်း သိရပါတယ်။ မြို့ခံပြိုင်ဘက် အာဆင်နယ်အသင်းကို (၄-၁)ဂိုးနဲ့ အနိုင်ရခဲ့တဲ့ အဆိုပါဗိုလ်လုပွဲမှာ နည်းပြဆာရီဟာ အလွန်ဆိုကို ပွဲထွက်လူစာရင်းကနေ ချန်လှပ်ထားခဲ့တာဖြစ်ပြီး ဘရာဇီးလ်သား အီမာဆင်ကိုသာ နေရာပေးခဲ့ပါတယ်။ စပိန်သတင်းဌာနတခုဖြစ်တဲ့ Marca ကတော့ အသက် (၂၈)နှစ်သားဟာ နည်းပြဆာရီရဲ့ဆုံးဖြတ်ချက်အပေါ် စိတ်ပျက်လက်ပျက်ဖြစ်နေပြီး စတန်းဖို့ဒ်ဘရစ်ခ်ျမှာ သူ့အနာဂတ် မရှိတော့ဘူးလို့ ယူဆတဲ့အတွက် အက်သလက်တီကိုရဲ့ကမ်းလှမ်းမှုကို လက်ခံခဲ့တာလို့ ဖော်ပြခဲ့ပါတယ်။ အလွန်ဆိုဟာ…

reading now

[ZawGyi] ၁။ လီဗာပူးလ်အသင်းဟာ လိုင်လီအသင်းရဲ့ တောင်ပံတိုက်စစ်ကစားသမား နီကိုးလက်စ်ပီပီကို ခေါ်ယူနိုင်ဖို့ ချိတ်ဆက်မှုတွေ စတင်ပြုလုပ်ခဲ့ကြောင်း သိရပါတယ်။ အဆိုပါကစားသမားကို မန်ယူနိုက်တက်နဲ့ အာဆင်နယ်အသင်းတို့ကလည်း စိတ်ဝင်စားနေကြပါတယ်။ ၂။ တိုက်စစ်ကစားသမား ဆေဒီယိုမာနေးကတော့ သူ့အနေနဲ့ လီဗာပူးလ်ကနေ ထွက်ခွာလိုစိတ်မရှိဘဲ ကာလရှည်ဆက်ကစားသွားမယ်လို့ ဖွင့်ဟခဲ့ပါတယ်။ ကမ္ဘာပေါ်မှာ မာဆေးဆိုဒ်သားတွေလောက် ဘယ်သူမှ ဆွဲဆောင်မှုမကောင်းဘူးလို့လည်း အသက် (၂၇)နှစ်သားက ဆိုခဲ့ပါတယ်။ ၃။ လီဗာပူးလ်အသင်းဟာ ချန်ပီယံလိဂ်ဖိုင်နယ်ပွဲစဉ်အပြီးမှာ ကွင်းလယ်လူ ဂျိမ်းစ်မေလ်နာနဲ့ နောက်ခံလူ မာတစ်တို့ကို စာချုပ်သစ်ချုပ်ဆိုနိုင်ဖို့ ကမ်းလှမ်းမှုပြုသွားမှာဖြစ်ကြောင်း သတင်းတွေက ဖော်ပြပါတယ်။…

reading now

[ZawGyi] အာဆင်နယ်နည်းပြအူနိုင်းအမ်မရီဟာ ပီအက်စ်ဂျီအသင်းရဲ့ ကွင်းလယ်ကြယ်ပွင့် ရာဘီယူကို ခေါ်ယူနိုင်ဖို့ အလေးအနက်စိတ်ဝင်စားနေပြီး ပြိုင်ဘက်မန်ယူနိုက်တက်ထက် လက်ဦးမှုရယူကာ ခေါ်ယူနိုင်ဖို့ ကျားကုတ်ကျားခဲ ကြိုးစားလာပါတယ်။ ရာဘီယူဟာ ပီအက်စ်ဂျီအသင်းအတွက် ဒီဇင်ဘာလကတည်းက ပွဲထွက်ကစားခွင့်မရရှိတော့သူစြဖ်ပြီး စာချုပ်သက်တမ်းလည်း ကုန်ဆုံးတော့မှာဖြစ်တဲ့အတွက် ဒီနှစ်နွေမှာ ပြောင်းရွှေ့ကြေးအလွတ်နဲ့ ထွက်ခွာခွင့် ရရှိထားပါတယ်။ အသက် (၂၄)နှစ်သားကို ခေါ်ယူဖို့အတွက် အာဆင်နယ်အပါအဝင် မန်ယူနိုက်တက်၊ ဘာစီလိုနာ၊ စပါးနဲ့ လီဗာပူးလ် စတဲ့ ဥရောပထိပ်တန်းကလပ်ပေါင်းများစွာက စိတ်ဝင်စားနေကြတာ ဖြစ်ပါတယ်။ ဒါပေမယ့်လည်း ပြင်သစ်သတင်းဌာနတွေကတော့ အမ်မရီဟာ ပီအက်စ်ဂျီအသင်းမှာတုန်းက လက်တွဲခဲ့ဖူးတဲ့ တပည့်ဟောင်းကို…

reading now

error: Content is protected !!